ဆရာကြီးဦးမြတ်သိန်း တည်းဖြတ် သည့် Economic Development in Transition Period of Myanmarနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှအကြံပေးပုဂ္ဂိုလ်ဒေါက်တာ မောင်အောင်၏ ဖွံ့ဖြိုးမှုဆောင်းပါးများ စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁၉ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်လမ်းရှိ တော်ဝင်စင် တာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင်ဆရာကြီး ဦးမြတ်သိန်းက Economic Deve-lopment in Transition Period of Myanmar စာအုပ် ဖြစ်ပေါ်လာပုံနှင့် စာအုပ်တွင်ပါဝင်သည့်အကြောင်းအရာ များကို ပြောကြားခဲ့သည်။ ထို့ပြင်အဆိုပါစာအုပ်ဖန်တီးမှုတွင် ပါဝင်ခဲ့သည့် ဆရာမကြီး ဒေါက်တာ ဒေါ်နုနုယဉ်မှ အဆိုပါစာအုပ်အား ဖန် တီးပုံဖော်ရာ တွင် တွေ့ကြုံရသည့်အခြေ အနေများကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အကြံပေးပုဂ္ဂိုလ် ဒေါက်တာမောင်အောင်က ၎င်းင်းကိုယ် တိုင်ရေးသားထားသည့် ဖွံ့ဖြိုးမှုဆောင်း ပါးများစာအုပ် တွင်ပါဝင်သည့်အကြောင်း အရာများကို အကျဉ်းချုံး၍ ပြောကြား ခဲ့သည်။ ယနေ့မိတ်ဆက်ခဲ့သည့် Eco-nomic Development in Tran-sition Period of Myanmar စာအုပ် ကိုထပ်မံပြင်ဆင်တည်းဖြတ် ပြီးမှသာ လျှင် ပြည်သူ များလက်ဝယ်သို့ ဖြန့်ချိပေးမည် ဖြစ်ပြီး ဒေါက်တာမောင်အောင်၏ ဖွံ့ဖြိုးမှုဆောင်းပါးများစာအုပ်မှာတစ်အုပ် လျှင် ကျပ်၂၀၀၀ဖြင့်အမြို့မြို့အနယ်နယ် ရှိ စာအုပ်ဆိုင်များတွင် ရောင်းချလျက်ရှိ ကြောင်း သတင်းရရှိပါသည်။