Main menu

Background

အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့မျှော်လိုက်ရင်း ဈေးကွက်တစ်ခုရရှိဖို့အတွက် ကြိုးစားနေတဲ့ မန်းပဲစင်းငုံနီ

Tue, 07/22/2014 - 07:25 -- ydnar

 
မန္တလေး ကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော် အသင်း) ကို အနယ်နယ်အရပ်ရပ်မှ ပဲစင်းငုံနီနဲ့ ပဲစင်းငုံရွှေများဝင်ရောက်ပြီး ရောင်းချလျက် ရှိပါတယ်။ နွားထိုးကြီး၊ မြင်းခြံ၊ မလှိုင်၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်ကြီးနား၊ ဗန်းမော်၊ လွိုင်ကော်၊ ရွှေဘို၊ ဒီပဲယင်းစတဲ့ဒေသများမှ အများဆုံးဝယ်ယူရောင်းချကြောင်းသိရပါတယ်။ မန္တလေးတိုင်းဒေသကြီးမှ ကုန်သည် ပွဲစားများဟာ ပဲသီးနှံမျိုးစုံကို ဝယ်ယူရာမှာ မိမိတို့ ယုံကြည်စိတ်ချရသော တောပွဲစား၊ မြို့ပွဲစားများအား သီးနှံပေါ်ချိန်မှာ ငွေကြိုတင်ပေးပြီး ဝယ်ယူခြင်း၊ မိမိပွဲရုံ အရောက် ဝယ်ယူခြင်း၊ ပစ္စည်းရောက် ငွေချေစနစ်နဲ့ ကျင့်သုံးဝယ်ယူကြောင်း သိရပါ တယ်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ယခုဇူလိုင်လအထိ ဖြစ်ပေါ်ပြောင်းလဲတဲ့ ပဲစင်းငုံနီ နဲ့ ပဲစင်းငုံရွှေတို့ရဲ့ ဈေးနှုန်းများမှာ -

၂၀၁၄ ခုနှစ် ပြက္ခဒိန်နှစ်အတွင်း ဇန်နဝါရီလမှာ ပဲစင်းငုံနီဈေး အနိမ့်ဆုံး မှာရှိပြီး တစ်ပိဿာ ၈၁၇ ကျပ်၊ ၈၂၅ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဇူလိုင် လမှာ အမြင့်ဆုံးဈေးတစ်ပိဿာ ၁၀၁၇ ကျပ်၊ ၁၀၅၀ ကျပ်နဲ့ မန္တလေးကုန်စည် ဒိုင်မှာနေ့စဉ်(သုံးတင်းအိတ်)အိတ်၁၀၀၀ မှ ၁၃၀၀ အိတ် အရောင်းအဝယ်ဖြစ် ကြောင်း သိရပါတယ်။ ပဲစင်းငုံရွှေဈေး မှာ ဇန်နဝါရီလအတွင်း တစ်ပိဿာ ၇၃၃ ကျပ်၊ ၇၅၀ ကျပ်နဲ့ အနိမ့်ဆုံးဈေး မှာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဧပြီလ မှာ ပဲစင်းငုံရွှေတစ်ပိဿာ ၁၀၀၈ ကျပ်၊ ၁၀၁၇ ကျပ်နဲ့ အမြင့်ဆုံးဈေးမှာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ယခုဇူလိုင်လ တတိယအပတ်မှာ တစ်ပိဿာ ၉၉၂ ကျပ်၊ ၁၀၀၀ ကျပ်နဲ့ နေ့စဉ် (သုံးတင်းအိတ်) ၆၀၀ မှ ၈၀၀ ကြား အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရ ပါ တယ်။ နှစ်စဉ် နှစ်တိုင်းလိုလို တစ်နှစ်ပတ် လုံး အနေအထားအရ ဇူလိုင်လနဲ့ သြဂုတ်လမှာ ဈေးအမြင့်ဆုံးရောက်နေ တတ်ပါတယ်။ ဒါပေမဲ့ အဓိကဝယ် လက်ကြီးဖြစ်တဲ့ အိန္ဒိယ ဝယ်လက် အပေါ် မူတည်ပြီး အရောင်းအဝယ်ပြု လုပ်ကြ ရပါတယ်။ ဒီနှစ်မှာ အိန္ဒိယ ပဲ စိုက်ပျိုးထွက်ရှိမှုကောင်းတဲ့အတွက် မြန်မာနိုင်ငံမှ ပဲများကို ဝယ်ယူမှုအေး တာကြောင့် သူတို့အဓိကဝယ်ယူတဲ့ ပဲ များဖြစ် တဲ့ ပဲစင်းငုံ၊ မတ်ပဲနဲ့ကုလားပဲ တွေ ပြည်ပဈေးကွက်ကျဉ်းမြောင်းသွား ရပါတယ်။ တရုတ်ပြည်မှာ မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် သီးနှံ စိုက် ပျိုးထားတဲ့ ဧရိယာအတော်များများ ပျက်စီးသွားတာကြောင့် ပဲစားသုံးမှု လို အပ်ချက် ဖြစ်ပေါ် လာ တတ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ ပဲစားသုံးမှုလိုအပ်ချက် ကြောင့်မေလနဲ့ဇွန်လအတွင်းမှာ မြန်မာ နိုင်ငံမှ ကုလားပဲ၊ မတ်ပဲနဲ့ ပဲစင်းငုံကို စမ်းသပ်ဝယ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ]မြေ စမ်းခရမ်းပျိုး} ဆိုသလို ဝယ်ယူမှုမှ တစ် ဆင့် ဈေးကွက် ခိုင်မာအောင် ဈေးနှုန်းနဲ့ ပဲရဲ့အရည်အသွေးကို မြင့်မားအောင် ထုတ်လုပ်တင်ပို့ေ ရာင်းချသင့်ပေ မဲ့ေ လာ လောဆယ် မှာ ဈေး ကွက် တစ်ခု ခိုင်မာ အောင်ဆောင်ရွက်သင့်ကြောင်း၊ မိမိတို့ အနေနဲ့ အိန္ဒိယဝယ်လက် တစ်ဆင့်ခံ ရန်ကုန်ဝယ်လက်ကိုရော၊ တရုတ်ဝယ် လက်များကိုပါစည်းရုံးလျက်ရှိကြောင်း၊ ယခင်က အိန္ဒိယဝယ်လက် တစ်ခုတည်း ကိုသာ အားကိုးမဲ့ အစား ဈေး ကွက်ချဲ့ ထွင်ပြီး ပဲ၊ ပြောင်း၊ နှမ်း ဈေးကွက်ကြီး မားတဲ့ တရုတ်ပြည်သို့လည်း ခြေဦး လှည့်သင့်ကြောင်း ပဲပွဲစားကုန်သည်ကြီး တစ်ဦး မှ ပြောကြားကြောင်း သိရပါ တယ်။ ယခင်နှစ်များမှာ ပဲစင်းငုံကို မြန်မာ နိုင်ငံရဲ့ အနောက်ဖက်အရပ်မှာရှိတဲ့ အိန္ဒိယနိုင်ငံကိုသာ အဓိကထား ရှေး ရှုပြီးအရောင်းအဝယ်ပြုလုပ်ခဲ့ပေမဲ့ ယခု နှစ်မှာတော့ မြန်မာနိုင်ငံရဲ့အရှေ့ပိုင်း ပဲတီစိမ်း၊ နှမ်းမျိုးစုံနဲ့ပြောင်းမျိုးစုံ ဈေး ကွက်ကြီး မားတဲ့ တရုတ်ပြည်ကို ပဲစင်းငုံ (နီ) ရော၊ ပဲစင်းငုံ (ရွှေ) ပါဈေးကွက် ချဲ့ထွင်သင့်ကြောင်း၊ အနောက် အရပ် ဈေး ကွက် ကို မျှော် လင့် သလို အရှေ့ ဖက်ကိုလည်း လျှောက်လှမ်းသင့်ပါ ကြောင်း ...။