Main menu

Background

တမူးနယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် အိန္ဒိယသို့ ကြက်သွန်နီတင်ပို့မှုများလာ

Tue, 07/22/2014 - 08:39 -- ydnar

 
မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး တမူး မြို့မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ကြက်သွန်နီ တင်ပို့မှုများပြားလာတယ်လို့ ဒေသခံ ကုန်သည်များပြောကြားချက်အရသိရပါတယ်။ ယခင်က ချင်းတောင်ဘက်ကလာတဲ့ ကြက်သွန်နီတွေ အပို့များတယ်။ ချင်းတောင်ကြက်သွန်ကုန်သွားမှ မုံရွာ၊ ပခုက္ကူ ဘက်က

လာတဲ့အောက်ကြက်သွန်နီတွေကို ပို့ကြတယ်။ ချင်းတောင်ဘက်ကလာတဲ့ ကြက်သွန်နီတွေက ဈေးသက်သာပြီး မုံရွာ၊ ပခုက္ကူဘက်ကလာတဲ့ ကြက်သွန်နီတွေ က ဈေးနည်းနည်းပိုပေးရတယ်။ ချင်းတောင်ကြက်သွန်တွေက တစ်ပိဿာကို ကျပ် ၃၀၀ လောက်ကနေ စဝယ်ပြီး ကျပ် ၄၅၀ ဝန်းကျင် ထိ ဝယ်ရတယ်။ မုံရွာ၊ ပခုက္ကူ ကြက်သွန်ကိုတော့ တစ်ပိဿာ ကျပ် ၅၀၀ လောက်နဲ့စဝယ်ပြီး ပို့ရတယ်လို့ ကြက်သွန်ကုန်သည် တစ်ဦးမှပြောပါတယ်။ မြန်မာ အိန္ဒိယနယ်စပ်တွင် အိန္ဒိယဘက်မှ ကုန်သည်များက ကြက်သွန်နီတစ်ကီလိုကို ၂၇ ရူပီး၊ ၂၈ ရူပီးခန့်ပေး၍ ဝယ်ကြပြီး ကြက်သွန်နီကို အများအပြားဝယ်ယူလိုကြတယ်လို့သိရပါတယ်။ ယခုတစ်ပတ် ဇူလိုင်လ ၅ ရက်နေ့မှ ၁၁ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး တမူးနယ်စပ် ကုန် သွယ်ရေးမှတစ်ဆင့် အိန္ဒိယကို ကြက်သွန်နီ ၈၅ တန် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၆၈၀ သန်းခန့် တင်ပို့နိုင်တယ်လို့ တမူးနယ်စပ်မှ သိရပါတယ်။