အခုနှစ်ပိုင်းမှာ နနွင်းအဝင်က တစ်ပတ်ထက်တစ်ပတ် ပိုပြီးနည်းလာပါတယ်။ ဝယ်သူကော၊ ရောင်းသူကပါ ချင်း လောက် အားမသန်ကြတာကိုလည်း တွေ့ရပါတယ်။အောင်ပန်း ဈေးကွက်မှာဆိုရင် ပြည်တွင်းသုံးဈေးပတ်သမား တွေနဲ့ ပရဆေး ဆိုင်တွေ အတွက်သာ ဝယ်ယူမှုရှိပါတော့တယ်။ မိုးရွာတာကြောင့်လည်း အရောင်းအဝယ်က ပါးနေတယ်လို့ သိရပါ တယ်။
ပြည်ပ ဝယ်လက်တွေကလည်း နားနေတော့ အရင်လို ချင်းဝယ်ရင်း ကြုံလို့နနွင်းကိုပါ ကောက်ပြီး ဝယ်သွား တတ်တာကြောင့် တစ်ပတ်ကို မရောင်းရဘူးဆိုရင်တောင် ပိဿာချိန် သောင်းဂဏန်းခန့်တော့ အရောင်းအဝယ်အမြဲ ဖြစ်ပါတယ်။ ဟိုပုံး နနွင်းကလည်း အဝင်ပါးသွားပါပြီ၊ ဒီတစ်ပတ် မူဆယ် ဝယ်လက်တွေက အဝယ်ရှိပေမဲ့ သူတို့ကလည်း လို ချင်သေ လာက်သာအကန့်အသတ်နဲ့ ဝယ်နေတာကြောင့် သိပ် များများစားစား အလုပ်မဖြစ်ဘူးလို့ သိရပါတယ်။ တစ်ပတ် အတွင်းမှာ လည်း ပိဿာချိန် ရှစ်ထောင်ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်နနွင်း ဈေးကွက်မှာ နနွင်း တစ်ပိဿာ ပေါက်ဈေးတွေက အောင်ပန်း ဈေးကွက်မှာ အနိမ့်ဆုံး ၈၀၀ ကျပ်မှ အမြင့်ဆုံး ၁၃၀၀ ကျပ်၊ ဟိုပုံးမှာ တစ်ပိဿာ ၁၀၀၀ ကျပ်ဈေးရှိပါတယ်။