Main menu

Background

မုံရွာကုန်စည်ဒိုင် ဇူလိုင်ဒုတိယပတ် ဆီထွက်သီးနှံဈေးကွက် ဝယ်လိုအားသွက်လို့ ဈေးအနည်းငယ်တက်လာ

Wed, 07/23/2014 - 09:10 -- ydnar

 
မုံရွာကုန်စည်ဒိုင် ဇူလိုင်လ ဒုတိယ ပတ် ဆီထွက်သီးနှံဈေးကွက်မှာ ပြီးခဲ့တဲ့ ရက်ပတ်ကထက် မြေပဲ၊ နှမ်းနဲ့ ပဲဆီေ တွ ဈေး တက်လာတာ တွေ့ရပါတယ်။

 
ယခုအပတ်ထဲက တရုတ်ဝယ်လက်ကမြေပဲဆန်တွေစဆွဲနေသလို အရည်အသွေး စစ်ဆေးဝယ်ယူကာ ဈေးပိုပေးတဲ့ အ တွက်ဒေသခံကုန်သည် လှောင် လက်တွေသာမက နယ်စုံက တောင်သူ လှောင်လက်တွေပါ ဒိုင်မှာ အရောင်းရှိခဲ့ တယ်လို့ သိရပါ တယ်။ ပြီးခဲ့တဲ့အပတ် ကတစ်ပိဿာ ၁၇၀၀ ကျပ်သာ ပေါက် ခဲ့တဲ့ မြေပဲဆန်ဖြူ၊နီဟာယခုအပတ်မှာ အဖြူတစ်ပိဿာ၁၇၅၀ ကျပ်၊ အနီတစ် ပိဿာ ၁၇၇၅ ကျပ်ထိ ဈေးအနည်း ငယ် မြောက်လာခဲ့ပါတယ်။ မြေပဲဆန်နည်းတူ နှမ်းမျိုးစုံ ဈေး ကွက်လည်း ယခုတစ်ပတ်မှာ နယ်ဝယ် လိုအားကောင်းလို့ နေ့စဉ်တက်ဈေး ဖြစ်ပေါ် ခဲ့ရာ နှမ်းညို တစ်တင်း ၃၆၅၀၀ ကျပ်မှ ၃၇၀၀၀ ကျပ်နဲ့ နှမ်းဖြူတစ်တင်း ၄၃၀၀၀ ကျပ်မှ ၄၅၀၀၀ ကျပ်အသီးသီး ဖြစ်ပေါ်ခဲ့ပါတယ်။ ဝယ်လက်အားဖြင့်စင်ကာပူအတွက် ရန်ကုန် ဝယ်လက် ဝယ်လိုအားကောင်းနေပြီး နယ်ကဝင်လာသမျှ အရောင်းအဝယ်ဖြစ် ခဲ့ ကာ တစ်ရက်နှမ်းမျိုးစုံ အိတ် ၁၀၀၀ ဝန်းကျင် ရှိ နိုင်တယ်လို့ ဒိုင်ရပ်ကွက်က သိရပါ တယ်။ ယခုတစ်ပတ်စားသုံးဆီ ဈေးကွက် ကလည်း ကျွဲကူးရေပါဆိုသလို ကုန် ကြမ်း ဈေးတက်သလို ဆီဈေးတချို့ တက်ခဲ့ရာ ပဲဆီတ စ်ပိဿာ ယခင် ၂၉၅၀ ကျပ်မှ ၃၀၅၀ ကျပ်ထိ ပေါက် ခဲ့ပြီး နှမ်းဆီ တစ်ပိဿာ ၄၅၀၀ ကျပ်နဲ့စားအုန်းဆီ တစ်ပိဿာ ၁၆၄၀ ကျပ် အသီး သီး ဈေးဆက်လက်မာနေတာ တွေ့ရပါတယ်။ နေကြာဆီကတော့ ဒိုင်ဈေး တစ်ပိဿာ ၂၇၀၀ ကျပ်ခန့် ရှိပြီး လက်လီဈေးကွက်မှာတော့ ၃၀၀၀ကျပ်ကနေ ၃၂၀၀ကျပ်ထိ ရှိတယ်လို့ သိရပါတယ်။ ယခုလိုဆီထွက်သီးနှံဈေးကွက် ဖွံ့ဖြိုး ကောင်းမွန်နေတဲ့အတွက် မုံရွာ ခရိုင်အတွင်း ယခုနှစ် ဆီထွက်သီးနှံ စိုက်ပျိုးမှု မနှစ်က ထက် ပိုမိုခဲ့ရာ မိုး နှမ်းစိုက်ဧက ၁၁၃၄၅၀ နဲ့ မိုးမြေပဲ ၃၄၆၀၀ဧကထိစိုက်ပျိုးထားပြီးဖြစ်တယ် လို့ ကိန်းဂဏန်းများအရသိရပါတယ်။