Main menu

Background

၃ လအတွင်း ကိုရီးယားစတော့ရှယ်ယာ တစ်ထရီလီယံဝမ်ဖိုး ဂျပန် ရင်းနှီးမြှုပ်နှံသူများ ဝယ်ယူ

Wed, 07/23/2014 - 10:42 -- ydnar

 
အာရှသားရင်းနှီးမြှုပ်နှံသူများ အနက်ဂျပန်နိုင်ငံသားတို့သည်ကိုရီးယားစတော့များကို အခြားနိုင်ငံများထက်ပိုမိုဝယ်ယူခဲ့သည်။ ကိုရီး ယား FSS က ဇူလိုင် ၉ ရက်နေ့ထုတ် အစီရင်ခံစာ အရ ဧပြီလတွင် ၃ယ၈၁၁ ဘီလီယံဝမ်၊ မေလတွင် ၁ယ၄၅၁ ဘီလီယံဝမ် ဝယ် ယူခဲ့၍ အများဆုံးရှယ်ယာတစ်ခု တန်ဖိုး သည် ၅၀၀ ဒသမ ၃ ဘီလီယံဝမ် ဖြစ်သည်။ အောက်တိုဘာလမှ ယခုနှစ် မတ်လအတွင်း ၎င်းတို့ပြန်လည် ရောင်းချသော စတော့တန်ဖိုးသည် ၇၂၇ ဘီလီယံဝမ်ဖြစ်သည်။

ယခုနှစ် ဧပြီလမှစ၍ ကိုရီးယား စတော့များကို ပြန်လည်ဝယ်ယူလာ ကြပြီး လွန်ခဲ့သောသုံးလအတွင်း၎င်းတို့ ပိုင်ဆိုင်သည့် စတော့ရှယ်ယာ တန်ဖိုး စုစုပေါင်းသည် ၁ယ၀၀၂ ဘီလီယံဝမ် ဖြစ်သည်။ အရှေ့အလယ်ပိုင်းနိုင်ငံများ အနက်ကာတာနိုင်ငံမှ ရင်းနှီးမြှုပ်နှံ သူများသည်ယခင်လကစတော့တန်ဖိုး ၂၆၈ ဒသမ ၁ ဘီလီယံ ဝယ်ယူခဲ့သည်။ မေလတွင် ယူအေအီးနိုင်ငံမှ ၁ယ၁၇၂ ဘီလီယံဝမ် နှင့် ဆော်ဒီအာရေဗျမှ ၅၄၃ ဘီလီယံဝမ် တို့ဝယ်ယူခဲ့၍ ကိုရီး ယားစတော့များကို အများဆုံး ဝယ် ယူခဲ့သည့် နိုင်ငံများဖြစ်ခဲ့သည်။ ဆန့် ကျင်ဘက်အနေဖြင့် ဥရောပနှင့် Cayman ကျွန်းနိုင်ငံ များမှ ၎င်းတို့ စတော့များကို မေလတွင် ၄၇၉ ဘီလီယံဝမ်နှင့် ဇွန်လတွင် ၂၉၉ ဒသမ ၆ ဘီလီယံဝမ် တို့ အသီးသီးရောင်းချခဲ့ကြ သည်။ စင်္ကာပူနှင့်ကနေဒါတို့တွင် လည်းကိုရီးယားစတော့ လက်ဝယ်ရှိမှုသည် ဇွန်လတွင် (-)၂၆၀ ဒသမ ၂ ဘီလီယံ ဝမ်နှင့် (-)၂၅၁ ဒသမ ၃ ဘီလီယံ ဝမ် တို့ အသီးသီး အနုတ်လက္ခဏာ ပြခဲ့ သည်။ ဇွန်လအတွင်း ဗြိတိသျှရင်းနှီး မြှုပ်နှံသူများကလည်း ကိုရီးယား စတော့ရှယ်ယာ ၂၃၇ ဘီလီယံဝမ်ဖိုး ရောင်းချခဲ့သည်ကို တွေ့ရှိရသည်။