Main menu

Background

ProSper က ငြမ်းဆင်ပိုက်လုပ်ငန်းကုမ္ပဏီ မြန်မာပြည်တွင် ဝင်ရောက်မြှုပ်နှံမည်

Thu, 07/10/2014 - 11:47 -- ydnar

 
အိုက်ချိခရိုင်၊ အန်ဂျိုမြို့အခြေစိုက် ဏမသှစနမ ကုမ္ပဏီအနေဖြင့် ၂၀၁၄ ခု နှစ် ဇူလိုင်လမှ စတင်၍ မြန်မာနိုင်ငံသို့ သွားရောက်၍ ဆောက်လုပ်ရေးလုပ်ငန်း သုံးဖြစ်သည့် ငြမ်းဆင်ပိုက်များကိုထုတ် လုပ်သွားတော့မည်ဖြစ်ကြောင်း သိရှိရ ပါသည်။ ယခင်ကအဆိုပါကုမ္ပဏီအနေဖြင့်ဂျပန်နိုင်ငံတွင်ထုတ်လုပ်သည့် ပစ္စည်းများကို တင်သွင်းရောင်းချခြင်းကို သာေ ဆာင် ရွက်ခဲ့ကြခြင်းဖြစ်သည်။ ယင်းတို့၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဂျပန်ယန်းသန်း ၅၀ ဖြစ်ပြီး နှစ်စဉ် ဂျပန် ယန်း ၁၀၀ သန်းတန်ဖိုးကျော်ရောင်း ချနိုင်မည်ဟုလည်းမျှော်မှန်းထားကြောင်း သိရသည်။

ဒီမိုကရေစီအသွင် ကူးပြောင်းရေး ကို နောက်ခံပြု၍  မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအဆင်ပြေချော မွေ့စွာ တိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိ ခြင်းနှင့် တိုးတက်လာသည့် မြန်မာနိုင်ငံ တွင် လိုအပ်လာမည့် ဆောက်လုပ်ရေး ကဏ္ဍကိုအထောက်အကူဖြစ်စေရန် ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်ကြောင်း လည်းသိရသည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်ရှိဒေသခံကုမ္ပဏီတစ်ခုနှင့် ဖက် စပ် တည်ထောင်၍ ၎င်းင်းတို့စက်ရုံကိုTokai Kikou  တွင်တည်ဆောက်ထား ကြောင်း သိရှိရပါသည်။ ပထမအဆင့် အနေဖြင့် လက်ရန်းများ ထုတ်လုပ်ရန် အတွက် အလိုအလျောက်စက်ပစ္စည်း များကို တပ်ဆင်ထားရှိပြီး မြန်မာနိုင်ငံ တွင်ဂဟေဆက်လုပ်ငန်းဆက်လက်လုပ် ဆောင်ရန် လိုအပ်သော လက်ရန်းများ ဆောင်ရွက်ရန် သံပိုက်လုံး ၇၀၀၀ နှင့် အတူ သပ်တုံးများ၊ အထောက်အကူ ပစ္စည်းများ ကို တင်ပို့ ထားကြောင်းလည်း သိရှိရသည်။ မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေး လုပ်ငန်းသုံးငြမ်းအများစုမှာ ဝါးလုံးများ ကိုအသုံးပြုလျက်ရှိပြီး ယခုအခါ ပိုမိုခိုင် မာ၍ ကောင်းမွန်စိတ်ချရသော သံပိုက် ငြမ်းများ ဝယ်လိုအားကောင်းလာလျက် ရှိသဖြင့် ၎င်းင်းတို့အနေဖြင့် အခွင့်အရေး ကိုရယူအသုံးချခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ ဂျပန်နိုင်ငံရှိProSper ကုမ္ပဏီ၏ အဓိကစီးပွားရေးလုပ်ငန်းမှာလျှပ်စစ်စီးဝင် မှုမရှိသော နီကယ်အရည်စိမ်လုပ်ငန်း နှင့် ယာယီပုဂ္ဂလိကဝန်ဆောင်မှုလုပ် ငန်းများဖြစ်ကြောင်း သိရသည်။ ယာယီ ပုဂ္ဂလိက ဝန်ဆောင်မှုလုပ်ငန်းများတွင် အများအားဖြင့် ဖိလစ်ပိုင်နိုင်ငံမှ အလုပ် သမားများကို ဂျပန်နိုင်ငံတွင် အလုပ်အ ကိုင်များရှာဖွေပေးကြောင်းလည်း သိရှိ ရပါသည်။ ၎င်းင်းတို့အနေဖြင့် မြန်မာနိုင်ငံ တွင်ဖက်စပ်လုပ်ငန်းမှတစ်ဆင့် ဆောက် လုပ်ရေးလုပ်ငန်း ၁၀ ခုခန့်တွင် လုပ်ငန်း အတွေ့အကြုံ ရှိထားပြီးဖြစ် ကြောင်းနှင့် မြန်မာနိုင်ငံတွင် တိုးတက်ရန်အလား အလာများရှိကြောင်း သိရှိရသဖြင့် လုပ် ငန်းတိုးချဲ့ဆောင်ရွက်ခြင်းဖြစ်ကြောင်း လည်း သိရသည်။ ယခုအခါမြန်မာနိုင်ငံတွင် သံ သတ္တုနှင့်ပြုလုပ်သည့် ငြမ်းဆင် ပိုက် များမှာ နာမည်ရ၊ လူကြိုက်များလာမှု နှင့်အတူ ဂျပန်နိုင်ငံထုတ်ကုန်ပစ္စည်းများ အနေဖြင့် ဈေးကွက်တွင် ဈေးနှုန်းအရ ယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်လာရကြောင်း လည်းသိရသည်။ အဆိုပါအကြောင်း ရင်းကြောင့် ProSper   ကုမ္ပဏီအနေ ဖြင့် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိရန်အတွက် လက်ဦးမှု ရယူ ကာ နည်းပညာနှင့် အ တတ်ပညာများကိုစုစည်း၍ မြန်မာနိုင်ငံ တွင် သွားရောက်ရ င်းနှီးမြှုပ်နှံြ ခင်းဖြစ် ကြောင်းလည်း သိရသည်။ အနာဂတ် ကာလတွင် ၎င်းင်းတို့ကုမ္ပဏီအနေဖြင့် နီကယ်အရည်စိမ်လုပ်ငန်းနှင့် စက်ရုံသုံး ပစ္စည်းများရောင်းချေ ဆာင်ရွက် သွားနိုင် ရေးလုပ်ဆောင်မည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။ ProSper ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံ မှုအနေဖြင့် မြန်မာနိုင်ငံမှလုပ်သားအင် အားအသုံးပြုလုပ်ဆောင်မည့် ကုန် ထုတ်လုပ်မှုလုပ်ငန်းဖြစ်သည့်အပြင် နည်းပညာအလွှဲအပြောင်းများကိုပင်ဖြစ် စေနိုင်မည့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ် ကြောင်း သုံးသပ်ရရှိပါသည်