ယခင်တစ်ပတ်ထက် အရောင်းအဝယ်လိုက်လာတဲ့ ဓာတ်မြေသြဇာ
၂၀၁၄ ဇွန်လ ၂၉ ရက် မှ ဇူလိုင်လ ၅ ရက်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာ တန်ချိန်နှစ်ထောင့် တစ်ရာကျော် အဝင်ရှိခဲ့တာကြောင့် ယခင်တစ်ပတ် အဝင်နဲ့ယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် တစ်ထောင် ငါးရာကျော် အဝင်လျော့ခဲ့တယ် လို့သိရပါတယ်။ယခုတစ်ပတ်နယ်စပ်လမ်းမှမြေသြဇာအဝင်မှာ တန်ချိန်နှစ်သောင်း နှစ်ထောင့်ခြောက်ရာကျော်ရှိခဲ့ပြီး ယခင် တစ်ပတ် အဝင်မှာ တန်ချိန်တစ်သောင်း ခုနစ်ထောင်ကျော်ရှိခဲ့ တာကြောင့်ဒီတစ်ပတ် မှာတန်ချိန်ေ လးထောင်ရှစ်ရာေ ကျာ် အဝင် ပိုခဲ့ပါတယ်။ဒါကြောင့် ဒီတစ်ပတ်ရေကြောင်းလမ်းမှ မြေသြဇာအဝင်လျော့ခဲ့ပေမဲ့ နယ်စပ်လမ်းမှမြေသြဇာ အဝင်ပိုခဲ့ တယ်လို့သိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာဒီတစ်ပတ်မြေသြဇာအရောင်းအဝယ် အေးတယ် လို့သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးနှုန်းတွေမှာ ပုလဲ-အသေး၄၆ရာခိုင်နှုန်း(ရွှေတုံး ၊ ရွှေပျား၊ ရွှေတောင်-တရုတ်) ၁၈၈၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ၃၃၀၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) (ထိုင်း) ၂၇၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၇၀၀၀ ကျပ်၊ တီစူပါ ၄၆ရာခိုင်နှုန်း (သံကွင်း-တရုတ်) ၂၀၂၀၀ ကျပ် ၊ တီစူပါ ၁၆ရာခိုင်နှုန်း (မြားကမ္ဘာ- တရုတ်) ၁၂၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်း ရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာကဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန်ရှိတယ်လို့သိရပါ တယ် ။ဒီတစ်ပတ် ဈေးကွက် ထဲအရောင်း အဝယ်ဖြစ်တဲ့ဈေးမှာ ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၁၈၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၁၉၀၀၀ကျပ်၊ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်)၁၈၂၀၀ကျပ်၊တီစူပါ ၁၂ရာခိုင်နှုန်း (တရုတ်) ၁၀၅၀၀ ကျပ်၊ တီစူပါ ၁၆ရာခိုင်နှုန်း(တရုတ်) ၁၁၂၀၀ ကျပ်၊ တီစူပါ (၁၅း၁၅း၁၅-တရုတ်) ၃၅၅၀၀ ကျပ်၊ တီစူပါ(၁၀း၁၀း၅-တရုတ်) ၁၄၅၀၀ ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၂၅၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၄၅၀၀ကျပ်၊ ယူရီးယား (ယူအေအီး) ၁၉၅၀၀ ကျပ်၊ မြားကမ္ဘာ ၁၅၀၀၀ကျပ်ဈေးရှိတယ်လို့အရှေ့မြို့ပတ် လမ်းမှာရှိတဲ့ မြေသြဇာအရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။ရန်ကုန်မြေသြဇာဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာ အရောင်း အဝယ်ပုံမှန်ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးမှာ ယူရီးယား(ရွှေတောင်-တရုတ်) ၁၇၂၀၀ ကျပ်၊ တီစူပါ (သံကွင်း) ၁၈၀၀၀ ကျပ်၊ ကွန်ပေါင်း(သီးစုံ) ၁၃၄၀၀ ကျပ်၊ အာမို (၁၆း၁၆း၈) ၃၃၅၀၀ ကျပ်၊ အာမို (၁၆း၈း၈) ၂၄၀၀၀ ကျပ်၊ ဓာတ်ဆား ၁၁၀၀၀ ကျပ်၊ ပိုတက် ၂၂၈၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ဘုရင့်နောင် ဓာတ် မြေသြဇာဈေးကွက်မှ သိရပါတယ်။မကွေးဈေးကွက်မှာ ဒီတစ်ပတ် မှာမြေသြဇာက အရောင်းအဝယ် ပုံမှန် ရှိတယ်လို့ဆိုပါတယ်။ အရောင်းအဝယ် ပုံမှန်ရှိပေမဲ့လည်း ဒီတစ်ပတ်မှာ မြေသြဇာတွေက ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ မြားကမ္ဘာ-တရုတ်၁၂း၁၃(အစိမ်း)၁၄၀၀၀ ကျပ်၊မြားကမ္ဘာ-တရုတ်၁၂း၁၃(အပြာ) ၁၄၀၀၀ ကျပ်၊ဆင်(၁၀း၁၀း၅) ၁၄၀၀၀ ကျပ်၊အာမို(၁၅း၁၅း၁၅) ၃၄၃၀၀ ကျပ်၊အာမို(၁၆း၁၆း၈) ၃၁၃၀၀ ကျပ်၊ ယူရီးယားပုလဲ(ပန်းဖူး-တရုတ်)၁၈၈၀၀ ကျပ်၊ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်)၁၇၇၀၀ ကျပ်၊တီစူပါ(မြားနီ-တရုတ်) ၁၈၂၀၀ ကျပ်၊ အောင်ကမ္ဘာ (၁၀း၁၀း၅) ၁၆၀၀၀ ကျပ်၊ပိုတက် ၂၅၀၀၀ကျပ်၊ တောင်သူမ၁၃၈၀၀ကျပ် နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ စိုက်ပျိုး ရေးသုံးပစ္စည်းအရောင်းဆိုင်မှ တာဝန်ရှိ သူတစ်ဦးထံမှ စုံစမ်းသိရှိရပါတယ်။
