Main menu

Background

အီးယူတွင် အလုပ်နေရာလစ်လပ်မှုနှုန်း မြင့်တက်

Wed, 07/23/2014 - 10:01 -- ydnar

 
၂၀၁၄ ခုနှစ်၊ ပထမသုံးလပတ် တွင် အီးယူ၌ အလုပ်နေရာလစ်လပ် မှုနှုန်း  (Job Vacancy Rate-JVR)သည် ၁ ဒသမ ၆ ရာခို င်နှုန်း ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်၊ စတုတ္ထ သုံးလပတ်တွင် ၁ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ်၊ ပထမ သုံးလပတ်တွင် ၁ ဒသမ ၅ ရာ ခိုင်နှုန်းထက်ပိုမိုမြင့်တက်လာခဲ့ကြောင်း၊ အလားတူ ၂၀၁၄ ခုနှစ်၊ ပထမ သုံး လပတ်တွင်ယူရိုဇုန်၌ အလုပ်နေရာ လစ်လပ်မှုနှုန်း သည် ၁ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၃ ခုနှစ်၊ စတုတ္ထ သုံးလပတ် ၁ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ်၊ ပထမသုံးလပတ် ၁ ဒသမ ၆ ရာခိုင်နှုန်းထက် ပိုမိုမြင့် တက်လာ ခဲ့ကြောင်း၊

၂၀၁၄ခုနှစ်ပထမသုံးလပတ် ၌ အီးယူရှိ စက်မှုလုပ်ငန်း ကဏ္ဍနှင့် ဆောက် လုပ်ရေးလုပ်ငန်းကဏ္ဍတို့တွင် အလုပ်နေရာလစ်လပ်မှုနှုန်းသည် ၁ ဒသမ ၁ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍတွင် အလုပ်နေရာလစ် လပ်မှုနှုန်းသည် ၂ ဒသမ သုည ရာခိုင် နှုန်းရှိကြောင်း၊ ယူရိုဇုန်ရှိစက်မှု လုပ် ငန်း ကဏ္ဍနှင့် ဆောက် လုပ်ရေး လုပ်ငန်းကဏ္ဍတို့တွင် အလုပ်နေရာလစ်လပ်မှု နှုန်းသည် ၁ ဒသမ ၁ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် အလုပ် နေရာ လစ်လပ်မှုနှုန်းသည်  ၂ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၁၄ ခုနှစ်၊ ပထမသုံးလပတ်တွင် အလုပ်နေရာ လစ်လပ် မှုနှုန်း အမြင့် ဆုံး ဖြစ်ပေါ်ခဲ့ သည့် အီးယူအဖွဲ့ဝင်နိုင်ငံများမှာ ဂျာမနီ နိုင်ငံ ၂ ဒသမ ၉ ရာခိုင်နှုန်း၊ ဗြိတိန် နိုင်ငံ ၂ ဒသမ ၁ ရာခိုင်နှုန်း နှင့် ဘယ်လ်ဂျီယံနိုင်ငံ ၂ ဒသမ သုည ရာခိုင်နှုန်း တို့ဖြစ်ကြောင်း၊ အလုပ် နေရာ လစ်လပ်မှုနှုန်း အနိမ့်ဆုံး ဖြစ် ပေါ်ခဲ့သည့် အီးယူ အဖွဲ့ဝင်နိုင်ငံများမှာ ဆိုက်ပရပ် သုည ဒသမ ၂ ရာခိုင်နှုန်း၊ ပိုလန်နိုင်ငံ သုည ဒသမ ၄ ရာခိုင်နှုန်း နှင့် လက်ဗီးယားနိုင်ငံ သုည ဒသမ ၅ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း အီးယူ စာရင်းအင်းရုံးက ထုတ်ပြန်ကြေညာခဲ့ သည့် ကိန်ဂဏန်း အချက်အလက်များ အရ သိရှိရ ပါသည်။Job Vacancy Rate (JVR)= (number of job vacancies )/(number of occupied posts + number of job vacancies)