Main menu

Background

အပင်မှ ထုတ်လုပ်သော မြန်မာ့စိုက်ပျိုးရေးအခြေခံစားသောက်ကုန်ပစ္စည်းများကို ဗီယက်နမ်နိုင်ငံမှ အမြဲတမ်း တင်သွင်းခွင့်ပြု

Wed, 07/16/2014 - 07:39 -- ydnar

 
မြန်မာနိုင်ငံသည် ကုန်သွယ်မှုမြှင့် တင်ရေးနှင့် ကုန်သွယ်မှုလျင်မြန်ချော မွေ့စေရေးအတွက် ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နှစ် နိုင်ငံ ကုန်သွယ်ရေးပူးတွဲကော်မတီများဖွဲ့စည်း၍ နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးရန် ကုန် သွယ်ရေးပူးတွဲ ကော်မတီ အစည်း အဝေးများကို ကျင်းပပြုလုပ်လျက်ရှိပါ သည်။

၂၀၁၃ ခုနှစ်၊ မေလအတွင်း မြန်မာနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ပဲတီ စိမ်းများ တင်ပို့ရာတွင် ဗီယက်နမ်နိုင်ငံ၊ လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ National Agro-Forestry-Fisheries Quality Assurance Department (NAFIQAD) ၏ Circular No. 13/2011/TT-BNNPTNT  လိုအပ်သည့် အချက်အလက်များကို ဗီယက်နမ် ဘက်မှ ပြည့်စုံစွာ လက်ခံ ရရှိခြင်း မရှိသေးသဖြင့် မြန်မာ့ပဲများကို တင်သွင်းရာတွင် အခက်အခဲများ ရှိခဲ့ ပါသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပခဲ့ သည့် သတ္တမအကြိမ်မြောက် မြန်မာ-ဗီယက်နမ် ကုန်သွယ်ရေးပူးတွဲ ကော် မတီအစည်းအဝေး တွင်မြန်မာနိုင်ငံ စီးပွား ရေးနှင့်  ကူး သန်းရောင်း ဝယ်ရေးဝန်ကြီး ဌာန၊ဒုတိယဝန်ကြီးခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့စိုက် ပျိုးရေးထွက်ကုန်များ ဗီယက်နမ်နိုင်ငံသို့ တင်သွင်းခွင့်ရရှိရေးအတွက်  ဗီယက်နမ် နိုင်ငံ၊ NAFIQAD မှတာဝန်ရှိသူများ နှင့် ညှိနှိုင်း ဆွေးနွေးခဲ့မှု၏ ရလဒ်အဖြစ်အပင်မှထွက်ရှိသည့် စိုက်ပျိုးရေး အခြေခံစားသောက်ကုန်များ ဗီယက်နမ်နိုင်ငံသို့ တင်သွင်းခွင့်ပြုသည့်နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့မှ ဒီဇင် ဘာလ ၃၁ ရက်နေ့အထိ ယာယီ တင် သွင်းခွင့်ပြု ခဲ့ပါ သည်။ အပင်မှ ထုတ်လုပ်သော မြန်မာ့ စိုက်ပျိုးရေး အခြေခံ စားသောက် ကုန်ပစ္စည်းများ ဗီယက်နမ်နိုင်ငံသို့ အမြဲတမ်း တင်သွင်း ခွင့်ရရှိရေးအတွက် Competent Authority ဖြစ်သော မြန်မာနိုင်ငံ၊လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ဗီယက်နမ်နိုင်ငံ၊ NAFIQAD သို့ တိုက်ရိုက်ဆက်သွယ်၍ လိုအပ်သော စာရွက်စာတမ်းများကို အကြိမ်ကြိမ် ပေးပို့ခဲ့သည့်အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှ န်ကြားမှုဦးစီးဌာနအနေဖြင့် မြန်မာ့ပို့ကုန်များ ဗီယက်နမ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိရေး ရန်ကုန်မြို့ရှိ ဗီယက်နမ် သံရုံးမှ စီးပွားရေး သံမှူးနှင့် ဆက်သွယ် ဆောင်ရွက်ခဲ့သဖြင့် ဗီယက်နမ်နိုင်ငံမှ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများကို ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ သက်တမ်း ထပ်မံတိုးမြှင့်၍ ယာယီတင် သွင်းခွင့်ပြုခဲ့ပါသည်။ အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ဗီယက်နမ်နိုင်ငံ၊NAFIQAD မှ ပညာ ရှင် နှစ်ဦးသည် ၂၀၁၄ ခုနှစ် မေလ ၂ ရက်မှ ၅ ရက်အထိ  မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး စိုက်ပျိုးရေး ဦးစီးဌာန မှ ဓာတ်ခွဲခန်းများအား ကြည့်ရှုစစ်ဆေး ၍ တာဝန်ရှိသူများနှင့် ညှိနှို င်းဆွေးနွေး ခဲ့မှုအရ မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်းများကို ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက် အထိ သုံး လသက်တမ်း ထပ်မံတိုးမြှင့်၍ ယာယီ တင်သွင်းခွင့်သာ ခွင့်ပြုခဲ့ပါသည်။ ယခုအခါ စိုက်ပျိုးရေးဦးစီးဌာန သည် ဗီယက်နမ်ဘက်မှ လိုအပ်သော အချက်အလက်များကို နှစ်ဘက်သက် ဆိုင်ရာဌာနချင်း တိုက်ရိုက်ဆက်သွယ် ၍ ပြည့်စုံစွာ ဖြည့်စွက်ပေးပို့ခဲ့ပြီးဖြစ် သဖြင့် ဗီယက်နမ်နိုင်ငံသည် အပင်မှ ထုတ် လုပ်သော စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်ပစ္စည်းများကို တင် သွင်းခွင့်ပြုသည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှစတင်၍ အမြဲတမ်း တင် သွင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ ယခုကဲ့သို့အပင်မှ ထုတ်လုပ်သော စိုက်ပျိုးရေးအခြေခံစားသောက်ကုန်ပစ္စည်းများကို ဗီယက်နမ်နိုင်ငံသို့ အမြဲတမ်း တင် သွင်းခွင့် ရရှိခဲ့ခြင်းသည် မြန်မာ-ဗီယက်နမ် ကုန်သွယ်ရေးပူးတွဲ ကော်မတီ အစည်းအဝေးကျင်းပခြင်း၏ နောက်ဆက်တွဲ အကျိုး ရလဒ်တစ်ခုဖြစ် သလို နှစ်နိုင်ငံသက်ဆိုင်ရာဌာနချင်း တိုက်ရိုက်ဆက်သွယ်၍ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း၏ အောင်မြင်မှု အသီးအပွင့် တစ်ခုလည်းဖြစ်ပါသည်။ သို့ပါ၍ အပင်မှထုတ်လုပ်သော စိုက်ပျိုးရေးအခြေခံစားသောက်ကုန် ပစ္စည်းများအား အမြဲတမ်းတင်သွင်းခွင့် ရရှိခဲ့ခြင်းသည် ဗီယက်နမ်နိုင်ငံသို့ လယ် ယာ ထွက်ကုန်ပစ္စည်းများ တင်ပို့လို သော မြန်မာ့ပို့ကုန် လုပ်ငန်းရှင်များ အတွက် ပို့ကုန်တိုးမြှင့် တင်ပို့နိုင်မည့် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါ ကြောင်းသတင်းကောင်းပါးအပ်ပါသည်။