မိုးရာသီကြောင့် ဈေးကွက်အတွင်းငြိမ်နေတဲ့ဘိလပ်မြေ
၂၀၁၄ ဇူလိုင်လ ၆ ရက်မှ ဇူလိုင်လ ၁၂ ရက်သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် တစ်သောင်း ရှစ်ထောင်ကျော်ရှိခဲ့တယ် လို့သိရပါတယ်။ဒီတစ်ပတ်မှာဘိလပ်မြေတန်ချိန်သုံးသောင်းတစ်ထောင်ကျော်အဝင် လျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ် ဘိလပ်မြေအဝင်မှာ တန်ချိန်တစ်သောင်းခြောက်ရာကျော် ရှိခဲ့ပြီးယခင်တစ်ပတ် အဝင်မှာတန်ချိန်လေးထောင့် သုံးရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန်ခြောက်ထောင်နှစ်ရာကျော်အဝင် ပိုခဲ့တယ်လို့ သိရပါတယ်။ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှ ဘိလပ်မြေအဝင်လျော့ ခဲ့ပေမဲ့ နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်ပိုခဲ့တယ်လို့ သိရပါတယ်။
မန္တလေးဈေးကွက် မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာအရောင်းအဝယ် ပုံမှန်ရှိတယ်လို့သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးမှာ အေသုံးလုံးဘိလပ်မြေ ၄၉၀၀ ကျပ်၊ မြန်မာဆင် ၄၇၀၀ ကျပ်၊ ဆင်မင်း (ကျောက် ဆည်) ၄၇၀၀ကျပ်၊ကျားခေါင်းဘိလပ်မြေ၄၆၀၀ကျပ်၊ မြင်းခေါင်း ဘိလပ်မြေ၄၆၀၀ ကျပ်၊ဆင် (ထိုင်း) ၆၉၀၀ ကျပ်၊စိန်(ထိုင်း) ၆၉၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ် လို့ ၆၂ လမ်း၊၂၈ထ၂၉ ကြားမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာအဝယ် လိုက်တယ်လို့သိရ ပါတယ်။ဒီတစ်ပတ် မှာ ဈေးကွက် ထဲမြင်းခေါင်းဘိလပ်မြေက ပစ္စည်းပြတ်နေတယ်လို့သိရပါတယ်။ပစ္စည်းပြတ်ပေမယ့် ဈေးကအတက်အကျမရှိဘူး လို့ သိရပါတယ်။ ဆင်(ထိုင်း) ဘိလပ်မြေကငါးဆယ်ကျပ်ဈေးမြင့်ပြီး စိန်(ထိုင်း) က ၁၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေက ၂၂၅ ကျပ် ဈေးကျ လာပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်တဲ့ ဈေးက ဆင် (ထိုင်း) ဘိလပ်မြေ ၄၉၀၀ကျပ် ၊ မြင်းခေါင်း ဘိလပ်မြေ၄၂၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ ၄၀၀၀ ကျပ်၊ စိန်ဘိလပ်မြေ ၄၇၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့သိရပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာအရောင်းအဝယ် ပုံမှန်ရှိ တယ်လို့သိရပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိနေပေမယ့် ဘိလပ်မြေဈေးက ဒီတစ် ပတ်မှာလည်း ဈေးငြိမ်နေတယ်လို့သိရပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ် ဖြစ်နေတဲ့ဈေးမှာ ဆင်(ထိုင်း) ၆၅၀၀ ကျပ်၊ မက်စ်(မြန်မာ) ၅၀၀၀ ကျပ်၊မြင်းခေါင်း ၄၅၀၀ ကျပ်၊ ဆင်(မြန်မာ) ၅၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ် တယ်လို့ အိမ်ဆောက် ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ သိရှိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာအရောင်းအဝယ် ပုံမှန်ရှိ ပေမဲ့ ဘိလပ်မြေဈေးက အပြောင်းအလဲသိပ်မရှိဘူးလို့ သိရပါတယ်။ ဈေးကွက်ထဲ ဒီတစ်ပတ်မှာ ဆင်(ထိုင်း) နဲ့ စိန်ဘိလပ်မြေများ ဝင်လာပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း အဆက်မပြတ်ရှိနေတာကြောင့် အဝယ်လိုက်တယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်တဲ့ ဈေးမှာ ဆင်တံဆိပ်ဘိလပ်မြေ ၅၃၅၀ ကျပ်၊ စိန်ဘိလပ်မြေ ၅၂၅၀ ကျပ်၊ အပါချီ ဘိလပ်မြေ ၅၀၀၀ ကျပ်၊ ကြံ့ဘိလပ်မြေ ၄၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘုရင့်နောင်မှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။
