Main menu

Background

မိုးရေချိန် မဖြစ်စလောက်သာရရှိလို့ အိန္ဒိယပဲမျိုးစုံထုတ်လုပ်မှု ထိခိုက်နိုင်

Mon, 07/21/2014 - 09:17 -- ydnar

 
မိုးနည်းပါးတဲ့အတွက် ခရိုင် အတွင်းမှာ ပဲစင်းငုံနီကလွဲလို့ အခြားပဲ ထုတ်လုပ်မှုကျဆင်းနိုင်ဖွယ်ရှိတယ်လို့ ပဲစင်းငုံနဲ့ အခြားပဲ ကို အများဆုံး ရောင်းချတဲ့ ဂူဘာကာပြည်နယ် တောင်သူ များက ခန့်မှန်းကြောင်း သိရပါတယ် ။ ဒေသတွင်း ပဲစိုက်ေ တာင်သူတွေက ဝင်ငွေလျော့ကျမှာကို စိုးရိမ်နေကြသလို စားသုံးသူတွေကလည်း ၎င်းင်းတို့ရဲ့ မရှိမဖြစ်အရေးပါတဲ့ ပဲမျိုးစုံေ ဈးနှုန်းမြင့် တက်လာမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါ

တယ်။ ပဲစင်းငုံ၊ ပဲတီစိမ်းနဲ့ မတ်ပဲ ဟာ အဲဒီဒေသမှာ ပဲလွန်းဖြူ၊ ကုလားပဲ အပြင် အဓိကစိုက်ပျိုးတဲ့ ပဲများဖြစ်ပါ တယ်။ အဲဒီခရိုင်အတွင်း မိုးပဲစိုက်ပျိုးတဲ့ ဧရိယာဟာ ဟက်တာ ၅ ဒဿမ ၇ သိန်းရှိပြီး ယခုနှစ်မှာ ဟက်တာ ၄ ဒဿမ ၂၃ သိန်းစိုက်ပျိုးဖို့ စီစဉ်ထား ပေမဲ့ လက်ရှိအချိန်ထိတော့ ၆ ရာခိုင် နှုန်းလောက်သာ စိုက်ပျိုးထားပြီးဖြစ် တယ်လို့ သိရပါတယ်။ ယခုနှစ်အချိန် မှန်စတင်စိုက်ပျိုးမှုရှိခဲ့ရင် ပဲမျိုးစုံတန်ချိန် ၄ ဒသမ ၀၃ သိန်းခန့်ထွက်ရှိလိမ့်မယ် လို့လည်း သိရပါတယ်။ ပဲစင်းငုံကလွဲပြီး ပဲအားလုံးစိုက်ပျိုးဖို့အချိန်က ကျော်လွန် သွားပြီလို့လည်း စိုက်ပျိုးရေးပူးတွဲ ဒါရိုက်တာ Jilani Mokashiကပြော ကြားကြောင်းလည်း သိရပါတယ်။အကယ်လို့သာ ဒီနှစ်မိုးရေချိန်အလုံ အလောက်ရရှိခဲ့မယ်ဆိုရင် ဇွန်လ ၁၅ ရက်မှာ ပဲစင်းငုံကလွဲပြီး အခြားပဲတွေ စိုက်ပျိုးထားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ယခု လကုန်မတိုင်မီ မိုးရွာခဲ့ရင် စိုက်ပျိုးနိုင်တဲ့ ပဲစင်းငုံ တစ်မျိုးသာ စိုက်ပျိုးဖို့ တောင်သူတွေ စီစဉ်နေတယ် လို့လည်း သိရပါတယ်။အကယ်လို့ မိုးမရွာခဲ့ရင် ပဲစင်းငုံထုတ် လုပ်မှုကိုလည်း ထိခိုက်နိုင်တယ်လို့ ဆိုပါတယ် ။ တောင်သူေ တွကို ဘာရွေး ချယ် စိုက်ပျိုးမလဲလို့ မေးတဲ့အခါ တောင်သူတွေအနေနဲ့ သြဂုတ်လမှာ နေကြာကို ပြောင်းလဲ စိုက်ပျိုးနိုင် တယ်လို့ သိရပါတယ်။ အဲဒီခရိုင်က ဇွန်လမှာ မိုးရေချိန် ၁၁၃ မီလီမီတာ ရရှိရမှာဖြစ်ပေမဲ့ အချို့နေရာတွေမှာ ၄၇ မီလီမီတာ သာ ရရှိကြလို့ ယခုလမှာ မိုးက ၆၀ ရာခိုင်နှုန်းလောက် မရရှိဘူး လို့ မိုးလေဝသဌာနအစီရင်ခံစာအရ သိရပါတယ်။ အစောပိုင်းမှာ မိုးအနည်းအကျဉ်း ရရှိခဲ့လို့ မတ်ပဲနဲ့ ပဲတီစိမ်းဟက်တာ ၁၃၀၀၀ စိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ ဒါပေမဲ့ မိုးဆက်ပြီးမရလို့ မြေဆီလွှာ အစိုဓာတ်လည်း မရှိတဲ့အတွက် ပဲစေ့ တွေကောင်းကောင်း အညှောက်ပေါက် ခြင်းမရှိ ဘူးလို့ Chincholi taluk ု ဥက္ကဋ္ဌMallikarjun Bhushettyက ပြော ကြားကြောင်း သိရပါတယ်။ အကယ် လို့သာ မိုးဆက်ပြီးပါးနေမယ် ဆိုရင် ဈေးကွက်တွေကို ပဲဝင်ရောက်မှု လည်း ထိခိုက်နိုင်တယ်လို့ လယ်ယာထွက်ကု န် ဈေးကွက်ေ ကာ်မတီ (APMC) အတွင်း ရေးမှူး ှ့Shivashankar  ကဆိုပါတယ်။ ပဲတီစိမ်းတစ်တန်ကို ရူပီး ၄၈၂၅၀ မှ ၆၅၀၅၀ ရောင်းချပြီး မတ်ပဲကို တစ်တန် ရူပီး ၄၅၂၈၀ မှ ၆၂၅၁၀ ဈေးနဲ့ ဝယ် နေတယ်။ဈေးကွက်အတွင်းမှာ ပဲစင်းငုံနဲ့ ကုလားပဲကလွဲပြီး အခြားပဲတွေ ဝင် ရောက်မှု မရှိဘူးလို့ ဆိုပါတယ်။ အိန္ဒိယအစိုးရဟာ ဈေးနှုန်းသက် သာစေရေးဆောင်ရွက်တဲ့အနေနဲ့ နိုင်ငံ တော်မြို့တော်တစ်ဝန်းရှိ ဈေးဆိုင်တွေ မှာ ပဲမျိုးစုံကို သင့်တော်တဲ့ဈေးနှုန်း တွေနဲ့ ရရှိနိုင်ဖို့ ဒေလီသီးနှံကုန်သည်များ အသင်း (DGMA)နဲ့ ပူးပေါင်းဆောင် ရွက်မယ်လို့ သိရပါတယ်။ အဲဒီလိုပူး ပေါင်းခြင်းဟာ မြို့တော်အတွင်း အရေး ပါတဲ့ကုန်စည်တွေ ဈေးနှုန်းထိန်းချုပ်ဖို့ ဒေလီအစိုးရရဲ့ ကြိုးပမ်းမှုတွေထဲက နောက်ထပ်ခြေလှမ်းတစ်ခုလည်းဖြစ် တယ်လို့ဆိုပါတယ်။ DGMA ဟာ ပဲဈေးသင့်တော် တဲ့နှုန်းထား နဲ့ ရောင်းချ နိုင်ဖို့ အရင်က ဒေလီအစိုးရနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖူးတယ်လို့ သိရပါ တယ်။ ဒါကြောင့် အဲဒီအသင်း ဟာ ဈေးနှုန်းမြင့်တက်မှုထိန်းချုပ်တဲ့နေရာမှာ အစိုးရကို အပြည့်အ၀ ထောက်ပံ့မှု ပေး တယ်လို့ ဆိုပါတယ်။