ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၅ ရက်သီတင်းပတ်အတွင်း နနွင်း ၆၃တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တစ် ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ခဲ့တယ် လို့ သိရပါတယ်။
တင်ပို့ခဲ့တဲ့နိုင်ငံနဲ့ တန်ချိန်မှာ စင်ကာပူနိုင်ငံ ကို ၃၃ တန်၊ အိန္ဒိယနို င်ငံကို တန် ၃၀ တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ် မှာတန် ၅၀ သာ တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန် ချိန်တစ် ဆယ်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ် နနွင်း တင်ပို့မှုမှ ကန်ဒေါ်လာ ၂၇၃၇၅ ဝင်ငွေရရှိခဲ့တယ်လို့ သိရ ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇွန်လအတွင်း နနွင်း တင်ပို့မှုမှာ တန်ချိန် ငါးရာကျော်ရှိခဲ့ပြီး မေလမှာ တင်ပို့မှုက တန်ချိန် ရှစ်ရာသုံးဆယ်ကျော် ရှိခဲ့တာကြောင့် ဇွန်လမှာ နနွင်းတင်ပို့မှုတန်ချိန် နှစ်ရာ့ငါးဆယ်ကျော် တင်ပို့မှုလျော့ခဲ့ တယ်လို့ သိရပါတယ်။