Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု အခြေခံသင်တန်းအမှတ်စဉ်(၅)သင်တန်းဖွင့်ပွဲကျင်းပ

Tue, 07/15/2014 - 04:53 -- ydnar

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်း ကျောင်း တွင် ဖွင့်လှစ်သည့် အပြည်ပြည် ဆိုင်ရာကုန်သွယ်မှု အခြေခံသင်တန်း သင်တန်းအမှတ်စဉ်(၅) ဖွင့်ပွဲအခမ်း အနားကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန် ကုန်တိုင်းဒေသကြီးရုံးရှိ ညီလာခံခန်းမ တွင် ဇူလိုင်လ ၇ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနား တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် က အမှာစကားပြောကြား ရာတွင် ကုန်သွယ်ရေးကဏ္ဍ စဉ်ဆက် မပြတ် တိုးတက်စေရန်နှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်  ရည်ရွယ်၍ ၂၀၁၂ခုနှစ် ဧပြီလမှစတင် ၍ ကုန်သွယ်မှုသင်တန်းကျောင်းကို ဖွင့် လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊မြန်မာနိုင်ငံအနေဖြင့် ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးနေပြီဖြစ် သည့်အတွက်ကုန်သွယ်မှုကဏ္ဍသည် ဦးဆောင် ကဏ္ဍ တစ်ရပ်ဖြစ်နေကြောင်း၊ လက်ရှိတိုးတက်ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများအရ မြန်မာနိုင်ငံသည် အာရှနိုင်ငံ များနှင့် သာမကမကြာမီအချိန် တွင် တစ်ကမ္ဘာလုံးနှင့်ကုန်သွယ်မှုပြုနိုင် တော့မည်ဖြစ်၍ ကုန်သွယ်မှုကဏ္ဍတွင် ဖွံ့ဖြိုးတိုး တက်မှု အလားအလာကောင်း များကိုရရှိနေပြီဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ဈေးကွက်စီးပွားရေး မူဝါဒများ ကိုကျင့် သုံး လျက်ရှိရာ နိုင်ငံ တကာကုန်သွယ်မှု၏အရေးအပါဆုံးသော အဖွဲ့အစည်းဖြစ်သည့်ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (World Trade Organization- WTO) မှ မြန်မာနိုင်ငံ၏ပထမဆုံး အကြိမ်ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်း လုပ်ငန်း ကို၂၀၁၄ ခုနှစ် မတ်လအတွင်း က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ တွင် အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့၍ ကမ္ဘာ့ ကုန် သွယ်ရေး အဖွဲ့ဝင် ၁၅၉ နိုင်ငံ၏ အလယ်တွင် မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာကို မြှင့်တင် နိုင်ခဲ့ပြီး ကမ္ဘာ့အဝန်းအဝိုင်းတွင် ပြန် လည်ဝင်ဆံ့နိုင်ရေးအတွက် ပထမခြေ လှမ်းကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ သည်။စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးညွှန်ကြား မှုဦးစီးဌာန၊ကုန်သွယ်မှုသင်တန်းကျောင်း  အနေဖြင့်အပြည်ပြည်ဆိုင်ရာကုန်သွယ်  မှုသင်တန်းအခြေခံသင်တန်းများကို ဖွင့်လှစ်ခဲ့ရာတွင် ယခုသင်တန်းနှင့်ဆို လျှင်ငါးကြိမ်ရှိပြီဖြစ်ကြောင်းသိရသည်။ပထမအကြိမ်  ဖွင့်လှစ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု အခြေခံ သင်တန်းတွင် သင်တန်းသား၊ သင်တန်း သူ ၈၈ ဦးတက်ရောက်ခဲ့ပြီး ဒုတိယ အကြိမ် ဖွင့်လှစ်ခဲ့သည့် သင်တန်းတွင်  အခြေခံသင်တန်းအပြင် အဆင့်မြင့် သင်တန်း ကိုပါ တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့သည်။ အခြေခံသင်တန်း အမှတ်စဉ်(၂)တွင် ၈၅ ဦးနှင့်ပထမဦးဆုံး အကြိမ်ဖွင့်လှစ်ခဲ့ သည့် အဆင့်မြင့်သင်တန်းတွင်သင်တန်း သား၄၅ဦး၊တတိယအကြိမ်ဖွင့်လှစ်သည့် သင်တန်းတွင်အခြေခံသင်တန်း၌ ၈၉ ဦး၊ အဆင့်မြင့်သင်တန်းတွင် ၂၅ ဦး၊ စတုတ္ထအကြိမ်ဖွင့်လှစ်သည့် သင်တန်း တွင်အခြေခံသင်တန်း၌ ၇၇ဦး၊ အဆင့် မြင့် သင် တန်းတွင်၂၇ဦး တက်ရောက်ခဲ့ကြသည့်အတွက်ကုန်သွယ်မှုသင်တန်း ကျောင်းတွင်ယနေ့အချိန်အထိ သင်တန်း သားပေါင်း  ၄၃၆ဦးကိုမွေး ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။အဆိုပါအပြည်ပြည်ဆိုင်ရာကုန် သွယ်မှုသင်တန်းကိုကုန်သွယ်ရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်စေရန်၊ နိုင်ငံ တကာ ကုန်သွယ်ရေး၊ အပြည်ပြည်ဆိုင် ရာ စီးပွားရေးနယ်ပယ်တို့မှာ ကျွမ်းကျင် တတ်မြောက်သောလူသားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေးနှင့်ကုန်သွယ်ရေးနှင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သောဘာသာရပ်များကိုပြည် သူလူထု အတွင်း ကျယ် ကျယ်ပြန့်ပြန့် ပျံ့နှံ့စေရန်စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယခုဖွင့်လှစ်ခဲ့ သည့်အပြည်ပြည်ဆိုင် ရာကုန်သွယ်မှုအခြေခံသင်တန်း အမှတ်စဉ်(၅)တွင် သင်တန်းသား သင် တန်းသူ စုစုပေါင်း ၇၁ ဦးတက်ရောက် ခဲ့ကြပြီးသင်တန်းကာလမှာ လေးလကြာ မြင့်မည်ဖြစ်ကြောင်း သိရသည်။