Main menu

Background

ဘဏ္ဍာရေး မတည်ငြိမ်မှုကို ဖြေရှင်းဖို့အမေရိကန်ဗဟိုဘဏ်က ငွေကြေးမူဝါဒမပြောင်းသေး

Thu, 07/10/2014 - 10:32 -- ydnar

ဘဏ္ဍာရေး မတည်ငြိမ်မှုအတွက်စိုးရိမ်မှုတွေကို ထိန်းချုပ်ဖို့ လက်ရှိ ငွေကြေးမူဝါဒကို ဗဟိုဘဏ်ကပြောင်း လဲဖို့လိုမယ်လို့ မယူဆေ ကြာင်း အမေရိ ကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျနက်ယယ်လင် ကဇူလိုင် ၂ ရက်က ပြောကြားချက်ကို ရှင်ဝှာ သတင်း မှာ ဖော်ပြပါတယ်။ ဘဏ်များအတွက်ပိုမိုမြင့်မားတဲ့ မတည်ရင်းနှီးငွေစံနှုန်း ကဲ့သို့သော အမျိုးသားအဆင့် ကြံ့ခိုင်မှုမူဝါဒများကို ဘဏ္ဍာရေး တည်ငြိမ်မှုအတွက် ထားရှိ တဲ့

''အဓိကခံစစ်လိုင်း'' အဖြစ်ထားသင့် ကြောင်း ယယ်လင်ကပြောပါတယ်။ ဘဏ္ဍာရေးမတည်ငြိမ်မှုအတွက် စိုးရိမ်ကြောင့်ကျမှုေ တွပြေပျောက်ေ စဖို့ အတွက် အတိုးနှုန်းတွေ တိုးမြှင့်တဲ့ငွေ ကြေးမူဝါဒေ တွ အစား ဆိုးရွားတဲ့အဖြစ် တွေနဲ့ မမျှော်လင့်ဘဲကြုံရ တဲ့အခါ ပိုမို ဒူပေနာပေခံတဲ့စနစ်တစ်ခုကို ထူထောင် ဖို့ဗဟိုဘဏ်က ကြိုးပမ်းသင့်တယ်ဆိုတဲ့ အချက်ကို ယယ်လင်ရဲ့ ဝေဖန် ချက်က ညွှန်ပြနေပါတယ်။ အမေရိကန်စီးပွားရေးဟာ ဗဟို ဘဏ်ကမျှော်မှန်းထားတဲ့အတိုင်းဖြစ်လာ ရင်အမေရိကန် ဗဟိုဘဏ် အနေနဲ့၂၀၁၅ ခုနှစ်နှစ်လယ်အထိ ရေတိုအတိုးနှုန်းကို တိုးမြှင့်ပေးမှာမဟုတ်ဘူးလို့ စီးပွားရေး ပညာရှင်အများစုက ယုံကြည် ထားပါ တယ်။ အမေရိကန်ဗဟိုဘဏ်က အလုံး အရင်းနဲ့ ပေးထားတဲ့ငွေကြေးလှုံ့ဆော် အားပေးရေးအစီအစဉ်ကို ဖျက်သိမ်း လိုက်ရင်ဖြစ်ပေါ်လာမယ့် ဖိတ်လျှံ အကျိုးသက်ေ ရာက် မှုကိုအသိအမှတ်ပြု ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေ အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ရဲ့ မေးခွန်းကိုပြန် လည်ဖြေကြား ရာမှာ ယယ်လင်ကပြောကြားခဲ့တာဖြစ်ပါတယ်။