Main menu

Background

ဒီတစ်ပတ်ဓာတ်ဆီ၊ဒီဇယ်တန်ချိန်ခြောက်သောင်းနှစ်ထောင်ကျော်ဝင်

Thu, 07/10/2014 - 07:12 -- ydnar

 
ဇွန်လ ၂၂ ရက်မှ  ဇွန်လ ၂၈ ရက် သီတင်းပတ်အတွင်း  ဓာတ်ဆီတန်ချိန် ၁၁၀၈၇ ဒသမ ၈၁၈ တန်နဲ့ ဒီဇယ်တန်ချိန် ၅၀၉၉၃ ဒသမ ၂၃၄တန်၊ စုစုပေါင်းတန် ချိန် ၆၂၀၈၁ ဒသမ ၀၅၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်း ဖို့ သွင်းကုန်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်အတွင်း ဓာတ်ဆီတန်ချိန် တစ်သောင်း ရှစ်ထောင်ကျော် ဝင်လာခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်ခုနစ်ထောင့် ခုနစ်ရာကျော် အဝင်လျော့ခဲ့ပါ တယ်။ဒီဇယ် က ယခင် တစ်ပတ်မှာ တန်ချိန် သုံးသောင်းခြောက်ထောင်ကျော်အဝင်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန် ချိန် တစ်သောင်းလေးထောင်ခြောက်ရာကျော်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်နဲ့အဆင့်မြင့်ဒီ ဇယ်၊ အောက်တိန်း မှာ ယခင်တစ်ပတ်ဈေးအတိုင်း ရောင်း ချတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပုဂ္ဂလိက စက်သုံးဆီ ဆိုင် မှာ ရောင်းချ နေတဲ့ဈေးမှာ ဓာတ်ဆီတစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၉၅၀ ကျပ်၊ အောက်တိန်း ၉၄၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၉၉၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ဒီတစ် ပတ်ပြင်ပမှာအရောင်းအဝယ်ဖြစ်နေတဲ့ဓာတ်ဆီဈေးမှာ ဇွန်လ ၃၀ ရက်နေ့မှာ ဓာတ် ဆီဈေးမှာဝယ်ဈေးတစ်ပီပါ ၁၉၅၀၀၀ ကျပ်၊ရောင်းဈေး တစ်ပီပါ ၁၉၈၀၀၀ ကျပ်ရှိရာ မှ ဇူလိုင်လ၁ ရက်နေ့ မှစပြီး ၄ ရက်နေ့ထိ ဝယ်ဈေး ၁၈၈၀၀၀ ကျပ်၊ ရောင်းဈေး ၁၉၀၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ် ။ဒီဇယ်ဈေးမှာ ဇွန်လ ၃၀ ရက်နေ့မှာ ဝယ်ဈေး ၁၉၁၀၀၀ ကျပ်၊ ရောင်းဈေး ၁၉၅၀၀၀ကျပ် နဲ့အရောင်း အဝယ်ဖြစ်ခဲ့ ရာဇူလိုင် လ၁ရက်မှာရောင်းဈေးမပြောင်းသော်လည်းဝယ်ဈေး၁၉၀၀၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တစ်ဂါလန် ဝယ်ဈေး၊ရောင်းဈေး များမှာတော့ ဒီတစ်ပတ်မှာလည်းဓာတ်ဆီဈေးကဝယ်ဈေး တစ်ဂါလန် ၄၀၀၀ ကျပ် ဖြစ်ပြီးေ ရာင်းဈေး ၄၂၀၀ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၈၀၀ ကျပ်ဝယ်ပြီး ၄၀၀၀ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် အရောင်း အဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။          မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ ဈေးမှာ ဓာတ်ဆီ၊ ဒီဇယ်နဲ့ အဆင့်မြင့် ဒီဇယ်၊ အောက်တိန်းမှာ ဈေးငြိမ်နေပြီး အရောင်းအဝယ် ဖြစ်တယ်လို့သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံး ဆီဆိုင် ရဲ့ ဈေးမှာဓာတ်ဆီ တစ်လီတာ ၉၉၅ ကျပ်၊ အောက်တိန်း ၁၀၀၈ ကျပ်၊ ဒီဇယ် ၉၉၅ ကျပ်၊ အဆင့်မြင့် ဒီဇယ်၁၀၃၀ ကျပ်နဲ့ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ပီပါဈေးများမှာ ဇွန်လ ၃၀ ရက်နေ့ ဒီဇယ် ဝယ်ဈေးမှာ ၁၉၄၅၀၀ ကျပ်၊ ရောင်းဈေး ၁၉၈၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဇူလိုင်လ ၁ ရက် နေ့မှစပြီး ဝယ်ဈေး ၁၉၄၀၀၀ ကျပ်၊ရောင်းဈေး ၁၉၈၀၀၀ ကျပ်နဲ့ အရောင်း အဝယ် ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဓာတ်ဆီဈေးမှာ ဇွန်လ ၃၀ ရက်နေ့မှာ ဝယ်ဈေး ၁၉၇၅၀၀ကျပ်၊ရောင်းဈေး၁၉၉၀၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်ရာ ဇူလိုင်လ ၁ရက် နေ့မှာစပြီး ဝယ်ဈေး ၁၉၅၀၀၀ကျပ်၊ရောင်းဈေး၁၉၈၀၀၀ကျပ်နဲ့  အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့သိရပါတယ်။ဒီတစ်ပတ်မှာပြင်ပလက်လီဆိုင်များမှာအရောင်းအဝယ်ဖြစ် နေတဲ့ဈေးကဓာတ်ဆီတစ်ဂါလန်ဝယ်ဈေး၄၃၀၀ကျပ်၊ရောင်းဈေး ၄၅၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်ကဝယ်ဈေး၄၁၀၀ကျပ်၊ ရောင်းဈေး ၄၃၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီနဲ့ဒီဇယ်မှာ ယခင်တစ်ပတ်ဈေးနဲ့ အရောင်း အဝယ်ဖြစ် တယ်လို့ သိရပါတယ်။ဒီတစ်ပတ် ပုဂ္ဂလိက ဆိုင်မှာ ရောင်းချနေတဲ့ဈေးများကဓာတ်ဆီ တစ်ဂါလန် ၄၀၀၀ ကျပ်၊ ဒီဇယ် တစ်ဂါ လန် ၄၂၀၀ ကျပ်၊အောက်တိန်း တစ်ဂါလန်၄၂၀၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရ ပါတယ် ။ပြင်ပလက်လီ ဆိုင်များ မှာဓာတ်ဆီတစ်ဂါလန်၄၀၀၀ ကျပ်၊ဒီဇယ်တစ်ဂါလန် ၄၂၀၀ ကျပ်၊အောက်တိန်းတစ်ဂါလန် ၄၂၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်နေတယ် လို့ သိရှိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ် ၄၂၀၀ ကျပ်၊ အောက်တိန်း ၄၂၀၀ ကျပ်နဲ့ အရောင်း အဝယ် ဖြစ်တယ်လို့ သိရှိရပါတယ်။ပြင်ပ လက်လီဆိုင်များမှာဓာတ်ဆီ ၄၁၀၀ ကျပ်၊ ဒီဇယ် ၄၂၀၀ ကျပ်၊ အောက်တိန်း ၄၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။