Main menu

Background

အေးရှားဝေါလ်ကုန်သေတ္တာဆိပ်ကမ်းရMobile Team အား တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် ဝင်ရောက်ကြည့်ရှုလမ်းညွှန်မှုပြု

Tue, 07/15/2014 - 04:57 -- ydnar

 
တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် သည် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၅ ရက်နေ့ ၁၀း၃၀ အချိန်မှ ၁၁း၁၅ အချိန်အထိရန်ကုန်အပြည်ပြည် ဆိုင်ရာကုန်သေတ္တာဆိပ်ကမ်းတစ်ခုဖြစ် သော အလုံကမ်းနားလမ်းရှိ

Asia World ဆိပ်ကမ်း သို့သွားရောက်ခဲ့သည်။Asia World ကုမ္ပဏီမှ တာဝန် ရှိသူများနဲ့တရားမဝင်ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီ Mobile Team  ဆိပ်ကမ်း တာဝန်ခံများက လုပ် ငန်းဆောင်ရွက်မှု အခြေအနေများကို ပြည်ထောင်စုဝန်ကြီးနဲ့ အဖွဲ့အား ရှင်း လင်းတင်ပြခဲ့ကြပါသည်။ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ လိုအပ်သည် များပေါင်းစပ် ညှိနှိုင်းပေး ပြီးMobile Team များအနေဖြင့်ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက် ဂရုပြု ဆောင်ရွက်ရန်၊အကောက်ခွန်ဦးစီးဌာန ၏ လုပ်ထုံးလုပ်နည်းများအပေါ်Mobile Team  များမှအားပေးကူညီဆောင် ရွက်ရန်၊ သက်ဆိုင်ရာ ဆက်စပ်အဖွဲ့ အစည်းများနှင့်လည်းလိုအပ်သလိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်နှင့် စည်းလုံး ညီညွတ်စွာဖြင့်စစ်ဆေးရေးပိုင်းကိုမြန်မြန် နှင့် မှန်ကန်အောင်စစ်ဆေးသွားရန်လမ်း ညွှန် မှာကြားခဲ့ကြောင်း သိရသည်။ ဗဟိုကော်မတီဥက္ကဋ္ဌပြည်ထောင်စု ဝန်ကြီးသည် အကောက်ခွန်ဦးစီးဌာန၏Red Channel ဖြင့်၁၀၀ ရာခိုင်နှုန်း ဖွင့် ဖောက်စစ်ဆေးနေသော ကုန်သေတ္တာ စစ်ဆေးနေမှုအား လိုက်လံကြည့်ရှုခဲ့ ကြောင်း သတင်းရရှိသည်။