ေ ထာက်ပံ့မှု မပေးဘဲ ဆန်ပိုမိုတင်သွင်းဖို့ ဆန်စပါး မူဝါဒအသစ်ကို ဖိလစ်ပိုင် စဉ်းစားနေ
ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ ဆန်ပိုမို တင်သွင်းဖို့နဲ့ တောင်သူ လယ်သမားတွေကို ပေးတဲ့ထောက်ပံ့ မှုတွေကို အဆုံးသတ်ဖို့လည်းစဉ်းစား နေတယ်လို့ဘလွမ်းဘတ် သတင်းမှာ ဖော်ပြထားကြောင်း သိရပါ တယ်။ တောင်သူ များ ကို ထောက်ပံ့မှုအဆုံး သတ်ဖို့နဲ့ တင်သွင်းမှုထပ်ဆောင်းစနစ်နဲ့ ပတ်သက်ပြီးဆုံးဖြတ်ဖို့ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်မှာ အစိုးရအရာရှိများ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်အစိုးရဟာ ဗီယက်နမ်နိုင်ငံက
ဆန်တန်ချိန် တစ်သန်းဝန်းကျင် တင် သွင်းထားပြီးဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် စက်တင်ဘာလမတိုင်မီ ရောက်ရှိမယ့် ဆန်တန်ချိန် ၆ သိန်းနဲ့ ပုဂ္ဂလိက တင် သွင်းသူတွေကို ထိုင်း၊ သြစတြေးလျနဲ့ အိန္ဒိယတို့က အနိမ့်ဆုံး အခွင့်အလမ်း ပမာဏဖြစ်တဲ့ သတ်မှတ်နိုင်ငံတွေရဲ့ ခွဲတမ်း (MAV-CSQ)အရ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ ဆန်တန်ချိန် ၁၆၃ယ၀၀၀ ဝန်းကျင် တင်သွင်းဖို့ ခွင့်ပြု ထားကြောင်း သိရပါတယ်။ စားနပ်ရိက္ခာဖူလုံရေးအတွက် သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူပြောကြား ရာမှာ အစိုးရဟာ ယခင်နှစ်က ဆိုင်းငံ့ ထားတဲ့ဆန်ပမာဏအပါအဝင် ယခုနှစ် မှာ ဆန်တန်ချိန် ၁ ဒသမ ၄ သန်းဝန်း ကျင်တင်သွင်းဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အပိုထပ်ဆောင်းတင်သွင်း မယ့်ပမာဏကတော့ နိုင်ငံရဲ့ ဆန်ထုတ် လုပ်မှု၊ အထွက်နှုန်းတို့အပေါ် ဖြစ်လာတော့မယ့် အယ်နီညိုသက်ရောက် မှုနဲ့ လက်ကျန် အခြေအနေပေါ် မူ တည်လိမ့်မယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အစိုးရက ဆန်ပမာဏပိုမို တင်သွင်းခွင့်ကို ပုဂ္ဂလိကကုန်သည် များကိုခွင့်ပြုမယ့် ဆန်သွင်းကုန်ဈေး ကွက်ကို ဖွင့်ဖို့လည်း စီစဉ်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် အစိုးရက တောင်သူ တွေဆီက ဈေးအမြင့်နဲ့ ဝယ်ယူပြီး နိုင်ငံတော်စားနပ်ရိက္ခာအာဏာပိုင်(NFA) မှတစ်ဆင့် ဈေးသက်သက်သာ သာနဲ့ ပြန်ရောင်းပေးတဲ့နည်းလမ်းနဲ့ ဆန်စပါးအပေါ် ထောက်ပံ့မှုပေးခြင်း ကိုလည်း ဖယ်ရှားလိုကြောင်း ၎င်းင်းက ထောက်ပြပါတယ်။အဲဒီလို အထောက် အပံ့ပေးတဲ့ ဆန်စပါးမူဝါဒကို ဆက်ပြီး ကျင့်သုံးနေအုံးမယ်ဆိုရင် ၂၀၁၆ ခုနှစ် ကုန်ပိုင်းမှာ ဆုံးရှုံးမှုကန် ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံ ဝန်းကျင်ခန့်အထိ ရောက်ရှိနိုင်လို့ အစိုးရ အနေနဲ့NFA ရဲ့အကြွေးဝန်ထုပ်ဝန်ပိုးကို လျှော့ချလို တယ်လို့ ဆိုပါတယ်။ သုတေသီများရဲ့ အဆိုအရ အစိုးရက ထောက်ပံ့မှုနဲ့ ပတ် သက်လို့ မြောက်များ စွာကုန်ကျခံပေမဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကတော့ ဈေး အမြင့်နဲ့ ဝယ်ယူနေရ တဲ့အတွက် လက် ရှိ မူဝါဒဟာ ချို့ယွင်းချက်ရှိနေတယ်လို့ သိရပါတယ်။
