အရောင်းအဝယ်သိပ်မဖြစ်ပေမယ့် ဈေးအတက်အကျရှိနေတဲ့ဓာတ်မြေသြဇာ

၂၀၁၄ ဇူလိုင်လ ၆ ရက် မှ ဇူလိုင်လ ၁၂ ရက်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာတန်ချိန် သုံးသောင်းခုနစ်ထောင်ကျော် အဝင်ရှိခဲ့ တာကြောင့် ယခင်တစ်ပတ်အဝင်နဲ့ ယှဉ်ရင် ဒီတစ်ပတ်မှာတန်ချိန်တစ်ထောင်ခြောက်ရာကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်နယ်စပ်လမ်းမှ မြေသြဇာအဝင်မှာ တန်ချိန် နှစ်သောင်း ငါးထောင်သုံးရာကျော်ရှိခဲ့ပြီး ဒီတစ်ပတ်မှာ တန်ချိန် နှစ်ထောင် ခြောက်ရာကျော်အဝင်ပိုခဲ့ပါတယ်။ဒါကြောင့်ဒီတစ်ပတ်ရေကြောင်းလမ်းမှမြေသြဇာ အဝင်ပိုခဲ့သလို နယ်စပ် လမ်း မှ လည်း မြေသြဇာအဝင်ပိုခဲ့တယ်လို့ သိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ်မြေသြဇာအရောင်းအဝယ် နည်းနည်း ဖြစ်ပေမဲ့လ ည်း မြေသြဇာဈေးများငြိမ်နေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ဈေးနှုန်းတွေမှာပုလဲ-အသေး ၄၆ရာခိုင်နှုန်း (ရွှေတုံး ၊ ရွှေပျား ၊ရွှေတောင်-တရုတ်) ၁၈၈၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ၃၃၀၀၀ ကျပ်၊ ကွန်ပေါင်း(ပန်းရောင်)(ထိုင်း) ၂၇၀၀၀ ကျပ်၊ ကွန်ပေါင်း၁၆း၁၆း၈(မြင်းပျံ၊ထိုင်း)၂၇၀၀၀ ကျပ်၊ တီစူပါ ၄၆ရာခိုင်နှုန်း (သံကွင်း-တရုတ်) ၂၀၂၀၀ ကျပ်၊ တီစူပါ၁၆ရာခိုင်နှုန်း (မြားကမ္ဘာ- တရုတ်) ၁၂၀၀၀ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာကဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန် ရှိတယ်လို့သိရပါတယ်။ဒီတစ်ပတ်မှာ ပုလဲမြေသြဇာ နဲ့ ၁၅ ပတ်လည် မြေသြဇာ တွေက အဝယ်လိုက်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုလဲမြေသြဇာနဲ့ တီစူပါ ၁၂ရာခိုင်နှုန်း မှာဈေးအနည်းငယ်မြင့်လာပြီးတီစူပါ၁၆ရာခိုင်နှုန်းနဲ့ တီစူပါ (၁၀း၁၀း၅) မှာ ဈေးအနည်းငယ်ကျလာကာ ကျန်မြေသြဇာ များမှာ ဈေးငြိမ်ပြီး အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေး ကွက်ထဲအရောင်းအဝယ်ဖြစ်တဲ့ဈေးမှာ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၁၈၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၀၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်)  ၁၈၅၀၀ ကျပ်၊ တီစူပါ ၁၂ ရာခိုင်နှုန်း(တရုတ်) ၁၀၈၀၀ ကျပ်၊ တီစူပါ ၁၆ရာခိုင်နှုန်း(တရုတ်) ၁၀၃၀၀ ကျပ်၊ တီစူပါ(၁၅း၁၅း၁၅-တရုတ်) ၃၅၅၀၀ ကျပ်၊ တီစူပါ(၁၀း၁၀း၅-တရုတ်) ၁၄၃၀၀ ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၂၅၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၄၅၀၀ကျပ်၊ ယူရီး ယား(ယူအေအီး) ၁၉၅၀၀ ကျပ်၊ မြားကမ္ဘာ ၁၄၈၀၀ ကျပ်ဈေးရှိတယ်လို့ အရှေ့ မြို့ပတ်လမ်းမှာရှိတဲ့ မြေသြဇာအရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။မကွေးမြေသြဇာဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန်ရှိပေမယ့် ဈေးအမြင့်အနိမ့်မှာ နှစ်ရာကျပ်မှ ငါးရာကျပ် အတွင်းသာရှိခဲ့ပါ တယ်။ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ မြားကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ၊ အစိမ်း) ၁၄၀၀၀ ကျပ်၊ ဆင်(၁၀း၁၀း၅) ၁၃၅၀၀ ကျပ်၊  အာမို (၁၀း၁၀း၅) ၁၄၅၀၀ ကျပ်၊ အာမို(၁၅း၁၅း၁၅) ၃၅၀၀၀ ကျပ်၊ယူရီယား-ပုလဲ(ပန်းဖူး-တရုတ်) ၁၉၀၀၀ကျပ်၊ ယူရီး ယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၇၇၀၀ ကျပ်၊ တီစူပါ (မြားနီ-တရုတ်) ၁၈၅၀၀ကျပ် ၊အောင်ကမ္ဘာ (၁၀း၁၀း၅)၁၄၀၀၀ကျပ်၊ပိုတက်၂၄၅၀၀ ကျပ်၊ တောင်သူမ ၁၄၀၀၀ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ် တယ် လို့ ဈေးကွက် အတွင်းမှ စုံစမ်းသိရပါတယ်။မန္တလေးဈေးကွက်မှာဒီတစ်ပတ် မှာ မြေသြဇာကအရောင်းအဝယ်သွက် သလိုမြေသြဇာဈေးတွေလည်း အနည်း ငယ် တက် လာတယ်လို့ သိရပါတယ်။ဈေးတက်တာကလည်း ယခင်တစ်ပတ် ဈေးထက်နှစ်ရာကျပ်မှ ငါးရာကျပ် အတွင်း သာ ဈေးမြင့်လာ တယ်လို့သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ယူရီးယား(ရွှေတောင်-တရုတ်) ၁၆၆၀၀ ကျပ်၊ တီစူပါ(GTSP၄၆ရာခိုင်နှုန်း- တရုတ်) ၁၇၄၀၀ ကျပ်၊တီစူပါ(GSSP ၁၂ ရာခိုင် နှုန်း-တရုတ်)၈၅၀၀ကျပ်၊ ကွန်ပေါင်း (၁၀း၁၀း၅) ၁၂၆၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးထံမှ စုံစမ်းသိရှိရပါတယ်။