Main menu

Background

မလေးရှားရင်းဂစ်တန်ဖိုး မြင့်တက်မှုကြောင့် စားအုန်းဆီဈေးနှုန်းကျဆင်း

Wed, 07/23/2014 - 09:52 -- ydnar

 
မလေးရှား ရင်းဂစ်တန်ဖိုး ခိုင်မာမှုက စားအုန်းဆီဈေးနှုန်းကို ဆွဲချခဲ့တဲ့ အတွက်မလေးရှားစားအုန်းဆီက ယခင် ကမြင့်တက် ခဲ့တဲ့ဈေးနှုန်း ကိုထိန်းမထား နိုင်ဘဲ ဇူလိုင် ၁၇ ရက်နေ့က ဈေးနှုန်း ကျဆင်းခဲ့တာကိုတွေ့ရပါတယ်။ဒါပေမဲ့ ပို့ကုန် ဝယ်လို အား မြင့် မားလာတာနဲ့ ယခုလအတွင်းမှာ ဟင်းသီးဟင်းရွက်ဆီ ရောင်းလိုအားနည်းလာတာတွေ ကြောင့် စားအုန်း ဆီဈေးနှုန်း ကျဆင်း တာကို သက်သာမှု ရရှိစေခဲ့ပါတယ်။

မလေးရှား ကုန်စည်ဒိုင်ဖြစ်တဲ့Bursa Malaysia Derivatives Exchange   မှာ ဈေးပိတ်ချိန်က စား အုန်းဆီက သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ၂၂၉၀ ရင်းဂစ် (၇၂၁ ဒေါ်လာ)နှုန်းနဲ့ ဈေးပိတ်ခဲ့ပါ တယ်။ အဲဒီနေ့ ညနေပိုင်းမှာ ဈေးနှုန်း တွေက တစ်တန်ကို ၂၂၈၅ ရင်းဂစ်နှုန်း ထိ ရောက်ရှိခဲ့တဲ့အတွက် ကိုးလအတွင်း အနိမ့်ဆုံး ဈေးဖြစ်ခဲ့ပါတယ်။ ဇူလိုင် ၁၇ ရက်က စုစုပေါင်း ရောင်းချရတဲ့ ပမာဏက ၂၅ တန်ရှိ အတွဲပေါင်း ၄၇၀၉၇ တွဲရှိခဲ့တဲ့အတွက်ပျမ်းမျှရောင်းချရတဲ့ အတွဲဖြစ်တဲ့ ၃၅၀၀ အထက်မှာရှိနေပါတယ်။ ''ဒီကနေ့ မနက် အမြင့်ဆုံးဖြစ်တဲ့ စားအုန်းဆီဈေးက တစ်တန်ကို ၂၃၂၀ ရင်းဂစ်ကို ထိုးဖောက်နိုင်စွမ်းမရှိခဲ့ပါ ဘူး။ အနိမ့်ဆုံးေ ဈးကတော့ တစ်တန်ကို ၂၂၈၀ ရင်းဂစ်နှုန်းသာရှိခဲ့ပါတယ်''လို့ ပြည်တွင်း ကုန်စည်အကျိုးဆောင် လုပ်ငန်းကကုန်သည်တစ်ဦး က ပြောပါတယ်။ မလေးရှားရင်းဂစ်ကဇူလိုင်လ ၁ရက်နေ့မှာ သုညဒသမ ၃၆ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ဒေါ်လာကို ၃ ဒသမ ၁၇၆၅ ရင်းဂစ်နှုန်း ရှိခဲ့ပါတယ်။ ဒါ ကြောင့် ပင်လယ်ရပ်ခြားရင်းနှီးမြှုပ်နှံ သူတွေနဲ့ စားအုန်းဆီ သန့်စင်ကြိုချက် ရေးလုပ်ငန်းတွေက စားအုန်းဆီကို စိတ် ဝင်စားမှု နည်းခဲ့ပါတယ်။