စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် ဇူလိုင်လ ၁၃ရက်နေ့က ရန်ကုန် မြို့၊ နတ်မောက်လမ်းရှီDolphin စားသောက်ဆိုင်တွင်ပြုလုပ်သည့် မြန်မာနိုင်ငံသားများဘဏ်လီမိ တက်၏ (၂၂)ကြိမ်ေြ မာက် အထွေထွေ အစည်း အဝေးကြီးသို့ တက်ရောက်၍ အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့်အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ နိုင်ငံသားများဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးတိုးအောင်မြင့်၊ ကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး ၊ မြန်မာနိုင်ငံ သား များ ဘဏ် လီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဝင်းနှင့် တာဝန်ရှိသူများ၊ဖိတ်ကြားထားသောဧည့် သည်တော်များ ၊ မြန်မာနိုင်ငံသား များ ဘဏ် လီမိတက်မှအစုရှယ်ယာရှင်များ စုံညီစွာတက်ရောက်ကြပါသည်။အဆိုပါအခမ်းအနားတွင် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် က အမှာစကားပြောကြားရာတွင် ယခု ဆိုရင် နိုင်ငံတော်အစိုးရအနေနဲ့ လူမှု စီးပွားရေးဘ၀ ဖွံ့ဖြိုတိုး တက်စေဖို့နဲ့ ပြည်သူ ကိုဗဟိုပြုတဲ့လူမှုစီးပွားဘဝတွေ တိုးတက်စေဖို့အတွက်လက်တွေ့ကျကျ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရ သစ်တက်လာပြီးနောက် ပိုင်းမှာ စီးပွားရေးအရ တိုးတက်မှုရှိလာသလို အခြားတစ်ဘက်မှာလည်း ရေရှည်ဖွံ့ဖြိုး တိုးတက် မှုတွေရဖို့အတွက်စိန်ခေါ်မှု တွေနဲ့ရင်ဆိုင်နေရကြောင်း၊ ထင်သာ မြင်သာရှိတဲ့တိုးတက်မှုတွေကို ပြရမည် ဆိုလျှင် ကုန် သွယ် မှုနဲ့ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာတိုးတက်မှုရှိသလို ဘဏ္ဍာရေး နဲ့ငွေရေးကြေးရေးဆိုင်ရာပြုပြင်ပြောင်းလဲ မှုတွေမှာ တိုး တက်မှုရှိခဲ့ကြောင်း၊ပုဂ္ဂလိက ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများ၊ ပညာ ရေးနှင့် ကျန်းမာရေးတိုးတက်မှုများ၊ အထူးသဖြင့် မိုဘိုင်းဖုန်းနှင့်အင်တာ နက်သုံးစွဲမှုတိုးတက်မှုများ၊ လမ်းတံတား ဆိပ်ကမ်းအပါအဝင်အခြေခံအဆောက် အဦတိုးတက်မှု များစသည်တို့ကိုတွေ့ရ မှာ ဖြစ်ကြောင်းဖြင့်ပြောကြားခဲ့သည်။ထို့နောက် ပြည်ထောင်စုဝန်ကြီး က ဆက်လက်ပြောကြားရာတွင် မိမိ တို့အစိုးရအနေဖြင့် ကုန်သွယ်မှုကဏ္ဍ တွင် ယခင်က အမေရိကန်ဒေါ်လာ ၁၅ဘီလီယံကျော်ရှိခဲ့ရာမှ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅ဘီလီယံအထိ တိုးတက်ရောက်ရှိ လာခဲ့ကြောင်း၊ ယခုဘဏ္ဍာနှစ်အတွင်း တွင်လည်း အမေရိကန်ဒေါ်လာ၁ ဒသမ၃ဘီလီယံ တိုးတက် လာခဲ့ကြောင်း၊ ယင်းကဲ့သို့ တိုးတက်လာစေရန်တွက် စီးပွားကူးသန်းဝန်ကြီးဌာန၊ ပုဂ္ဂလိက ကဏ္ဍနှင့်သက်ဆိုင်ရာ အသင်း အဖွဲ့များ၏ ကြိုးပမ်းချက်ကြောင့်ပင်ဖြစ်ပါကြောင်း၊ ထို့ပြင် တစ်ဘက်ကလည်း Trade Facilitation, Trade Promotion, Trade Liberalization, Trade Educationတို့ကိုပြုလုပ်ခဲ့သလို တစ်ဘက်ကလည်း နယ်စပ်ဂိတ်တွေကို ဖွင့်လှစ်ပေး ခဲ့ပါကြောင်း၊ ယင်းကဲ့သို့ ဖွင့် လှစ်ပေးခဲ့မှုကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတွင်ယခင်ကကုန်သွယ် မှုပမာဏ ၂ ဘီလီယံခန့်သာရှိရာမှ ယခု အခါ ၃ ဒသမ ၅ဘီလီယံအထိ တိုး တက်လာခဲ့ကြောင်း၊ ထို့ပြင်တရားမဝင် ကုန်သွယ်မှု များ ပပျောက်စေရန်အတွက် မိုဘိုင်းတင်းမ်များဖွဲ့စည်း၍ လုပ်ဆောင် လျက်ရှိကြောင်း၊ အီးယူ၏ပိတ်ဆို့မှု ကင်းလွတ်လာ မှုနှင့် အတူ ကုန်သွယ်မှု အထူးအခွင့်အရေးတွေလည်းပြန်လည် ရရှိလာပါတယ်။ ယခင်ကပိတ်ပင်ထား ခဲ့တဲ့ဖွံ့ဖြိုးမှု အကူအညီ များပြန်လည်ရရှိ လာသလို မဟာဗျူဟာကျတဲ့တည်နေ ရာကြောင့် မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံ ဖို့ မျက်စိကျ လာခဲ့ကြေ ကြာင်း၊ မြန်မာ နိုင်ငံအနေဖြင့်Global Supply Chain ထဲကို ရောက်လာပြီဖြစ်လို့ မြန်မာနိုင်ငံ၏စီးပွားရေးအလားအလာ များသည်အလွန်ပင်ကောင်းသည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းထား ကြကြောင်း၊ စီးပွားရေးလုပ်ငန်းများ သည် ငွေေ ကြးနှင့် မကင်းနိုင်သလို ဘဏ်စနစ်ဖွံ့ဖြိုးတိုးတက်လာမှလည်း စီး ပွားရေးလုပ်ငန်းများ ပိုမိုတိုးတက် လုပ် ဆောင်နိုင် မှာဖြစ်ကြောင်း၊ ဘဏ်များ ဖွံ့ဖြိုးတိုးတက်မှသာ လိုအပ်တဲ့ငွေကြေး ကို ရရှိနိုင်မည်ဖြစ်ရာ ဘဏ်စနစ်ပိုမို ဖွံ့ ဖြိုးတိုးတက် ဖို့လိုအပ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
မိမိတို့ဘဏ်အနေဖြင့် ချေးငွေ လုပ်ငန်းကိုသာ အဓိကထားလုပ်ဆောင် နေရသောဘဏ်တစ်ခုဖြစ်ကြောင်း၊ ငွေ လွှဲလုပ်ငန်း များ လုပ်ကိုင်နိုင်ရန်နှင့် Master Card? Visa Cardိများကို အသုံးပြုနိုင်အောင်ဆောင်ရွက်လျက်ရှိ သည့်ပြင် Mobile Bankingများကို လည်း ဆောင်ရွက်တော့မည်ဟု သိရှိ ရပါကြောင်း၊ မြန်မာနိုင်ငံ၏ဘဏ်လုပ် ငန်းတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်း များတွင်ပိုမိုတိုးတက်အောင် ဆောင် ရွက်နိုင်ရန်အတွက် နိုင်ငံခြားဘဏ်များ ကိုလည်း မကြာမီ ဖွင့်လှစ်ပေးတော့ မည်ဖြစ်ကြောင်းဖြင့်ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။ထို့နောက် မြန်မာနိုင်ငံသားများ ဘဏ်လီမိတက်၏ဥက္ကဋ္ဌ၊ အထွေထွေ အစည်းအဝေးကြီး၏သဘာပတိဖြစ်သူ ဦးတိုးေ အာင်မြင့်က ဘဏ်လုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ သည်။ထို့ပြင်မြန်မာနိုင်ငံသားများဘဏ် လီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဝင်းက ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့်နှစ်ချုပ် စာရင်းများကိုတင်ပြ အတည် ပြုခြင်းနှင့် အမြတ်ေ ဝစု ခွဲဝေမှုတို့ကို ကြေ ညာခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံသားများဘဏ်ကို ၁၉၉၂ခုနှစ်က မတည်ရင်းနှီးငွေ နှစ် ဘီလီယံဖြင့် စတင်တည်ထောင်ခဲ့ရာ ယခုအခါတွင် မတည်ရင်းနှီးငွေ ၂၅ ဘီလီယံအထိ ရှိလာပြီဖြစ်ကြောင်း သိ ရသည်။ ထည့်ဝင်ပြီးမတည်ရင်းနှီးငွေ သည် ၁၈ဘီလီယံရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် (က)အစုရှယ်ယာအချိုးမှာ ၃၀ အချိုး ၇၀ဖြစ်ကြောင်း သိရသည်။ထို့ပြင် မတည်ရင်းနှီးငွေကို ကျပ် ၅၀ ဘီလီယံအထိ ရောက်ရှိရန် လုပ် ဆောင်လျက်ရှိကြောင်းသိရသည်။မြန်မာနိုင်ငံသားများဘဏ်သည် ဘဏ်ခွဲပေါင်း ၁၄ခုကို မြန်မာနိုင်ငံအနှံ့ အပြားတွင် ဖွင့်လှစ်ထားရှိပြီး ယခု ဘဏ္ဍာနှစ်တွင် နောက်ထပ် ဘဏ်ခွဲ ၆ ခုကို ထပ်မံဖွင့်လှစ်ရန် စီစဉ်ထားရှိ ကြောင်း သိရသည်။မြန်မာနိုင်ငံသားများဘဏ်အနေ ဖြင့် ၂၀၁၃-၁၄ဘဏ္ဍာနှစ်တွင် အမြတ် ဝေစုများကို ခွဲဝေပေးရာ၌ ကျပ် တစ် ဘီလီယံေ အာက်အစုရှယ်ယာရှင်များကို ၁၃ ရာခိုင်နှုန်း ထုတ်ပေးမည်ဖြစ်ပြီး ကျပ် တစ်ဘီလီယံအထက်အစုရှယ်ယာ ရှင်များကို ၇ ဒသမ ၇၅ရာခိုင်နှုန်းဖြင့် ခွဲဝေပေးမည်ဖြစ်ကြောင်း သိရသည်။