လမစေ့မီမွေးဖွားမယ့်ကိုယ်ဝန်သည်ကို ငွေလှူခဲ့တဲ့ လီယောင်အေး
ကိုရီးယားရုပ်ရှင်လောကရဲ့စူပါ မင်းသမီးတစ်လက်ဖြစ်တဲ့ လီယောင် အေးဟာ သူ့ရဲ့ခရီးစဉ်အတွင်းမှာ တွေ့ ကြုံခဲ့ရတဲ့ လမစေ့ မီမွေးဖွားမယ့်ကိုယ် ဝန်ဆောင်အမျိုးသမီးအတွက် ငွေလှူခဲ့ တယ်လို့ ဆိုပါတယ်။လီယောင်အေးဟာ ထိုင်ဝမ်လူမျိုး ကိုယ်ဝန်ဆောင်သည်ကို အမှတ်မထင် တွေ့ရှိခဲ့ပြီး ခွဲစိတ်ကုသဖို့ ငွေလိုအပ်နေ တာကြောင့် လှူဒါန်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီထိုင်ဝမ်အမျိုးသမီးဟာ သူ့ရဲ့ခင်ပွန်းနဲ့အတူ အလုပ်လုပ်ဖို့ ဆိုးလ် ကို ရောက်ရှိ ခဲ့ တာဖြစ်ပါ တယ်။ ဒါပေမယ့်လည်း
အဲဒီကိုယ်ဝန်ဆောင် အမျိုးသမီးဟာ လုပ်ငန်းခွင် အတွင်းမှာ မတော်တဆဖြစ်ခဲ့တာကြောင့် ခွဲစိတ်ရ မှာဖြစ်ပါတယ်။ ခွဲစိတ်ကုသမှု နှစ်ကြိမ် ပြုလုပ်ရမှာဖြစ်တဲ့အတွက်ကုန်ကျစရိတ် အဆမတန်များပြားမယ်လို့ ထိုင်ဝမ် သတင်းများက ဆိုပါတယ်။ဒါ့ပြင်ခွဲစိတ်ပြီးတဲ့အခါမှာလည်း ဆက်လက်ကုသမှုခံယူရဦးမှာဖြစ်တယ် လို့ ဆိုပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အကူအညီ များပေးကြဖို့ ကိုရီးယား လူမှုကူညီရေးအသင်းက ဖေ့စ်ဘုတ်က တစ်ဆင့်အကူအညီတောင်းခံခဲ့တာဖြစ် ပါတယ်။အဲဒီသတင်းကို လီယောင်အေး ကြားသိသွားပြီး အလှူငွေ ဝမ်လေးသန်း ထောက်ပံ့ကူညီခဲ့တယ်လို့ ဆိုပါတယ်။လီယောင်အေးရဲ့ထောက်ပံ့ငွေနဲ့ ကလေးငယ်လေးကို ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က အောင်မြင်စွာခွဲစိတ်မွေးဖွား နိုင်ခဲ့ပြီး ကလေး ငယ်လေးဟာ ခုချိန်မှာ တော့ ကိုယ်အလေးချိန် ၃ ဒသမ ၂၇ ကီလိုအထိ ရှိလာပြီလို့ ဆိုပါတယ်။
