Main menu

Background

ဈေးကွက်သို့ ချင်းအစို ချင်းအနုတွေ ဝင်လာတာကြောင့် ဝယ်လက်တို့ ချင်းရင့်ကို စောင့်ဝယ်

Tue, 07/22/2014 - 08:37 -- ydnar

 
ဒီတစ်ပတ်လည်း ချင်းအဝင်ကနည်းနေပါတယ်။ မိုးကဆက်တိုက်ရွာနေတာ ကြောင့် အပင်တွေနှုတ်ရ ခက်နေတာရယ်၊ အဝယ်က လည်း ပါးနေတာရယ်ကြောင့် အဝင်နည်းနေတယ်လို့ သိရပါတယ်။လောလောဆယ်Export ဝယ်လက်တွေက လည်း ပြန်နားနေ ပါတယ်။ ပြည်ပဝယ်လက်တွေကလည်း ချင်းနုတွေကို သိပ် မကြိုက်လှပါဘူး၊ အခုချင်းတွေက မိုးရွာတာကြောင့် စိုနေ တာရယ်၊ အနုတွေ ရယ်ပဲများနေတာကြောင့် ဈေးကွက်မှာလည်း ခပ်အေးအေးသာ

အရောင်းအဝယ် ဖြစ်နေပါတယ်။ ချင်းဈေးကလည်း အတော်ကောင်းတာကြောင့် တောင်သူတွေ ကလည်း ပိုက်ဆံလိုချင်လို့ အနုတွေကိုပါ ဖော်ပြီးရောင်းနေကြလို့ ချင်းနုတွေ က ဈေးကွက်မှာ များနေတယ်လို့ သိရပါတယ်။ ဝယ်လက်တွေကတော့ ချင်းအရည် အသွေးကောင်းကောင်းနဲ့ အရင့်တွေ ကို သာ လိုချင်တာကြောင့် ချင်းရင့်တွေဝင်လာမဲ့ အချိန်ထိစောင့်နေကြပါတယ်။ ရာသီဥတုကြောင့် ပစ္စည်းအဝင်နည်းသလို အဝယ် ကလည်းနည်းနေပါတယ်။ ချင်းခြောက်ကလည်း ဝယ်လက်ကြီးကြီးမားမား မရှိဘဲ၊ ပြည်တွင်းသုံး အတွက် ဈေးပတ်သမားနဲ့ ပရဆေး ဆိုင်တွေ ကသာ ဝယ်ယူနေလို့ အရောင်းအဝယ်ကလည်း ခပ်မှန်မှန်သာ ရှိနေပါတယ်။ ဟိုပုံးချင်းတွေလည်း ဈေးကွက်မှာ အဝင်နည်းနေပါသေးတယ်၊ အရင်တစ်ပတ် က တစ်ပိဿာကို ၁၃၀၀ ကျပ် ဈေးထိတက်ခဲ့ပေမဲ့ ဒီတစ်ပတ်တော့ ဈေးပြန်ကျ လာပါတယ်။ ဇူလိုင်လမှသာ အဝင်များလာနိုင်တယ်လို့လည်း ဒေသခံတွေက ဆိုပါ တယ်။ အခုရက်ပိုင်းမှာတော့ တစ်ရက်ကို ပိဿာချိန် လေးထောင်ခန့်သာ အဝင်ရှိပြီး တစ်ပတ်ကို ပျမ်းမျှ နှစ်သောင်း၊ သုံးသောင်းခန့်တော့ အဝင်ရှိနေပါတယ်။ ဒီတစ်ပတ်မှာလည်း တောင်ကုတ်ဝယ်လက်တွေက ဟိုပုံးချင်းကို ဆင်းပြီးဝယ်နေလို့ တစ်ပတ်အတွင်း ချင်းစို ပိဿာချိန်ပေါင်း နှစ်သောင်း၊ သုံးသောင်းခန့် အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ်ချင်းပေါက်ဈေးတွေက အောင်ပန်းဈေးကွက်မှာ ချင်းစို တစ်ပိဿာ ၁၁၀၀ ကျပ်-၁၁၅၀ ကျပ်၊ ချင်းခြောက်က ၂၃၀၀ ကျပ်၊ ဟိုပုံး မှာ ချင်းစို တစ်ပိဿာ ၁၁၅၀ ကျပ်နဲ့ ချင်းခြောက်က တစ်ပိဿာ ၂၃၀၀ ကျပ်-၂၄၀၀ ကျပ်ဈေးရှိပါတယ်။