Main menu

Background

Mobile Team လရ -၂ အဖွဲ့ထံ သတင်းမီဒီယာသမားများ သွားရောက်လေ့လာ

Thu, 07/10/2014 - 12:11 -- ydnar

 
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်တွင် တာဝန်ထမ်းဆောင် နေသော Mobile Team   လရ-၂ အဖွဲ့ထံသို့ ၂၉-၆-၂၀၁၄ နေ့ နံနက် ၁၀ း ၃၀ ချိန်တွင် သတင်းမီဒီယာ သမားများ သွားရောက်တွေ့ဆုံခဲ့ကြ တယ်လို့ သတင်းရရှိ ပါတယ်။

ပထမဦးစွာMobile Team  အဖွဲ့ ခေါင်းဆောင်ညွှန်ကြားရေးမှူးဦးမြင့်ကျော် မှ လရ -၂ အဖွဲ့ကို ၁၈-၆-၂၀၁၄ နေ့ တွင်စတင် တာဝန်ယူခဲ့ကြောင်း၊ Mobile Team  တွင် အဖွဲ့ ၆ ဖွဲ့ပါရှိပြီး၊ အင်အား ၃၇ ဦးနဲ့ တာဝန်ထ မ်းဆောင် နေခြင်း ဖြစ်ကြောင်း၊ တာဝန်ယူစဉ် ကာလ ၁၉-၆-၂၀၁၄ မှ ၂၉-၆-၂၀၁၄ နေ့ထိမှာ ဖမ်းဆီးရမိ တန်ဖိုးစုစုပေါင်း ကျပ်သိန်း ၁၂၀ ဒသမ ၆၈၉ ရှိပြီ ဖြစ် ကြောင်း၊ အများဆုံး ဖမ်းဆီးရမိပစ္စည်း များမှာစားသောက်ကုန်များဖြစ်ကြောင်း၊ စားသုံးရန် မသင့်သောကြက်မြစ်၊ ကြက် သည်းများ၊ပုပ်သိုးပျက်စီးလွယ်သစ်သီး စိုများနဲ့ လိုင်စင်ပါပစ္စည်းအပို^အလွဲနဲ့ လိုင်စင်မပါသော ပစ္စည်းများ၊ တင်သွင်း ခွင့်မရှိသောပစ္စည်းများအား သိမ်းဆည်း ပြီးအဖွဲ့စုံဖြင့် စစ်ဆေး၍ သက်ဆိုင်ရာ အမှုတွဲ ဖွင့်လှစ် အရေးယူခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ တက်ရောက်လာတဲ့ သတင်း ထောက်များရဲ့ မေးမြန်းချက်များနဲ့ စပ် လျဉ်းပြီးကြက်မြစ်၊ကြက်သည်းများဖမ်း ဆီးခြင်းနဲ့ ပတ်သက် လို့ မေးမြန်းမှု ကို ကြည့်မြင်တိုင် စံပြငါးဈေးမှာ ထိုင်း နိုင်ငံ ထုတ် CP  တံဆိပ်ပါ ကြက်မြစ်၊ ကြက်သည်းများအား ၁ကီလိုကို ၂၇၀၀ ကျပ်နဲ့ ဈေးပေါပေါရောင်းချနေကြောင်း သတင်းပေး တိုင်ကြား၍ စစ်ဆေးခဲ့ရာ မော်လမြိုင်ငါးလုပ်ငန်းဦးစီး ဌာနမှ ထုတ်ပေးတဲ့ ကကတစ် ပါးမဲဟု ဖော်ပြ ထားတဲ့ မျှောစာနဲ့ရန်ကုန်ကို သယ်ယူ ကြောင်း သိရှိရပြီး၊ ငါးပုံးခွံအလွတ်များ နဲ့ သယ်ယူခြင်းဖြစ်ကြောင်း၊ တစ်ထုပ် လျှင် ၁ ကီလိုပါပြီး ၂ ဒသမ ၅၅ တန် စစ်ဆေး တွေ့ရှိရကြောင်း၊ စားသုံးရန် မသင့်တဲ့အတွက်မီးရှို့ဖျက်ဆီးခဲ့ပြီး ကား ကိုလည်း အကောက်ခွန် လုပ်ထုံးလုပ် နည်းနဲ့အညီ အမှုတွဲဖွင့်လှစ်အရေးယူ ခဲ့ကြောင်းဦးနေထက်မင်း(လက်ထောက် ညွှန်ကြားရေးမှူး)က ရှင်းလင်းပြော ကြားခဲ့ပါတယ်။                ကြက် အသည်းအမြစ်များ ဘာ ကြောင့် ယခုကဲ့သို့ တရားမဝင် ဝင် ရောက်ခြင်း ဖြစ်နိုင်သ လဲ မေးြ မန်း မှု ကို ညွှန်ကြားေ ရးမှူး ဦးမြင့်ကျော်မှ စားသောက်ကုန်များတင်သွင်းလျှင် စား သုံးရန်သင့်မ သင့်FDA  ထောက်ခံချက် ပါရှိရန်လိုအပ်ကြောင်းFDA ထောက် ခံချက်မပါရှိပါက ရောင်းချခွင့် မရှိ ကြောင်း၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်း နိုင်ငံများမှာFDA  စစ်ဆေးချက်ပါရှိမှ အဝင်ခံကြောင်း၊ မိမိတို့နိုင်ငံမှာFDA  စစ်ဆေးရန် အားနည်းချက် ရှိကြောင်း၊ ဓာတ်ခွဲ စမ်းသပ်ရန် အချိန်ကြန့်ကြာမှု ရှိကြောင်း၊ ဓာတ်ခွဲစမ်းသပ်ရန် အဆင် သင့် မရှိသဖြင့် အလွယ်တကူ တင်သွင်း တာဖြစ်ကြောင်း၊ စားသောက်ကုန် သာမက အခြား လူသုံးကုန်ပစ္စည်းမျိုးစုံ နဲ့လည်း အကျုံးဝင်ကြောင်း၊ ကိုယ့် နိုင်ငံ ထဲ ဈေးပေါပေါနဲ့ ဝင်ရောက်ပြီး ခဏ အတွင်းပစ္စည်းများ ချို့ယွင်းပျက်စီးသွား သဖြင့် စားသုံးသူ အကာအကွယ်ပေး ရေး လုပ်ငန်းများကို လုပ်ဆောင်နေရ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ယာဉ်စစ်ဆေးမှုအပိုင်းကို မေး မြန်းခဲ့ခြင်းနဲ့စပ်လျဉ်းပြီး ညွှန်ကြား ရေးမှူးမှ ခရီးသည်တင် မှန်လုံကား၊Light Truck ခု ၊ အဝေးပြေးကားများပါ စစ်ကြောင်း၊အိမ်စီးကားများကို သံသယ ရှိပါကစစ်ကြောင်း၊ ရန်ကုန်အထွက်ကို သာစစ်ကြောင်း၊ မော်လမြိုင်အဝင်ကို မစစ်နိုင်သေးကြောင်း၊Spot Checkခု ပဲ လုပ်နိုင်ကြောင်း၊ နေရာအခက်အခဲရှိ ကြောင်း၊ သာမန် ခရီးသွားများကို မထိခိုက်စေအောင် စစ်ဆေးရကြောင်း ပြောကြားပြီး၊ လက်ထောက်ညွှန်ကြား ရေးမှူး ဦးနေထက်မင်းမှ ယာဉ်စစ်တဲ့ အပိုင်း နှစ်ပိုင်း ရှိကြောင်း၊ ခရီးသည် တင်ယာဉ်နဲ့ Light Truck ခု ကား၊ မှန်လုံ ကားများကို လမ်းသစ်ဘက် တွင် ရှောင် တခင်စစ်ဆေးကြောင်း၊ လိုင်စင်ဂျူတီပါ ကားများကိုလမ်းဟောင်း နောက်ဘက် မှာ ပစ္စည်းများ ချပြီးစစ်ဆေးကြောင်း၊ မှန်ကန်ရင် လွှတ်ပြီး မမှန်ကန်ပါက အရေးယူမှုပြုလုပ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။ အများဆုံး ဖမ်းဆီးရမိ ပစ္စည်းများ အကြောင်း မေးမြန်းရာ လက်ထောက် ညွှန်ကြားရေးမှူး ဦးနေထက်မင်းမှ အများဆုံး ဖမ်းဆီးရမိ ပစ္စည်းများမှာ စားသောက်ကုန်များဖြစ်ကြောင်း၊ ပဲနို့၊ အသားတု၊Beer Chang များနဲ့ သစ်သီး အစို၊ အချိုရည်များပါဝင်ကြောင်း ပြော ကြားခဲ့ပါတယ်။ သတင်းမီဒီယာများ အား ဖမ်းဆီးရမိစာရင်းများနဲ့ မီးရှို့ ဖျက် ဆီးသည့်မှတ်တမ်းပါ  CDခွေများကို လည်း ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါ တယ်။ သတင်းစာရှင်းလင်းပွဲ လုပ်နေ စဉ် ၁၁ း ၂၀ ချိန်ခန့်တွင် ၂ လီတာပါ ပုစွန် ၂ ကောင် စားသုံးဆီများကို စက္ကူ ဂျပ်ဖာများအောက်တွင် သယ်ဆောင် လာသော ကား ၁ စီးကို တားဆီးခဲ့တာ ကြုံတွေ့ခဲ့ရပါတယ်။ ထို့နောက်ဖမ်းဆီး ရမိပစ္စည်းများအား ကြည့်ရှု မှတ်တမ်း တင်ခဲ့ကြပြီး ၁၂ း ၀၀ ချိန်ခန့်မှာ ညောင်ခါးရှည်မှ ပြန်လည်ထွက်ခွာ ခဲ့ ကြပါတယ်။