Main menu

Background

တောင်ကိုရီးယားအမျိုးသားကျန်းမာရေး အာမခံစနစ် ၂၀၁၆ ခုနှစ်တွင် အရှုံးပေါ်နိုင်

Wed, 07/23/2014 - 10:36 -- ydnar

 
ကိုရီးယားအမျိုးသား ကျန်းမာရေး အာမခံလုပ်ငန်း၏ ကိုယ်တိုင်ဆန်းစစ် ချက်အရအာမခံစနစ်သည် လက်ရှိပရီမီယံနှုန်းထား အတိုင်းသာ ကောက်ခံ သွားပါက ၂၀၁၆ ခုနှစ်တွင် တစ် ထရီလီယံဝမ်ခန့် အရှုံးပေါ်နိုင်သည်ဟု ဆိုသည်။ ဇွန်လ ၂၇ ရက်တွင် ပြု လုပ်ခဲ့ေ သာဘုတ်အဖွဲ့အစည်းအဝေး အရ ယခုနှစ်တွင် ပရီမီယံ ဝင်ငွေ ၄၈ယ၃၄၈ ဒသမ ၉ ဘီလီယံဝမ်နှင့် သုံးစွဲ ငွေသည် ၄၅ယ၈၂၆ ဒသမ ၅ ဘီလီယံ ဝမ်ရှိခဲ့၍ အပိုငွေ ၂ယ၂၂၂ ဒသမ ၄ ဘီလီယံဝမ် ရရှိခဲ့သည်။

လွန်ခဲ့သည့် လေးနှစ်အတွင်း စုစုပေါင်း အပိုဝင်ငွေသည် ၁၀ယ၄၇၂ ဒသမ ၇ ဘီလီယံဝမ်ရှိခဲ့၍ အသား တင်အမြတ်ငွေသည် ၂၀၁၅ ခုနှစ်တွင် ၁၃၂ ဒသမ ၁ ဘီလီယံဝမ် ဖြစ်စေနိုင် သည်။ ၂၀၁၆ ခုနှစ်တွင်မူ ၁ယ၄၆၉ ဒသမ ၇ ဘီလီယံဝမ် အရှုံးပေါ်နိုင် သည်။ ထို့နောက် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တို့တွင် လိုငွေပမာဏသည် ၁ယ၅၆၈ ဒသမ ၄ ဘီလီယံဝမ်နှင့် ၁ယ၉၅၀ ဒသမ ၆ ဘီလီယံဝမ်အဖြစ် တမုဟုတ်ချင်းကြီး ထွားလာနိုင်သည်။ အဆိုပါ ခန့်မှန်းချက်များသည် ၂၀၁၄-၂၀၁၈ ငါးနှစ်တာ နှစ်စဉ်တိုး တက်နှုန်းကို အခြေတည်၍ ဖော်ထုတ် ထားခြင်းဖြစ်ပြီး ယင်းနှစ်များအတွင်း ပရီမီယံဝင်ငွေသည် ၇ ဒသမ ၄ ရာခိုင် နှုန်းသာဖြစ်ပြီး သုံးစွဲငွေသည် ၉ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ခဲ့သည်။ ''မိမိတို့အနေ ဖြင့် အာမခံထားသူများအပေါ် ဝန် ထုပ်ဝန်ပိုးမကျရောက်စေရန် နှစ်စဉ် ပိုငွေများကို စုဆောင်း၍ လိုငွေ များ ပေ ါ်ပေါက်ပါက ဖြေရှင်းသွားမှာဖြစ်ပါ တယ်'' ဟု အမျိုးသား ကျန်းမာရေး အာမခံလုပ်ငန်းက ပြောဆိုခဲ့သော် လည်း ၂၀၁၆ ခုနှစ်တွင် ပိုငွေနှင့် သုံးစွဲ ငွေအချိုး (surplus-to-outlay ratio)သည် ၅ ရာခိုင်နှုန်း အောက်ကျသွား ပါက မည်ကဲ့သို့ဆောင်ရွက်သွားမည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိချေ။ လက်ရှိ ပိုငွေနှင့် သုံးစွဲငွေအချိုးသည် ၂၃ ဒသမ ၄ ရာခိုင်နှုန်းဖြစ်နေသည်။