ဒီတစ်ပတ်ဓာတ်မြေသြဇာအဝင်ပို
ကန်ဒေါ်လာ ကိုးသိန်းလေးသောင်းကျော်တန်ဖိုးရှိ မြေသြဇာ ၃၇၃၈ တန်ကို ဇူလိုင် ၆ ရက်မှ ၁၂ ရက်သီတင်းပတ်အတွင်း လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှမှာယူတင်သွင်းခဲ့ပါတယ်။ဒီတစ်ပတ်မှာအင်ဒိုနီးရှားနိုင်ငံမှ မြေသြဇာ တန်ချိန် ၅၀၀ ၊ စင်ကာပူနိုင်ငံမှ မြေသြဇာ ၂၆၂ တန်၊ ထိုင်းနိုင်ငံမှ မြေသြဇာ ၁၀၁၄ တန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ ၄၈ တန်၊ မလေးရှားနိုင်ငံမှ မြေသြ ဇာ တန်ချိန် ၁၂၀ နဲ့ တရုတ်နိုင်ငံမှ မြေသြဇာ ၁၇၉၄ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဝင်လာ တဲ့မြေသြဇာအမျိုးအစားများမှာ ကွန်ပေါင်း၊ ပိုတက်၊ အမိုး နီးယမ်းဆာလဖိတ် စတဲ့မြေသြဇာများဝင်လာတယ်လို့ သိရပါတယ်။ ယခင်သီတင်း ပတ်မြေသြဇာအဝင်နဲ့ ယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် တစ်ထောင့်ခြောက်ရာကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။
