Main menu

Background

ထိုင်း၊ မလေး၊ စင်ကာပူ၊ အိန္ဒိယနိုင်ငံမှ ဘိလပ်မြေများဝင်

Fri, 07/18/2014 - 07:47 -- ydnar

 
ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ  ကန်ဒေါ်လာ သိန်း လေးဆယ်ကျော်တန်ဖိုးရှိ ဘိလပ်မြေ ၄၉၉၈၀ ဒသမ ၅၀ တန်ကို ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်သီတင်းပတ်အတွင်းမှာ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ ဘိလပ်မြေ တန်ချိန် ၂၄၀၀၀ ဒသမ ၅၊ စင်ကာပူနိုင်ငံမှ ဘိလပ်မြေ ၂၃၁၀၀ တန်၊

အိန္ဒိယနိုင်ငံမှ ဘိလပ်မြေ ၂၈၀၀ တန်နဲ့ မလေးရှားနိုင်ငံမှ ဘိလပ် မြေ တန် ၈၀ ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင် မှာတန်ချိန် ခုနစ်သောင်းကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ ယှဉ်ရင် တန်ချိန် နှစ်သောင်းငါးထောင်ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မေလဘိလပ်မြေအဝင်မှာ တန်ချိန် နှစ်သိန်း သုံးသောင်းကျော်ရှိခဲ့ပြီး ဇွန်လအဝင်မှာ တန်ချိန် တစ်သိန်းခြောက်သောင်းကျော် ရှိခဲ့တာကြောင့် ဇွန်လမှာ တန်ချိန် ခုနစ်သောင်းကျော်အဝင်လျော့ခဲ့တယ်လို့ သိရ ပါတယ်။