မုံရွာကုန်စည်ဒိုင် ဇူလိုင်လ ဒုတိယပတ် ဝါဝင်ကာလ အကြိုပဲဈေးကွက်မှာ ပဲအများစုအရောင်းအဝယ်အေးခဲ့တယ် လို့ သိရပါ တယ်။ မုံရွာကုန်စည်ဒိုင်ရဲ့ အဓိကပဲဈေးကွက်ထဲက ငုံနီ၊ စိမ်းကြီး၊ မတ်ပဲနဲ့ ထောပတ်ပဲတွေဟာ Export မျှော်လင့် ချက် နဲ့ ဈေးကွက်မှာပဲလက်ကျန် နည်းခြင်းတို့ကြောင့် မနှစ်ကနဲ့ ကာလတူထက် ပေါက်ဈေး မြင့်နေကြ တာ တွေ့ရပါတယ်။ Export မရှိ၊ ပဲ လက်ကျန်များနေတဲ့ ကုလားပဲမျိုးစုံ၊ ပဲကြီးနဲ့ စွန်တာနီပဲတွေကတော့မနှစ်က ကာလတူထက် ဈေးလျော့နေ တာ တွေ့ ရပါတယ်။
အထူးသဖြင့် စိမ်းကြီးဈေးကွက် ဟာ ယခုနှစ်မှာ တရုတ်ဝယ်လိုအား မြင့်နေတဲ့အတွက် မနှစ်က ဒီအချိန်မှာ တစ်တင်း ၂၆၅၀၀ ကျပ် အမြင့်ဆုံးရခဲ့ ရာမှ ယခု ၃၆၅၀၀ ကျပ်ထိ ပေါက်ဈေး မြောက်လာတာတွေ့ရပါတယ်။မနှစ်က ရာသီကုန်ချိန်မှာ စိမ်းကြီးဈေးကောင်း ရခဲ့လို့ ဒီနှစ် မိုးကြိုကာလ စိမ်းကြီး စိုက် ပျိုးမှုဟာ မုံရွာခရိုင်အတွင်း လျာထား ချက်ဧက ၁၇၈၀၀ ကျော်ရှိရာမှ ဧက ၂၂၇၀၀ ခန့်ထိ ပိုမိုစိုက်ပျိုးနိုင်ခဲ့တယ်လို့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ ငုံနီဈေးကွက်အနေနဲ့လည်း မနှစ် က ဒီကာလမှာ တစ်တင်း ၁၈၅၀၀ ကျပ်သာ အမြင့်ဆုံးပေါက်ခဲ့ပြီး ယခု တစ်ပတ်မုံရွာဒိုင်ဈေးကွက်မှာ တစ်တင်း ၂၀၀၀၀ ကျပ်ကနေ၂၀၇၀၀ ကျပ်ကြား ပေါက်ဈေး ပိုရခဲ့တာ တွေ့ရပါတယ်။ ရန်ကုန်ဝယ်လက် ရံဖန်ရံခါနဲ့ ဒေသ တွင်း အဝယ်အရောင်းသာရှိခဲ့ပြီး ပုံမှန် အရောင်းအဝယ် မဖြစ်ဘူးလို့ ဆိုပါ တယ်။ ယခုနှစ် မိုးရာသီမှာ မုံရွာခရိုင် အတွင်း ငုံနီစိုက်ပျိုးဖို့ ဧက ၁ ဒသမ ၃၃ သိန်း လျာထားတဲ့အနက် ဇူလိုင် ဒုတိယပတ်အထိ ၁ ဒသမ ၂၁ သိန်း စိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ ထောပတ်ပဲ ဈေးကွက်မှာတော့ မနှစ်က ဒီကာလမှာ တစ်တင်း ၁၈၅၀၀ ကျပ်သာရှိခဲ့ပြီး၊ယနေ့တစ်တင်း၂၅၀၀၀ ကျပ်နဲ့ အမြင့်ဈေးဖြစ်ပေါ်နေတာတွေ့ရ ပါတယ်။ မန်းဝယ်လက်နည်းနည်းနဲ့ ဒေသတွင်း လုပ်ငန်းသမား အဝယ်သာ ရှိတယ် လို့ဆိုပါ တယ်။ Export အတွက် ဝယ်လိုအားကောင်းတဲ့ မတ်ပဲဈေးလည်း မနှစ်ကကာလတူမှာ တစ်တင်း ၁၄၈၀၀ ကျပ်သာရှိခဲ့ပေမဲ့ ယနေ့ တစ်တင်း ၂၆၅၀၀ ကျပ်ထိအမြင့်ဈေးပေး ဝယ်လို အားရှိတယ်လို့ ဆိုပါတယ်။ နယ်ကပဲ အဝင် မရှိပေမဲ့ ကုန်သည်လှောင်လက် အချို့ ကြိုက်ဈေးရရင် ထုတ်ရောင်းခဲ့ ကြတဲ့အတွက် အရောင်းအဝယ်ဖြစ်နေ ဆဲလို့ သိရပါတယ်။ ယခုတစ်ပတ် ပဲဈေးကွက်မှာ မနှစ်ကနဲ့ ကာလတူပေါက်ဈေးထက် နိမ့်တဲ့ ပဲမျိုးစုံတွေကတော့ ကုလားပဲမျိုး စုံ၊ ပဲကြီးနဲ့ စွန်တာနီပဲတွေ ဖြစ်ကြပြီး တစ်တင်းပေါက်ဈေးတွေကို နှိုင်းယှဉ်ရ ရင် ကုလားပဲ (ဝမ်) ၁၇၀၀၀ ကျပ်-၁၃၈၀၀ကျပ်၊ ကုလားပဲ (v2 ) ၁၇၃၀၀ ကျပ်-၁၄၂၀၀ ကျပ်၊ ကုလားပဲ (၉၂၉) ၁၇၀၀၀ ကျပ်-၁၃၈၀၀ ကျပ်၊ ပဲကြီး ၃၄၀၀၀ ကျပ်-၂၂၀၀၀ ကျပ်၊ စွန်တာနီ ၁၈၂၀၀ ကျပ်-၁၇၀၀၀ ကျပ် အသီးသီးပေါက်ဈေးဖြစ်ပေါ်ခဲ့တာ တွေ့ ရပါတယ်။ ပြီးခဲ့တဲ့လက ဝယ်လိုအား ကောင်းပြီး အရောင်းအဝယ်သွက်ခဲ့တဲ့ CP ပြောင်းဖူးစေ့အနေနဲ့ ယခုတစ်ပတ် မှာ တစ်တင်း ၈၀၀၀ ကျပ်ထိ ဈေးကျ သွားပေမဲ့ ပုံမှန် အရောင်းအဝယ်ဖြစ် လျက်ရှိတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။