Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အဋ္ဌမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

Tue, 07/15/2014 - 04:50 -- ydnar

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ကူးသန်းေ ရာင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန၊မြန်မာနိုင်ငံသားများ ဘဏ်လီမိ တက်နှ င့် မြန်မာ့ ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှု လုပ်ငန်းလီမိတက် ဝန်ထမ်းမိသားစု တို့၏အဋ္ဌမအကြိမ်မြောက် ဝါဆို သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို၂၀၁၄ ခုနှစ်ဇူလိုင်လ၁၀ရက်နေ့နံနက် ၀၉း၃၀ နာရီအချိန်ကနေပြည်တော်ရှိ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပျဉ်းမနားမြို့ ဘုရားကြီးတောရကျောင်းတိုက် ဆရာတော် ဦးဓမ္မပါလထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး ဆရာတော်၊ သံဃာတော်တို့အား ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန် ကြားရေး မှူး ချုပ်များနှင့် ညွှန်ကြားရေးမှူးများမှ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ အား ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပျဉ်းမနားမြို့ ဘုရား ကြီး တောရကျောင်း ကမ္မာဋ္ဌာနစရိယ ဆရာတော် ဘဒ္ဒန္တဓမ္မပါလထံမှ အနု မောဒနာ တရားနာယူပြီး ဝါဆို သင်္ကန်း နှင့်တကွ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ် ဆိုကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။ဆက်လက်ပြီးကြွရာက်လာ ကြသော ဆရာတော်၊ သံဃာတော် တို့ အား ဒုတိယဝန်ကြီး ဒေါက်တာပွင့် ဆန်းနှင့် ညွှန်ကြားရေးမှူးချုပ်များမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။