Main menu

Background

ဝယ်လိုအားပြန်စလာတဲ့အတွက် ထိုင်းအိမ်ခြံမြေလုပ်ငန်းစီမံကိန်းများပြန်စ

Thu, 07/10/2014 - 11:22 -- ydnar

 
စစ်တပ်က အာဏာသိမ်းပြီးနောက် ပိုင်းအိမ်ဝယ်ယူသူတွေရဲ့ ယုံကြည်မှုမြင့် တက်လာတဲ့အတွက် ယခုနှစ်ဒုတိယနှစ် ဝက်မှာ အိမ်ခြံမြေဈေးကွက် ၁၀ ရာခိုင် နှုန်းမှ ၁၅ ရာခိုင်နှုန်းထိမြင့်တက်လာ လိမ့်မယ်လို့ ခန့်မှန်းကြောင်း သည်နေး ရှင်းသတင်းမှာ ဖော်ပြပါတယ်။ ယခင်လက ဝယ်လိုအားပြန်လည် နာလန်ထူလာတာကိုတွေ့မြင်ရပြီး နောက်ပိုင်း ယခုနှစ်ကျန် ကာလတွေ မှာ နေအိမ်ဆောက်လုပ်ရေးလုပ်ငန်းတွေက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းစီမံကိန်းတွေ ကိုပြန်လည်ပြုစုပြီး စီမံကိန်းသစ်တွေ စတင်ဆောင်ရွက်တော့မှာဖြစ်ပါတယ်။

ယခုနှစ်ကျန်ကာလတွေမှာ ဒီလို မြင့်တက်လာတဲ့အတွက် ယခုနှစ်တစ် နှစ်လုံးအတွက် အိမ်ခြံမြေဈေးကွက်က ၂၀၁၃ ခုနှစ်အခြေအနေနဲ့ နှိုင်းယှဉ်ရင် ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအ ထိကျဆင်းမယ်လို့ ခန့်မှန်းပါတယ်။ ဒါ ပေ မယ့် စောစောပိုင်းက ခန့်မှန်းထားတဲ့ ကျဆင်းနှုန်းဖြစ်တဲ့ ၂၅ ရာခိုင်နှုန်းနဲ့ ၃၀ ရာခိုင်နှုန်းတို့နဲ့ နှိုင်းယှဉ်ရင် ကျဆင်းမှု အများကြီးသက်သာသွားကြောင်း အိမ် ခြံမြေလုပ်ငန်းတွေကပြောပါတယ်။ ''မေ ၂၂ ရက်မှာ စစ်တပ်က အာ ဏာသိမ်းပြီးတဲ့နောက် ဈေးကွက်အ ပေါ်မှာ ဝယ်ယူသူတွေရဲ့ ယုံကြည်မှု က ပြန်လည် မြင့်တက်လာတဲ့အတွက် ကျွန်တော်တို့ရဲ့ ဝင်ငွေရည်မှန်းချက်ကို ဘတ် ၄၁ ဘီလီယံရှိမယ်လို့ခန့်မှန်းထား ခဲ့ရာမှ ဘတ် ၄၁ သန်းထိတိုးမြှင့်ခန့်မှန်း ခဲ့ပါတယ်'' လို့ Pruksa Real Estate ဥက္ကဋ္ဌနဲ့ အမှုဆောင် အရာရှိ ချုပ် သောင်မာဝီဇီပုန်ပွန်က ပြောပါတယ်။ ယခင်လက အိမ်ခြံမြေဈေးကွက် တွေထဲကို လာရောက်လေ့လာတဲ့ အိမ် ဝယ်မည့်သူများအနက် ၇၀ ရာခိုင်နှုန်း က အိမ်ဝယ်ဖို့ ဆုံးဖြတ်ကြတာကိုတွေ့ ရကြောင်း၊ ယခုနှစ်စောစောပိုင်းက အ ခြေအနေနဲ့နှိုင်းယှဉ်ရင် အများကြီးတိုး တက်မှုရှိလာကြောင်းနဲ့ အဲဒီအချိန်က ဆိုရင် လာရောက်ကြည့်ရှုသူတွေအနက် ၃၀ ရာခိုင်နှုန်းကသာဝယ်ယူကြကြောင်း သူကပြောပါတယ်။ ဈေးကွက်မှာ ဝယ်လိုအားပြန် တက်လာပြီးနောက်ပိုင်းကုမ္ပဏီကဘတ် ၅၀ ဘီလီယံသုံးစွဲဖို့ ရေးဆွဲထားတဲ့ စီမံကိန်း ၅၀ ကို ၆၀ အထိတိုးချဲ့ပြီး ဘတ် ဘီလီယံ ၆၀ လျာထားခဲ့တယ်လို့ သူကပြောပါတယ်။ အလားတူ တခြားအိမ်ခြံမြေလုပ် ငန်းတွေကလည်း စီမံကိန်းတွေကို တိုး ချဲ့ဆောင်ရွက်လာတာတွေ့ရပါတယ်။ အာရှနဲ့ ပစိဖိတ်ဒေသမှာ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ)ရဲ့ လုပ် ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါ အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးကို အဓိကထားဆောင် ရွက်မှာဖြစ်တဲ့အကြောင်း မနီလာမြို့အ ခြေစိုက်အေဒီဘီဘဏ်ရဲ့ ပြောကြား ချက်ကို ပီတီအိုင်သတင်းမှာဖော်ပြပါ တယ်။ မိမိရဲ့ကိုယ်ပိုင်အရင်းအမြစ်တွေနဲ့ အခြေခံ အဆောက်အအုံ တည် ဆောက်ရေးစီမံကိန်းတွေကို ပိုမိုဆောင် ရွက်သွားမှာဖြစ်ပြီးပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှုကို ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ဖို့ ပံ့ပိုးသွား မှာ ဖြစ် ကြောင်း အေဒီ ဘီ ဘဏ်ရဲ့ မဟာဗျူဟာ သုံးသပ်ချက်ဖြစ်တဲ့ ဓငြိ-ွှနမာ  ျွနလငနတ သ် ှအမအေနါပ ၂၀၂၀ဓ မှာဖော်ပြ ထားပါတယ်။ ပုဂ္ဂလိကကဏ္ဍအခြေခံအဆောက် အအုံစီမံခန့်ခွဲမှုစနစ်တိုးတက်ခိုင်မာစေ ဖို့နဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုး တက်ရေးမှာ ပုဂ္ဂလိက ကဏ္ဍရဲ့ အခန်း ကဏ္ဍမြင့်တက်လာစေဖို့အတွက် မူဝါဒ ကြီးကြပ်မှုနဲ့ စီမံအုပ်ချုပ်မှု ဆိုင်ရာ ပြု ပြ င်ပြောင်းလဲမှုတွေဆောင်ရွက်သွားမှာ ဖြစ်ကြောင်း မဟာဗျူဟာဦးစားပေးမှု စာရင်းမှာ ဖော်ပြပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွက် ဆောင် ရွက်မယ့်မဟာဗျူဟာမှာ ဦးစားပေး ၁၀ ခုရွေးချယ်ဆောင်ရွက်မှာဖြစ်ပြီး ဆင်းရဲ မှုလွတ်ကင်းတဲ့ ဒေသတစ်ခုဖြစ်လာဖို့ ရည်မှန်းချက်ထားပါတယ်။ ဒီလိုဆောင် ရွက်နိုင်ဖို့အတွက် ဘက်စုံစီးပွားရေးဖွံ့ဖြိုးမှုလျင်မြန်စွာဖြစ်ပေါ်ရေးအတွက် ထောက်ပံ့မှုတွေကိုတိုးချဲ့ပြီး အလွန် အမင်းဆင်းရဲမှုကိုတိုက်ဖျက်ဖို့၊ခံနိုင်ရည် နည်းပါးမှုနဲ့ မတည်ငြိမ်မှုတွေလျှော့ချဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်က ၂၀၁၂ ခုနှစ်အ တွင်း အေဒီဘီရဲ့ နှစ်စဉ်ဘဏ္ဍာရေးခန့် ခွဲမှုအတည်ပြုထားတဲ့အနက် ပညာရေး အတွက် ၃ ရာခိုင်နှုန်းနဲ့ ကျန်းမာရေး အတွက် ၂ ရာခိုင်နှုန်းအသုံးပြုခဲ့ရာမှာ ၂၀၂၀ပြည့်နှစ်အတွင်းပညာရေးလုပ်ငန်း အကောင်အထည်ဖော်မှုတွေအတွက် ၆ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းနဲ့ ကျန်းမာ ရေးအတွက် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင် နှုန်းတိုးချဲ့အသုံးပြုမှာဖြစ်ကြောင်း အေ ဒီဘီကပြောပါတယ်။ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့ သဟဇာတဖြစ်ရေးအတွက် ထောက်ပံ့မှု ကိုအရှိန်  မြှင့်တင်သွားမယ်။ ကုန်သွယ် မှုနဲ့ကူးသန်းရောင်းဝယ်ရေးအခွင့်အလမ်း တွေတိုးမြှင့်ပေးနိုင်ဖို့အတွက်ဒေသတွင်း ဆက်သွယ်မှုကိုတိုးချဲ့သွားမယ်။ ဖွံ့ဖြိုး ဆဲအဖွဲ့ဝင်နိုင်ငံ များ ရဲ့ အခြေအနေကို အလယ်အလတ်ဝင်ငွေ အဆင့်ထိမြှင့်တင်ပေးနိုင်ဖို့အတွက် ဒီ နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုး တက်ရေးလိုအပ် ချက်တွေကိုတိုးချဲ့ဆောင်ရွက်သွားမယ်လို့ အေဒီဘီကပြောပါတယ်။