Main menu

Background

မူဆယ်မှတင်ပို့တဲ့ နှမ်းရောင်စုံ

Wed, 07/23/2014 - 09:05 -- ydnar

 
၂၀၁၄ ခုနှစ် ဇူလိုင်လ ၅ ရက်မှ ၁၁ ရက်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၃၇၁ သန်းတန်ဖိုးရှိ  နှမ်းရောင်စုံ ၁၁၄၉ တန်ကျော်ကို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်စခန်း တို့မှ တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က   မူဆယ်နဲ့ ချင်းရွှေဟော် ကနေ နှမ်း ရောင်စုံ ၁၃၆၃ တန်တင်ပို့နိုင်ခဲ့လို့ ယခုအပတ် နှမ်းတင်ပို့မှု ၂၁၃ တန်ခွဲ လျော့နည်းသွားခဲ့တာ တွေ့ရပါတယ်။

မူဆယ် ကုန်စည်ဒိုင်မှာ ယခင်အပတ်က နှမ်းဖြုတစ်တန်ကို ၂၁၁၂၆၄၆ ကျပ်မှ ယခုအပတ်တွင် ၂၁၀၄၄၃၂ ကျပ်သို့ လည်းကောင်း ၊ နှမ်းနက်တစ်တန် ၂၁၉၀၇၁၀ ကျပ်မှ ၂၁၈၂၁၉၃ ကျပ်သို့ လည်းကောင်း နှမ်းဈေးတွေ ထပ်မံ ကျ ဆင်းသွားခဲ့တယ်လို့ သိရပါ တယ်။ မန္တလေး-မူဆယ်ကုန်စည်သယ်ယူခမှာ နှမ်း တစ် ပိဿာကို ယခုအပတ် ၇၁ ကျပ် ဖြစ်လို့ ယခင်အပတ်သယ်ယူခ ၆၆ ကျပ် ထက် မြင့်တက်သွားခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့တဲ့ နှမ်းရောင်စုံ တန်ချိန်တွေ ဖော်ပြပေးလိုက်ပါတယ် -တန်ချိန်-ကိန်းပြည့်နှမ်းအမျိုးအစား     မူဆယ်    ချင်းရွှေဟော်နှမ်းဖြူ                 ၄၀        ၅၂၇နှမ်းနက်              ၄၄        ၄၄၂နှမ်းညို                ၁၈           -နှမ်းနီ                 ၄၄            -နှမ်ဖြူ (အခွံချွတ်)    ၃၆                -ဖြစ်ပါတယ်။