Main menu

Background

စင်္ကာပူနိုင်ငံတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေပုံ သိကောင်းစရာ

Fri, 07/18/2014 - 09:18 -- ydnar

 
စင်္ကာပူနိုင်ငံတွင် စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများကို ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ အဓိက တာဝန်ယူ ဆောင်ရွက်လျက်ရှိ ပါသည်။ စင်္ကာပူနိုင်ငံ၏ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေအရ စားသုံးသူများအား တရားမျှတမှု မရှိ သော အလေ့အထများကြောင့် ထိခိုက် နစ်နာမှုများအတွက် တရားရုံးတွင် တရားမလမ်းကြောင်း အရ ဖြေရှင်းခြင်း မပြုမီ ဥပဒေမူဘောင်အတွင်းမှ ကုစား ပေးနိုင်သည့် အခွင့်အရေးများ ရရှိစေ ပါသည်။ စင်္ကာပူနိုင်ငံတွင် ထုတ်ကုန် လုံခြုံစိတ်ချရမှုအတွက် ဝန်ကြီးဌာန အသီးသီးမှ ကဏ္ဍအရပ်ရပ်တွင် ဥပဒေ များပြဋ္ဌာန်းထားပြီး အရေးယူဆောင် ရွက်လျက်ရှိပါသည်။

စားသုံးသူထုတ်ကုန်များ ဖြစ်သည့် အစားအစာအတွက် လယ်ယာ စား သောက်ကုန်နှင့် တိရစ္ဆာန်ကြီးကြပ်ရေး အဖွဲ့၊ ဆေးဝါး၊ အလှကုန်နှင့် ဆေးကိရိ ယာများအတွက် ကျန်းမာရေးသိပ္ပံအဖွဲ့၊ လျှပ်စစ်နှင့် ဓာတ်ငွေ့စသော ထိန်းချုပ် ပစ္စည်းများအတွက် SPRING SINGAPORE  နှင့် မော်တော်ယာဉ် များ အတွက်f LAND TRANSPORT AUTHORITY တို့မှ အသီးသီးတာဝန် ယူ ဆောင်ရွက်ပေးလျက် ရှိပါသည်။ စင်္ကာပူနိုင်ငံတွင် ထုတ်ကုန်လုံခြုံ စိတ် ချရမှုအတွက် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရာတွင်အစိုးရအာဏာပိုင်များ မှ အသိအမှတ်ပြုလက်မှတ်ထုတ်ပေး ခြင်းနှင့် စင်္ကာပူ ထုတ်လုပ်မှုနှင့်စံချိန် စံညွှန်းအဖွဲ့အစည်းများမှအသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းဟူ၍ အစီအစဉ် (၂)မျိုးဖြင့် ထုတ်ကုန် များကို နမူနာယူ၍စမ်းသပ်စစ်ဆေးခြင်း၊အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းတို့ကို ဆောင် ရွက်ပေးလျက်ရှိပါသည်။ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအတွက် စံချိန်စံညွှန်း နှင့်အညီဖြစ်စေရန် စက်မှုလုပ်ငန်း လျှို့ဝှက်နံပါတ်များကို Advertising Standard Authority of Sin-gaporeမှ လည်းကောင်း၊ ကြော်ငြာ လုပ်ငန်းနှင့် ပတ်သက်၍ ှStandard Code of Advertising Practice  ကို လည်းကောင်း၊Direct Marketing Association of Singapore မှ စီး ပွားရေး လုပ်ငန်း များ အတွက် DMAS Code of Practice ကိုလည်းကောင်း၊Direct Selling Association of Singapore မှထုတ်ကုန်နှင့်ဝန်ဆောင် မှုများဖြန့်ဖြူးခြင်းနှင့် တိုက်ရိုက် ရောင်း ချခြင်းတို့အတွက်  Code of Ethics and Conduct  ကို လည်းကောင်း သတ်မှတ်ပေးထားပါသည်။ စင်္ကာပူနိုင်ငံတွင် ထိန်းသိမ်းကြီး ကြပ်သည့် စားသုံးသူ ကုန်စည်များ အားလုံး (အဝတ်အထည်၊ ပရိဘောဂ၊ ကလေးကစားစရာအရုပ်၊ အိမ်ထောင်စု သုံးပစ္စည်းများ၊ အားကစား ပစ္စည်းများ စသည်)အနေဖြင့် စင်္ကာပူနိုင်ငံ ဈေး ကွက် အတွင်း ရောင်းချခြင်းမပြုမီ သတ် မှတ်ထားသော လုံခြုံစိတ်ချရမှုဆိုင်ရာ စံချိန်စံညွှန်းများနှင့် ပြည့်မီစေရန် စား သုံးသူကာကွယ်ရေးဆိုင်ရာစည်းမျဉ်း (၂၀၁၁) (The Consumer Protection Regulations 2011 (CGSR)အရ စားသုံးသူ ကုန်စည်များ လုံခြုံ စိတ်ချရမှုဆိုင်ရာ လိုအပ်ချက်များ (Consumer Goods Safety Requ-irements)နှ င့်ကိုက် ညီစေရန် စစ်ဆေး မှုများ ပြုလုပ်ပါသည်။SPRING Singapore  သည် စင်္ကာပူနိုင်ငံအတွင်း ရှိ စားသုံးသူကုန်စည်များအား  CGSR 2011နှင့်ကိုက်ညီစေရန် ကြီးကြပ်စစ် ဆေးရသည့်အာဏာပိုင်အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ SPRING Singaporeသည် စား သုံးသူကာကွယ်ရေးဆိုင်ရာ မှတ်ပုံတင်မှု အစီအစဉ်ကိုလည်းကောင်း၊ သက်ဆိုင် ရာ လုံခြုံမှု အဆင့်အတန်းသတ်မှတ်စေ ပြီး ွှ့The Safety Mark ု ထုတ်ဝေခြင်း ကို လည်းကောင်း၊ ထိန်းချုပ်ထားသော ကုန်စည် များအား ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းခြင်း၊ ဈေးကွက် အတွင်း ရောင်းချခြင်း မပြုရန် တားမြစ် ပိတ်ပင်ခြင်းကိုလည်းကောင်း ဆောင် ရွက်ပေးလျက်ရှိပါသည်။ TÜV SÜD PSB သည် ထုတ် ကုန်များစစ်ဆေးခြင်းနှင့် အသိအမှတ် ပြု လက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းများ တွင် စင်္ကာပူနိုင်ငံ၌ အောင်မြင်စွာ ရပ် တည်လျက်ရှိသော ကမ္ဘာ့ထိပ်တန်းအဖွဲ့ အစည်းတစ်ခုဖြစ်ပါသည်။အဆိုပါ အဖွဲ့ အစည်းသည် ၂၀၀၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့၌ SPRING Singapore၏ ှStandards, Productivity and Innovation Board အဖွဲ့မှ Confor-mity Asse-ssment Body (CAB)အဖြစ် တရားဝင်အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါသည်။TÜV SÜD PSBစင်္ကာပူနိုင်ငံ ဈေးကွက်တွင် ရောင်းချ မည့် ထုတ်ကုန်များအား The Safety Mark SchemejzifhThe Consumer Protection Safety Requirements နှင့်အညီ စမ်းသပ်စစ်ဆေးပေးခြင်းနှင့် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါသည်။ စင်္ကာပူ နိုင်ငံတွင် မှတ်ပုံတင်ထား သော ထိန်းသိမ်းကြီးကြပ်ထားသည့် ကုန်စည်များ အားလုံးအနေဖြင့် ကုန် စည် (သို့မဟုတ်) အထုပ်အပိုးအပေါ် တွင် The Safety Mark ု ပါရှိရန် လို အပ်ပါသည်။ TÜV SÜD PSBမှ ခွင့် ပြုထု တ်ပေးေ သာ The Safety Markပါရှိသည့် ထုတ်ကုန်များမှာ စင်္ကာပူ နိုင်ငံ ဈေးကွက်အတွင်း မျက်နှာပန်းလှ စွာ စားသုံးသူများ၊ ဝယ်ယူသူများနှင့် ကုန်သည်များ၏ အာရုံစိုက်မှုကို ခံရ မည် ဖြစ်ပါသည်။ÜV SÜD PSBအဓိကအားဖြင့် လျှပ်စစ်ထုတ်ကုန် များ၊ ဖျော်ဖြေရေး ကိရိယာများ၊ အိမ် ထောင်စုသုံး ပစ္စည်းများနှင့် အလားတူ ပစ္စည်းများ၊ သတင်းအချက်အလက် နည်းပ ညာနှင့် ရုံးသုံးပစ္စည်း ကိရိယာ များနှင့်Safety transformers များကို စမ်းသပ် စစ်ဆေးပေးလျက်ရှိပြီး ဝန် ဆောင်မှု လုပ်ငန်းများဖြစ်သည့် အခြေခံ အဆောက်အဦနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ၊ စက်ရုံများ၊ တစ်ကိုယ်ရေ သန့်ရှင်းမှု လုပ်ငန်းများ၊တပ်ဆင်ရသော ကိရိယာများနှင့် pre and post-shipment  လုပ်ငန်းများကိုလည်း စမ်း သပ်စစ်ေ ဆး ပေးလျက်ရှိပါသည်။ စင်္ကာပူနိုင်ငံ စားသုံးသူ ကာကွယ် ရေးအဖွဲ့အစည်း(The Consumer Association of Singapore (CASE)သည် စားသုံးသူများအား ပညာပေးနိုင်ရန်နှင့်သတင်းအချက်အလက် ဖြန့်ေ၀ ပေးနိုင်ရန်လည်းကောင်း၊ တရား မျှတမှုရှိသော ကုန်သွယ်မှုအလေ့အထ များပေါ်ပေါက်လာစေရန်လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ စင်္ကာပူနိုင်ငံ စားသုံးသူ ကာကွယ်ရေး အဖွဲ့အစည်းသည် (The Consumer Association of Singapore (CASE) နှင့် ပူးပေါင်း၍ အလေးချိန် ချိန်တွယ်သော၊ တိုင်းတာသော သို့ မဟုတ် ကြိုတင်ထုပ်ပိုးသော ဝယ်ယူမှု များ အတွက် စားသုံးသူများ အနေဖြင့် အကာအကွယ်ပေးမှုများ ရရှိစေရန် ဆောင်ရွက်ပေးလျက် ရှိပါသည်။ စင်္ကာပူ နိုင်ငံတွင် အလေးချိန် ချိန်တွယ် သော၊ တိုင်းတာသောပစ္စည်း ကိရိယာ များအားရောင်းချခြင်း၊ ပြင်ဆင်ခြင်းနှင့် ဝန်ဆောင်မှု ပေးအပ်ခြင်းတို့ လုပ် ဆောင်ရာတွင် လိုင်စင်ရယူရန် မလို အပ်ပေ။ စင်္ကာပူ နိုင်ငံတွင်The Weights and Measures Progra-mme အရ စားသုံးသူများနှင့် ကုန်သည် များအနေဖြင့် အလေးချိန် ချိန်တွယ်မှု သို့မဟုတ် တိုင်းတာမှုပြုလုပ်ရန်နှင့် ကြို တင်ထုပ်ပိုးရန် လိုအပ်သော ကုန်စည် များအား ကုန်သွယ်မှုအတွက် အလေး ချိန် ချိန်တွယ်ခြင်းနှင့် တိုင်းတာခြင်းပြု လုပ်သည့် ပစ္စည်းကိရိယာများကို မှန် ကန်စွာ အသုံးပြုနိုင်ရန် ဆောင်ရွက် ပေးလျက်ရှိပါသည်။ ယင်းအစီအစဉ် အရ စင်ကာပူ နိုင်ငံတွင် အလေးချိန် ချိန်တွယ်ခြင်းနှင့် တိုင်းတာခြင်းပြုလုပ် သော ပစ္စည်းကိရိယာများအား ကုန် သွယ်မှုအတွက် မှန်ကန်စွာအသုံးပြုနိုင် ရန် ရွေးချယ် သတ်မှတ်ပေးမည့် အခွင့် အာဏာရ ရွေးချယ် သတ်မှတ်သူများ ခန့်အပ်ထားခြင်း၊ အလေးချိန် ချိန်တွယ် ခြ င်းနှင့် တိုင်းတာခြင်း ပြုလုပ်သော ပစ္စည်း ကိရိယာများအား မှတ်ပုံတင်စေ ခြင်းနှင့် ကုန်သွယ်မှု လုပ်ငန်းများ အတွက် မှန်ကန်စွာ အသုံးပြုေ စခြင်း၊ ကြိုတင်ထုပ်ပိုးထားသောကုန်စည်များ နှင့် ရောင်းချမည့် ကုန်စည်များ အား အလေးချိန်နှင့် အတိုင်းအတာတို့ကို သတ်မှတ်ထားသောနှုန်းထားအတိုင်း မှန်ကန်စေခြင်းနှင့်စားသုံးသူနှင့်ကုန်သည် များထံမှ အလေးချိန်နှင့် အတိုင်းအတာ ဆိုင်ရာ တိုင်တန်းမှုကိစ္စရပ်များအား စုံ စမ်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိပါသည်။