၂၀၁၄ ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် လေးသောင်း ကိုးထောင်ကျော်ရှိခဲ့တယ် လို့သိရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်မှာ တန်ချိန် ခုနစ်သောင်း ငါးထောင်ကျော် ရှိခဲ့ တာေ ကာင့် ဒီတစ်ပတ်မှာ ဘိလပ်မြေတန်ချိန် နှစ်သောင်း ငါးထောင်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ် ဘိလပ်မြေအဝင်မှာ
တန်ချိန် လေးထောင့်သုံးရာကျော်ရှိခဲ့ပြီး ယခင်တစ်ပတ် အဝင်မှာ တန်ချိန် ကိုးထောင် ငါးရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် လေးထောင်ခြောက်ရာကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ် ပတ်မှာ ရေလမ်းမှ ဘိလပ်မြေအဝင်လျော့ခဲ့သလို နယ်စပ်လမ်းမှလည်း ဘိလပ်မြေ အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာအရောင်းအဝယ် ပုံမှန်ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာအေသုံးလုံးဘိလပ်မြေ ၄၉၀၀ကျပ်၊မြန်မာဆင်၄၇၀၀ကျပ်၊ဆင်မင်း (ကျောက် ဆည်) ၄၇၀၀ ကျပ်၊ ကျားခေါင်းဘိလပ်မြေ ၄၆၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၆၀၀ကျပ်၊ ဆင်(ထိုင်း)၆၉၀၀ကျပ်၊ စိန်(ထိုင်း)၆၉၀၀ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ် လို့ ၆၂ လမ်း၊၂၈-၂၉ ကြားမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာအဝယ် လိုက်တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်ပေ မဲ့ဒီတစ်ပတ်မှာလည်း ဘိလပ်မြေ ကဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲအရောင်း အဝယ်ဖြစ် တဲ့ ဈေး က ဆင် (ထိုင်း) ဘိလပ်မြေ ၄၈၅၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၂၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ ၄၂၂၅ ကျပ်၊ စိန်ဘိလပ်မြေ ၄၈၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့သိရပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အရောင်း အဝယ်ဖြစ်နေတဲ့ဈေးမှာ ဆင် (ထိုင်း) ၆၅၀၀ ကျပ်၊ မက်စ်(မြန်မာ) ၅၀၀၀ ကျပ်၊မြင်းခေါင်း ၄၅၀၀ ကျပ်၊ ဆင် (မြန်မာ)၅၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်းရောင်း ဝယ်ရေးဆိုင်မှ သိရှိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာအရောင်းအဝယ် ပုံမှန်ရှိ တယ်လို့သိရပါတယ်။ အရောင်း အဝယ်ဖြစ်ပေ မဲ့ဒီတစ်ပတ်မှာဘိလပ်မြေဈေးက အနည်းငယ်ဈေးကျလာတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ စိန်ဘိလပ်မြေက အရောင်းသွက် သလိုလူကြိုက်များပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ်ဖြစ်တဲ့ဈေး မှာ ဆင်တံဆိပ်ဘိလပ်မြေ ၅၃၅၀ ကျပ်၊ စိန်ဘိလပ်မြေ ၅၂၅၀ ကျပ်၊ အပါချီ ဘိလပ်မြေ ၅၀၀၀ ကျပ်၊ ကြံ့ဘိလပ်မြေ ၄၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ ဘုရင့်နောင်မှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။