မန္တလေးတိုင်းဒေသကြီးရဲ့ နွေစပါးရိတ်သိမ်းမှု အခြေအနေ

 
မန္တလေးတိုင်းဒေသကြီးမှာ မေလ လယ်ကစပြီးနွေစပါးရိတ်သိမ်းပါတယ်။မန္တလေးတိုင်းတစ်တိုင်းလုံး နွေစပါး စိုက်ဧက ၁ ဒသမ ၄၅ သိန်းကျော်ရှိပြီး၊ ဒုတိယပတ်အထိ ရိတ်သိမ်းပြီးဧကသုည ဒသမ ၂၂ သိန်းကျော်ဖြစ်လို့ စိုက်ဧက ရဲ့ ၁၅ ဒသမ ၄၃ ရာခိုင်နှုန်းသာ  ရိတ် သိမ်းပြီးစီးကြောင်း သိရပါတယ်။ ခရိုင် အလိုက်စိုက်ပျိုး၊ရိတ်သိမ်းမှုအရမန္တလေး ခရိုင်မှာ စိုက်ဧက ၂၉၀၀၀ ကျော်၊ ရိတ် ဧက၂၆၀၀ကျော်နဲ့(၈ဒသမ၃၅)ရာခိုင်နှုန်း ရိတ်သိမ်းပြီး၊ မနောသုခနဲ့ရွှေသွယ်ရင်

စပါးများ အစိုက် များ ပြီး၊ ပုလဲသွယ်စပါး အနည်းငယ်သာ စိုက်ပျိုးမှုရှိပါတယ်။ ခရိုင်အလိုက် ပျမ်းမျှအထွက်နှုန်း တစ် ဧက ၁၀၄ တင်းထွက်ရှိလို့ ဝင်ငွေနဲ့ ကုန်ကျစရိတ်အချိုး တွက်ချေ ကိုက်မှုရှိ ကြောင်း သိရပါတယ်။ ပြင်ဦးလွင်ခရိုင်မှာ ပြင်ဦးလွင်နဲ့ မိုးကုတ် မြို့ နယ် များ မှာ နွေစပါးစိုက်ပျိုးမှု မရှိဘဲ မတ္တရာနဲ့ သပိတ် ကျင်းမြို့နယ် များသာ နွေစပါးစိုက်ပျိုးပြီး စိုက်ဧက ၄၄၀၀၀ ကျော်မှာ ရိတ်ပြီးဧက ၁၁၀၀၀ ကျော်ဖြစ်လို့ ၂၆ ဒသမ ၁၂ ရာခိုင်နှုန်း ရိတ်သိမ်း ပြီးစီးကြောင်း သိရှိရပါတယ်။ ခရိုင်အလိုက် ပျမ်းမျှ အထွက်နှုန်း၉၂တင်း ထွက်ရှိပြီး၊ မနောသုခစပါးမျိုး အများ ဆုံး စိုက်ပျိုးပါတယ်။ ကျောက်ဆည် ခရိုင်မှာ စိုက်ဧက ၄၁၀၀၀ ကျော်ရှိပြီး၊ ရိတ်ဧက ၃၁၀၀ ခန့်သာ ရိတ်သိမ်းပြီး ဖြစ်လို့ စိုက်ပျိုးမှုရဲ့ ၇ ဒသမ ၃၉ ရာခိုင်နှုန်း ရိတ်သိမ်းပြီး မနော သုခ၊ ဧရာ ပဒေသာနဲ့ ပုလဲသွယ်စပါးတို့ စိုက်ပျိုး ကာ ပျမ်းမျှအထွက်နှုန်း ၁၀၉ တင်း ထွက်ရှိကြောင်းသိရပါတယ်။ မိတ္ထီလာ  ခရိုင်မှာ  စိုက်ဧက ၁၈၀၀၀ကျော်ရှိပြီး၊ရိတ်သိမ်းဧက၂၅၀၀ ကျော်ဖြစ်လို့ ၁၃ ဒသမ ၅၂ ရာခိုင်နှုန်း ရိတ်သိမ်း ခဲ့ပြီး၊ ပျမ်းမျှ အထွက်နှုန်း ၆၆ တင်းထွက်ရှိလို့ ရွှေသွယ်ရင်စပါး အများ ဆုံးစိုက်ပျိုးကြောင်း သိရှိရပါတယ်။ ဝမ်း တွင်းမြို့ နယ် ရွှေတောင်စိုက်ပျိုးရေးခြံ မှာ ပုလဲသွယ် စပါး ၁၂၃၁ ဧက စိုက် ပျိုးရာဧက၅၀၀မှာမျိုးထုတ်လုပ်ရောင်း ချခြင်းဖြစ်လို့ တစ်ဧကအထွက်နှုန်း ၃၅ တင်း ရှိကြောင်းလည်း သိရပါတယ်။ ရမည်းသင်းခရိုင်မှာ စိုက်ဧက ၂၈၀၀ ကျော် ရှိပြီး နွေစပါး ရိတ်သိမ်းမှု မရှိသေး ကြောင်းသိရပါတယ်။ မြင်းခြံခရိုင်မှာ စိုက်ဧက ၄၉၀၀ ကျော်ရှိပြီး၊ ရိတ်ဧက ၂၄၀၀ ကျော်ဖြစ်လို့ ၅၀ ရာခိုင်နှုန်းရိတ် သိမ်းခဲ့ပြီး ဆင်းသုခနဲ့ပုလဲသွယ် စပါးမျိုး များစိုက်ပျိုးပြီး ပျမ်းမျှအထွက်နှုန်း ၈၁ တင်း ထွက်ရှိကြောင်း သိရပါ တယ်။ ညောင်ဦးခရိုင်မှာစိုက်ဧက၂၉၀၀ ကျော် ရှိပြီး၊ ရိတ်သိမ်းဧက ၂၇ ဧကသာရှိသေး သဖြင့် သုညဒသမ ၉၂ ရာခိုင်နှုန်း သာ ရိတ်သိမ်းပြီးစီးပြီး၊ ပျမ်းမျှအထွက် ၆၅ တင်းနှုန်းထွက်ရှိကြောင်း သိရှိရပါတယ်။ နွေစပါးစိုက် တောင်သူများအနေ နဲ့ စပါးအထွက်နှုန်းနဲ့ကုန်ကျစရိတ်အရ  လက်ရှိ စပါးပေါက်ဈေးနဲ့ ယှဉ်ရင် တွက် ချေ ကိုက်မှုရှိကြောင်းလည်း သိရှိရပါ တယ်။ ယခုဇူလိုင် ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်တဲ့ စပါးဈေးနှုန်း များ မှာ ကျောက်ဆည် ဧရာပဒေသာ စပါးတင်း ၁၀၀ ကို ၇၀၀၀၀၀ ကျပ်နဲ့ ဆန်တစ်အိတ် ၂၈၀၀၀ ကျပ်၊ မနော သုခစပါးသစ် တင်း ၁၀၀ ကို ၄၇၀၀၀၀ ကျပ်၊ ဆန်တစ်အိတ် ၁၈၀၀၀ ကျပ်၊ မနောသုခ(အဟောင်း) တင်း ၁၀၀ ကို ၅၅၀၀၀၀ ကျပ်၊ ဆန်တစ်အိတ် ၂၁၀၀၀ ကျပ်နဲ့ ရွှေသွယ်ရင်စပါးတင်း ၁၀၀ ကို ၄၀၀၀၀၀ ကျပ် အသီးသီး ရှိကြောင်း သိရှိရပါတယ်။ ယခင်နှစ်ကာလတူ ဈေးနှုန်းများအရ မနောသုခစပါး တင်း ၁၀၀ ကို ၄၆၀၀၀၀ ကျပ်၊ ဆန် တစ်အိတ် ၂၀၀၀၀ ကျပ်၊ ရွှေသွယ် ရင် စပါး ၃၆၀၀၀၀ ကျပ်၊ ဆန်တစ်အိတ် ၁၆၀၀၀ ကျပ်၊ ဧရာပဒေသာ စပါးတင်း ၁၀၀ ကို ၆၇၀၀၀၀ ကျပ်နဲ့ဆန်တစ် အိတ် ၂၅၀၀၀ ကျပ်ရှိခဲ့လို့ ယခုနှစ်မှာ စပါးဈေးနဲ့ဆန်ဈေး အနည်းငယ် မြင့် တက်လာခဲ့ကြောင်း တွေ့ရှိရပါတယ်။