Main menu

Background

လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်တွင် ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းများ ထည့်သွင်းချုပ်ဆိုရန် အမေရိကန်ပြည်ထောင်စုအား ဥရောပသမဂ္ဂက တိုက်တွန်း

Thu, 07/10/2014 - 11:38 -- ydnar

 
ကမ္ဘာ့ဘဏ္ဍာရေးအခြေအနေ တည်ငြိမ်မှုကို အထောက်အကူပြုစေ ရန်အတွက် အမေရိကန်ပြည်ထောင်စု နှင့် ဥရောပ သမဂ္ဂတို့ ညှိနှိုင်းဆွေးနွေး လျက်ရှိသည့် လွတ်လပ်သောကုန်သွယ်  ရေးသဘောတူစာချုပ် (Transatlantic Trade and Investment Partnership (TTIP)  တွင်ဘဏ္ဍာရေးဆိုင် ရာ စည်းမျဉ်းများကို ထည့်သွင်းရန် အမေရိကန်ပြည်ထောင်စုအား ဥရောပ သမဂ္ဂက တိုက်တွန်းခဲ့ပါသည်။

ဥရောပသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့သည် ခိုင်မာသောဘဏ်များ၊ ဘဏ္ဍာရေးဈေးကွက်များ နှင့်စပ်လျဉ်း သည့် ယေဘုယျရည်မှန်း ချက်များအပေါ် သဘောတူကြသော် လည်း နှစ်ဘက်စလုံးတွင် လက်ရှိကျင့် သုံးနေသည့် ဥပဒေများ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် မူဘောင်များ မှာကွဲပြားခြားနားသဖြင့် လွတ်လပ် သောကုန်သွယ်ရေးသဘောတူစာချုပ် တွင် ထည့်သွင်းရေးအတွက် များစွာ လက်တွဲဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အမေရိကန်ပြည်ထောင်စု၏ ဘဏ္ဍာ ရေးလုပ်ငန်း ဆိုင်ရာ စည်းမျဉ်းများသည် ပိုမိုခိုင်မာသဖြင့် အမေရိကန်တို့အနေ ဖြင့် စိုးရိမ်ပူပန်မှုများရှိသည်ကိုနားလည် ပါကြောင်း၊ ပူးပေါင်းေ ဆာင်ရွက်ခြင်း ဖြင့်သာ ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက် တည်ငြိမ်မှုကို ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း EU Commissioner for Internal Market and Services Michel Barnierကပြောကြားခဲ့ပါ သည်။  နောက်တစ်ကြိမ်TTIP အစည်းအဝေးကို ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ဇူလိုင်လ၌ ကျင်းပ မည်ဖြစ်ပါသည်။