Main menu

Background

အတိုးနှုန်းများကို ယခုနှုန်းအတိုင်း ဆက်လက်ထားရှိရန် အမေရိကန် ဗဟိုဘဏ် အစည်းအဝေးမှ ဆုံးဖြတ်

Thu, 07/10/2014 - 11:44 -- ydnar

 
အမေရိကန်ပြည်ထောင်စုတွင် အလုပ်လက်မဲ့နှုန်းများဆက်လက်လျော့ ကျစေရေးကို အထောက်အကူပြုမည့် စီးပွားရေးတိုး တက် မှုနှု န်းရရှိရန်လိုအပ် သဖြင့် စီးပွားရေးနိုးထမှုအစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရန် အတွက် ငွေ ချေးစာချုပ်များ လစဉ်ဝယ် ယူမှုအစီအစဉ် ကို ဒေါ်လာ ၄၅ ဘီလီယံမှ ဒေါ်လာ ၃၅ ဘီလီယံသို့သာလျော့ချမည်ဖြစ် ကြောင်းနှင့် အတိုးနှုန်း များကို ယခုနှုန်း ထားများအတိုင်းဆက်လက်ထားရှိရန်  ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျက်နက်ယယ်လင် ကဇွန်၁၈ရက်တွင် ကျင်းပသည့် အစည်း အဝေးအပြီးတွင် ထုတ်ဖော်ပြောကြား ခဲ့ပါသည်။

အတိုးနှုန်းများကိုလျှော့ချရန်အ တွက်အစောဆုံးကာလမှာ ယခုနှစ်နှစ် ကုန်ပိုင်းခန့်မှသာဖြစ်နိုင်ကြောင်း ရင်းနှီး မြှုပ်နှံသူများက ခန့်မှန်းကြပါသည်။ ယင်းကဲ့သို့အမေရိကန်ဗဟိုဘဏ်အနေ ဖြင့်အတိုးနှုန်းကို လတ်တလောတိုးမြှင့် မည့်လက္ခဏာမရှိသေးသဖြင့်အမေရိကန် ဒေါ်လာဈေးနှုန်းကျပြီး ရွှေသြဂုတ်လ ကြိုရောင်းစာချုပ်ပေါက်ဈေးသည် ဇွန် ၁၈ ရက်နေ့ညနေပိုင်းတွင် ၃ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်အောင် စလျှင် ဒေါ်လာ ၁၃၁၄ သို့ ရောက်ရှိ ခဲ့ပါသည်။