ဒီတစ်ပတ်ဈေးကွက်တွေမှာ နနွင်း အဝင်နည်းသွားပါ တယ်။ ဈေးကွက်ပေါ်မူတည်ပြီး အဝင်များရင်များသလို နည်း ရင်နည်း သလို ဝင်ရောက်မှုရှိနေတယ်လို့သိရပါတယ်။ ဝယ်လက်တွေကလည်း ဈေးကွက်မှာ လိုချင်သလောက် မရရင် ရွာတွေအထိ ဆင်းဝယ်နေကြတာကြောင့် ဒီတစ်နှစ် နနွင်းက ဈေးကွက်မှာအရောင်းအဝယ်ဖြစ်ရုံမကဘဲပြင်ပမှာပါအရောင်း
အဝယ်ဖြစ်ခဲ့ပါ တယ်။ အရင်နှစ်တွေကတော့ ချင်းနနွင်းဆိုရင် များသောအားဖြင့် အောင်ပန်းဈေးကွက်ကိုဝင်ပြီး အရောင်း အဝယ်ဖြစ်ပေမဲ့ ဒီနှစ်တော့ ဟဲဟိုး၊ ဆင်တောင်၊ ပင်းတယ စတဲ့နယ်တွေအထိပါ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒီတစ် ပတ်မှာလည်း နနွင်းက ဈေးကွက်ကို အဝင်နည်းလာပြီး အရောင်းအဝယ်ကလည်း အေးနေပါတယ်။ လိုချင်တဲ့ ဈေး ပတ်သမားေ တွလောက် သာ အဝယ်ရှိပြီး တစ်ပတ် အတွင်းမှာ ပိဿာချိန် ကိုးထောင်လောက်သာ အရောင်း အဝယ်ဖြစ် ခဲ့ပါတယ်။ ဟိုပုံးမှာလည်း ဝယ်လက်သိပ်မရှိပေမဲ့ လှောင် လက်တွေကတော့ ဝယ်နေပါတယ်။ ဒီတစ်ပတ် နနွင်းပေါက်ဈေးတွေက အောင်ပန်းဈေး ကွက်မှာ ဟိုပုံးနဲ့ အောင်ပန်းနနွင်းက ၇၀၀ ကျပ်၊ ၈၀၀ ကျပ်၊ ဆင်တောင်နနွင်းက ၁၃၀၀ ကျပ်ရှိပြီး၊ ဟိုပုံးဈေးကွက်မှာ တော့ ဟိုပုံးနနွင်းက ၈၀၀ ကျပ်-၉၀၀ ကျပ်ရှိတယ်လို့ သိရ ပါတယ်။