Main menu

Background

ပဲတီစိမ်းတင်ပို့မှု တိုးတက်လာတဲ့ ချင်းရွှေဟော်

Tue, 07/15/2014 - 05:24 -- ydnar

ချင်းရွှေဟော်နယ်စပ် ကုန်သွယ် ရေး စခန်းမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဇွန်လအတွင်း ပဲမျိုးစုံတင်ပို့နိုင်ခဲ့ပြီး ပဲတီစိမ်း တင်ပို့မှု ပိုမို တိုး တက် လာခဲ့ ပါတယ်။ ပဲတီစိမ်း တင်ပို့မှု တန်ချိန်

၁၂၈၃၂ ဒသမ ၀၈ တန်၊ တန်ဖိုး ၁၂ ဒသမ ၃၈၀ ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ၂၀၁၃-၂၀၁၄ ဇွန်လမှာ ပဲတီစိမ်း တန်ချိန်  ၇၅၅ ဒသမ ၅၀ တန်နှင့် တန်ဖိုး သုည ဒသမ ၆၄၁ ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သောကြောင့် ယခင်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ပဲတီ စိမ်းတန်ချိန် ၁၂၀၇၆ ဒသမ ၅၈  တန်၊ တန်ဖိုး ၁၁ ဒသမ ၇၃၈ ဒေါ်လာသန်း ပိုမို တင်ပို့နိုင်ကြောင်း တွေ့ရပါတယ်။ ယခုလို ပိုမိုတင်ပို့နိုင်ခြင်းမှာလည်း တစ် ဘက်နိုင်ငံကအဝယ်လိုက်နေတဲ့အတွက် ဖြစ်ပါတယ်။