Main menu

Background

အမေရိကန်ပြည်ထောင်စု၏ အစိုးရငွေတိုက်စာချုပ်များကို နိုင်ငံခြားသားများ ဝယ်ယူမှု ဆက်လက် မြင့်တက်လျက်ရှိ

Thu, 07/10/2014 - 11:42 -- ydnar

 
အမေရိကန် ပြည်ထောင်စု၏ အစိုးရ ငွေတိုက်စာချုပ်များ(Treasury securities) ကိုနိုင်ငံခြားသား များ ပိုင်ဆိုင်မှု စုစုပေါင်း ပမာဏ သည် ယခုနှစ်ဧပြီလတွင်လည်းဆက်လက်မြင့် တက်လျက်ရှိရာ အမေရိကန် အစိုးရ၏ ချေးငွေ စာချုပ်များ အပေါ် နိုင်ငံ တကာ မှ ဝယ်လိုအားကောင်းနေသည်ဟု ညွှန် ပြနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန က ဇွန် ၁၇ ရက် က ထုတ်ဖော်ပြော ကြားခဲ့ပါသည်။

Treasury securities  များကို နိုင်ငံခြားသားများပိုင်ဆိုင်မှုသည် ယခု နှစ်မတ်လတွင် ဒေါ်လာ ၅ ဒသမ ၉၄၉၅ ထရီလီယံရှိရာမှ ဧပြီလတွင် ဒေါ်လာ ၅ ဒသမ ၉၆၀၉ ထရီလီယံသို့ နဝမ မြောက်လအဖြစ် ဆက်လက်မြင့်တက် ခဲ့ပါသည်။ အမေရိကန်ဘဏ္ဍာရေးဝန် ကြီးဌာန၏ Treasury International Capital report   အရ တရုတ်နိုင်ငံမှ ပိုင်ဆိုင်မှုသည် အများဆုံး ဖြစ်သော် လည်း ၂၀၁၄ ခုနှစ် မတ်လတွင် ဒေါ်လာ ၁ ဒသမ ၂၇၂၁ ထရီလီယံမှ ဧပြီလတွင် ဒေါ်လာ ၁ ဒသမ ၂၆၃၂ ထရီလီယံသို့ အနည်းငယ် လျော့ကျခဲ့ ကြောင်း၊ဂျပန်နိုင်ငံသည်ဒုတိယအများ ဆုံးပိုင်ဆိုင်ပြီးမတ်လတွင် ဒေါ်လာ ၁ ဒသမ ၂၀၀၂ ထရီလီယံရှိရာမှ ဧပြီ လတွင် ဒေါ်လာ ၁ ဒသမ ၂၀၉၇ ထရီ လီယံသို့ မြင့်တက်ခဲ့ကြောင်း သိရှိရပါ သည်။