Main menu

Background

အိန္ဒိယရဲ့ခေတ်မီမြို့တော်များ ဆောက်လုပ်ရေးစီမံကိန်းကို စင်ကာပူကကူညီမည်

Thu, 07/10/2014 - 11:13 -- ydnar

 
အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီရဲ့ အစီအစဉ်မှာ ထိပ်တန်းဦးစားပေးဖြစ် တဲ့ ခေတ်မီမြို့တော် (Smart Cities) ဆောက် လုပ်ရေး မှာ စင်ကာပူက အကူ အညီပေးဖို့ ကမ်းလှမ်းထားကြောင်း တိုင်းမ်အော့အိန္ဒိယဝက်ဘ်ဆိုက်သတင်း မှာဖော်ပြပါ တယ်။ အိန္ဒိယနိုင်ငံက တီယန်ကျင်းမှာ တည်ဆောက်တဲ့ အသိပညာဆိုင်ရာမြို့ တော်မျိုးကိုလည်း အိန္ဒိယနိုင်ငံကစိတ် ဝင်စားမှုရှိပြီး အိန္ဒိယနိုင်ငံရှိဒေသအချို့ မှာ ပုံတူမြို့တွင်တည်ဆောက်ဖို့ စိတ်ဝင် စားမှုရှိကြောင်း စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးကေရှန်မူဂမ်ကို အသိပေးတင်ပြ ထားပါတယ်။

''စင်ကာပူနိုင်ငံက အိန္ဒိယနိုင်ငံကို အောင်မြင်မှုရစေချင်ပါတယ်။ ခိုင်မာ တောင့်တင်းမှုရှိတဲ့ အိန္ဒိယနိုင်ငံက အာရှ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် အရေးပါပါတယ်''လို့တိုင်းမ်အော့အိန္ဒိယ သတင်းနဲ့ သီးသန့်တွေ့ဆုံရာမှာ ရှန်မူဂမ်ကြေ ပာပါ တယ်။ အိန္ဒိယနိုင်ငံရဲ့ အခြေခံအဆောက် အအုံတည်ဆောက်ရေးလုပ်ငန်းတွေမှာ စင်ကာပူနိုင်ငံ ပါဝင်ဆောင်ရွက်ဖို့ အိန္ဒိယဝန်ကြီးချုပ်က ဆန္ဒရှိနေပါတယ်။
 
''ဝန်ကြီးချုပ်က ဆိပ်ကမ်းတွေနဲ့ ဆိပ်ကမ်းစီမံခန့်ခွဲမှုအကြောင်း၊ ကျွမ်း ကျင်မှုလုပ်သား ဖွံ့ဖြိုးရေး၊ ခေတ်မီမြို့ တော်ေ တွ(Smart Cities)တည်ဆောက်ရေး၊အိန္ဒိယမြစ်တွေနဲ့ ရေရရှိရေးလုပ် ငန်းတွေအကြောင်း ကို ပြောပါ တယ်။ ရေပြဿနာဖြေရှ င်းရေး အတွက်နည်းပညာ နဲ့အတွေ့အကြုံကိစ္စတွေမှာ ကျွန်တော် တို့မှာရှိတာမှန်သမျှကို မျှဝေပေးမှာပါ'' လို့ ရှန်မူဂမ် ကပြောပါတယ်။ ဂူဂျာရတ်မှာရှိတဲ့ ရေစီမံခန့်ခွဲရေး လုပ်ငန်းဆောင်ရွက်နေတဲ့စင်ကာပူကုမ္ပဏီ တွေက ဂင်္ဂါမြစ်ရေပြန်လည်ကောင်း မွန်ရေးအပါအဝင် နိင်ငံအတွင်းရှိအခြား ဒေသတွေမှာလည်းလုပ်ငန်းတွေဆောင်ရွက်လာစေဖို့ဝန်ကြီးချုပ်က ဆန္ဒရှိနေ  ကြောင်း သူ ကပြောပါတယ်။ အဆင့်မြင့်အရာရှိကြီးတွေရဲ့ သံ တမန်ဆက်ဆံရေးတွေကလည်း အရှိန် အဟုန်မြင့်လာလိမ့်မယ်လို့ သူကပြော ပါတယ်။ အခြား စင်ကာပူမှ အထင်ကရ ပုဂ္ဂိုလ်များလည်း အိန္ဒိယကို လာရောက် မှာ ဖြစ်ပါတယ်။