Main menu

Background

ကုန်ဈေးနှုန်းမြင့်တက်မှုကိုတိုက်ဖျက်ဖို့အိန္ဒိယအစိုးရပြင်ဆင်

Thu, 07/10/2014 - 11:02 -- ydnar

 
ဝန်ကြီးချုပ်နရိန္ဒရာမိုဒီ စတင်တာဝန်ယူချိန်ကစပြီးငွေကြေးဖောင်းပွမှု ထိန်းချုပ်ရေးကိုပထမဦးစားပေး အဖြစ် ဆောင်ရွက်ခဲ့ပေ မယ့် နွေမုတ်သုန်မိုး ရွာသွန်းတာအားနည်းမယ့်အလားအလာနဲ့အီရတ်မှာ ဝရုန်းသုန်းကား ဖြစ် တာတွေက အစားအစာေ ဈးနှုန်းနဲ့ လောင်စာဆီဈေးနှုန်းမြင့်တက်မယ့် အန္တရာယ်ကို တိုးပွားလာစေခဲ့ကြောင်းNDTVဝက်ဘ်ဆိုက် သတင်း မှာ ဖော်ပြ ထားပါတယ်။ ပါလီမန်အစည်းအဝေးကိုပြန်လည်မကျင်းပမီသုံးရက်အလိုမှာအကျပ် အတည်း ကိစ္စကိုဆွေးနွေး ဖို့အတွက် ပြည် နယ် စား နပ် ရိက ္ခာဝန်ကြီးအားလုံးကို ဇူလိုင် ၄ ရက်မှာ အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။

အစိုးရရဲ့မဟာဗျူဟာအရအရေးကြီးအခြေခံကုန်စည်တွေမှန်မှန်ကန်ကန် ဖြန့်ဖြူးနိုင်ဖို့အတွက် ပြည်နယ်အားလုံးကို အစိုးရကနှိုးဆော်ထားပါတယ်။ ဒါ့ပြင် ပစ္စည်းမှောင်ခိုသိုလှောင်သူတွေကို နှိမ်နင်းဖို့ ပြည်ထောင်စုစားနပ် ရိက္ခာအတွင်းဝန်က စာရေးအကြောင်းကြားထားပါတယ်။ BJP  ပါတီကသူ့ရဲ့ ပါလီမန်အဖွဲ့ဝင်တွေနဲ့ ပြည်နယ်ယူနစ်တွေကိုအသုံး ပြုပြီးပြည်သူတွေဆီအရောက်သွားဖို့ ဆုံးဖြတ်ခဲ့ပါ တယ်။ ဈေးနှုန်းမြင့်တက် တာတွေနဲ့ပတ်သက်ပြီးအစိုးရရဲ့ရပ်တည်ချက်ကိုရှင်းပြဖို့လည်းဆုံးဖြတ်ခဲ့ပါတယ်။ အစိုးရရင်ဆိုင်နေရတဲ့အကြီးမားဆုံးစိန်ခေါ်မှုတွေက မီးရထားခ၊ ဓာတ် ဆီနဲ့ ဒီဇယ်ဈေးနှုန်း များမြင့်တက်ရ တဲ့ နောက်ကွယ်မှာရှိနေတဲ့အကြောင်းရင်း တွေကို ရှင်းပြဖို့ပဲဖြစ်ပါတယ်။ နောက်ဆုံးမြင့်တက်တဲ့အခြေအနေတွေကို ဇွန် ၃၀ ရက်ကထုတ်ပြန်ပေးခဲ့ပြီး။ ယခုဈေးနှုန်းတွေမြင့်တက်ရတာကို ယခင်အစိုးရဖြစ်တဲ့United Progressive Alliance  အဖွဲ့အပေါ်မှာအပြစ် ပုံချခဲ့ပါတယ်။ အစားအစာဈေးနှုန်းတွေမြင့်တက်နေတာကို ထိန်းချုပ်ဖို့အတွက် အစား အစာမှောင်ခိုသိုလှောင် တာကို နှိမ် နင်းဖို့ အစိုးရ ကအမိန့်ပေးခဲ့တဲ့အပြင် လယ်ယာထွက်ကု န်ပစ္စည်းတချို့ အပေါ်မှာပို့ကုန် ကန့်သတ်ချက်တွေကို လည်း ပြဋ္ဌာန်း ခဲ့ပါတယ်။ ယခုလစောစောပိုင်းက အိန္ဒိယနိုင်ငံရဲ့ လက်ကားဈေးနှုန်းဖောင်းပွမှု တွေဟာ ငါးလအတွင်းအမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ ဒီအခြေအနေက မိုဒီအစိုးရအာဏာရရှိပြီးရက်သတ္တပတ် အနည်းငယ်အကြာမှာ ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှုတွေ ကို ဖော်ပြ ရာရောက်ေ နပါတယ်။