Main menu

Background

ဒီတစ်ပတ်ဓာတ်ဆီ၊ဒီဇယ်တန်ချိန်လေးသောင်းနှစ်ထောင်ကျော်ဝင်

Fri, 07/18/2014 - 07:37 -- ydnar

 
ဇွန်လ ၂၉ ရက်မှ  ဇူလိုင်လ ၅ ရက် သီတင်းပတ်အတွင်း  ဓာတ်ဆီတန်ချိန် ၇၈၅၈  တန်နဲ့ ဒီဇယ်တန်ချိန် ၃၄၂၂၀ ဒသမ ၆၇၆ တန် ၊ စုစုပေါင်း တန်ချိန် ၄၂၀၇၈ ဒသမ ၆၇၆ တန် ကိုပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်း ဖို့သွင်းကုန် လိုင်စင်လျှောက် ထားခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ဓာတ်ဆီက တန်ချိန်သုံးထောင့်နှစ်ရာေ ကျာ်အဝင်လျော့ ခဲ့ပါတယ်။ဒီဇယ်ကဒီတစ်ပတ်မှာတန်ချိန် တစ်သောင်းခြောက်ထောင်ခုနစ်ရာကျော်အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် မေလမှာ ဓါတ်ဆီ၊ ဒီဇယ်စုစုပေါင်း ဝင်ခဲ့တဲ့တန် ချိန်မှာ ၁၈၃၇၉၂ ဒသမ ၀၄၅ တန်ရှိခဲ့ပြီး ဇွန်လအဝင်စုစုပေါင်းမှာ တန်ချိန် ၂၅၂၉၇၃ ဒသမ ၂၅၀ရှိခဲ့တာကြောင့်ဇွန်လမှာတန်ချိန် ၆၉၁၈၁၂ဒသမ၂၀၅ တန် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်နဲ့ အဆင့်မြင့် ဒီဇယ်၊ အောက်တိန်းမှာ ယခင်တစ်ပတ်ဈေးအတိုင်း ရောင်းချတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပုဂ္ဂလိက စက်သုံးဆီ ဆိုင်မှာ ရောင်းချနေတဲ့ ဈေးမှာ ဓာတ်ဆီတစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၉၅၀ ကျပ်၊ အောက်တိန်း ၉၄၀ ကျပ်နဲ့ အဆင့်မြင့် ဒီဇယ် ၉၉၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပြင်ပမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဓာတ်ဆီဈေးမှာ  ဇူလိုင်လ ၇ ရက်နေ့ ဓာတ်ဆီဈေးမှာဝယ်ဈေး တစ်ပီပါ ၁၉၀၀၀၀ ကျပ်၊ ရောင်းဈေး တစ်ပီပါ ၁၉၂၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ တစ်ပတ် လုံးဒီဈေးနဲ့ပဲအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ယခင်တစ်ပတ်ဈေးနဲ့ ယှဉ်ရင်တော့ ဝယ်ဈေး၊ ရောင်းဈေး အနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ဒီဇယ်ဈေးမှာ ဇူလိုင်လ ၇ ရက်နေ့မှာ ဝယ်ဈေး ၁၉၁၀၀၀ ကျပ်၊ ရောင်းဈေး ၁၉၅၀၀၀ကျပ် နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဇူလိုင်လ ၁၁ ရက်နေ့ထိ ဒီဈေးနဲ့ပဲ အရောင်း အဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ တစ်ဂါလန် ဝယ်ဈေး၊ ရောင်းဈေး များမှာတော့ ဒီတစ်ပတ်မှာလည်း ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ၃၈၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၄၀၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၈၀၀ ကျပ်ဝယ်ပြီး ၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် အရောင်းအဝယ်သမား တစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။          မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ၊ဒီဇယ်နဲ့အောက်တိန်းမှာဈေးအနည်းငယ်မြင့်ပြီး အဆင့်မြင့် ဒီဇယ်မှာ ဈေးကျလာကာ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီ ဆိုင်ရဲ့ ဈေးမှာ ဓာတ် ဆီ တစ်လီတာ ၉၉၆ ကျပ်၊ အောက်တိန်း ၁၀၁၀ ကျပ်၊ ဒီဇယ် ၉၉၈ ကျပ်၊အဆင့်မြင့်ဒီဇယ် ၁၀၁၀ ကျပ်နဲ့ ရောင်း ချနေပါတယ်။ ပြင်ပ လက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဇူလိုင်လ ၇ ရက်နေ့ဒီဇယ်ဝယ်ဈေးမှာ ၁၉၄၀၀၀ ကျပ်၊ ရောင်းဈေး ၁၉၈၀၀၀ ကျပ်နဲ့အရောင်း အဝယ်ဖြစ်ခဲ့ရာ ဇူလိုင်လ ၁၁ ရက်နေ့ထိ ဒီဈေးနဲ့ပဲအရောင်း အဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ဓာတ်ဆီဈေးမှာ ဇူလိုင်လ ၇ ရက်နေ့မှာ ဝယ်ဈေး ၁၉၆၀၀၀ ကျပ်၊ ရောင်းဈေး ၁၉၉၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ရာ ဇူလိုင်လ ၉ ရက်နေ့မှာ ဝယ်ဈေး ၁၉၇၀၀၀ ကျပ်၊ ရောင်းဈေး၂၀၀၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့သိရပါတယ်။ ဒီတစ်ပတ် ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ် နေတဲ့ဈေးက ဓာတ်ဆီတစ်ဂါလန် ဝယ်ဈေး ၄၃၀၀ ကျပ်၊ ရောင်းဈေး ၄၅၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်ကဝယ်ဈေး ၄၁၀၀ကျပ်၊ရောင်းဈေး ၄၃၀၀ ကျပ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီနဲ့ဒီဇယ်မှာ ယခင်တစ်ပတ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကဆိုင်ဈေး များငြိမ်နေ သလို ပြင်ပ လက်လီဆိုင်များ ရဲ့ ဈေးများ ကလည်းငြိမ်နေ တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ဈေးများက ဓာတ်ဆီ တစ်ဂါလန် ၄၀၀၀ ကျပ်၊ ဒီဇယ် တစ်ဂါ လန်၄၂၀၀ ကျပ်၊အောက်တိန်း တစ်ဂါလန်၄၂၀၀ ကျပ်နဲ့ ရောင်းချတယ်လို့သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၀၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၄၂၀၀ ကျပ်၊အောက်တိန်းတစ်ဂါလန် ၄၂၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါ တယ်။ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံး ဆီဆိုင်ရဲ့ဈေးမှာငြိမ်နေသလို ပြင်ပ  လက်လီဆိုင်များရဲ့ဈေးမှာလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးမှာဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ် ၄၂၀၀ ကျပ်၊ အောက်တိန်း ၄၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ပြင်ပ လက်လီဆိုင်များမှာ ဓာတ်ဆီ၄၁၀၀ ကျပ်၊ ဒီဇယ် ၄၂၀၀ ကျပ်၊ အောက်တိန်း ၄၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။