မင်္ဂလာပွဲ မတိုင်မီ ရင်ခုန်နေတဲ့ ဂျက်ဆီကာ ဆင်ပဆင်
ဟောလိဝုဒ်ရဲ့အမေရိကန်ရုပ်ရှင် မင်းသမီး ဂျက်ဆီကာဆင်ပဆင်ဟာ သူ့ ရဲ့မင်္ဂလာပွဲမတိုင်မီ ရင်ခုန်စိတ်လှုပ်ရှား မှုတွေ ဖြစ်နေ တယ်လို့ ဖွင့်ဟပြောကြား ခဲ့ပါတယ်။ဂျက်ဆီကာဟာ သူ့ရဲ့ချစ်သူ အဲရစ်ဂျွန်ဆင်နဲ့မကြာခင်ရက်များအတွင်း မှာ လက်ထပ်ပွဲဆင်နွှဲကြတော့မှာဖြစ်ပါ တယ်။ သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ကတည်းက ချစ်ကြိုးသွယ်ခဲ့ကြပေ မယ့် ခုမှ လက်ထပ်ဖို့စီစဉ်ခဲ့ကြတာဖြစ် ပါတယ်။သူတို့နှစ်ဦးရဲ့လက်ထပ်မင်္ဂလာညစာ စားပွဲကို မိသားစုမိတ်ဆွေအပေါင်း အသင်း ၇၀လောက်ကိုပဲ ဖိတ်ကြားမှာ ဖြစ် တယ်လို့ ဆိုပါ တယ်။
ဂျက်ဆီကာဟာ သူ့ရဲ့မင်္ဂလာပွဲ ကြိုအခမ်းအနားကို ဇွန်လ ၅ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ဂျက်ဆီကာက ''ကျွန်မ အရမ်းကို စိတ်လှုပ်ရှား နေမိတယ်။ အဲရစ်နဲ့အတူနေခွင့်ရတော့ မှာကို တွေးပြီးပျော်နေမိတယ်။ ကျွန်မ တို့နှစ်ဦးဟာ လွန်ခဲ့တဲ့ လေးနှစ်လောက် ကတည်းက တွေ့ဆုံချစ်ကြိုက်ခဲ့ကြပေ မယ့် ခုမှ လက်ထပ်ဖြစ်ခဲ့ကြတာပါ။ အဲဒီအတွက် ကျွန်မ စိတ်လှုပ်ရှားမှုတွေ ဖြစ်နေတာပါ''လို့ ပြောကြားခဲ့ပါတယ်။ဂျက်ဆီကာဟာ ၂၀၀၂ခုနှစ်က အဆိုတော်နစ်လက်ချီနဲ့လက်ထပ်ခဲ့ပြီး ၂၀၀၆ခုနှစ်မှာ လမ်းခွဲခဲ့ကြပါတယ်။သူဟာ အဲရစ်နဲ့ ၂၀၁၀ခုနှစ်မှာ တွေ့ဆုံခဲ့ကြပြီး အေ့စ်နဲ့မက်စ်ဝဲလ်ဆိုတဲ့ ကလေးနှစ်ဦးရရှိပြီးမှ လက်ထပ်ခဲ့ကြ တာဖြစ်ပါတယ်။
