Main menu

Background

ထိုင်းနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာပွဲများ ပြန်လည်ကျင်းပနိုင်တော့မည်

Wed, 07/23/2014 - 10:50 -- ydnar

 
ထိုင်းနိုင်ငံအနေဖြင့် ခုနစ်ဆယ့် လေးကြိမ်မြောက်  "FIP World Congress of Pharmacy and Pharmaceutical Sciences 2014" အပါအဝင်အဓိကအပြည်ပြည်ဆိုင်ရာMICE (Meetings,Incentives,Conventions and Exhibitions) ပွဲများကို ယ ခုနှစ် ဒုတိယနှစ်ဝက်နှင့် ၂၀၁၅ တွင် လက်ခံ ကျင်းပမည်ဖြစ်ကြောင်းThailand Convention and Exhibition Bureau (TCEB) က ကြေညာခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ ဈေးကွက်မြှင့် တင်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Uni-city International ကုမ္ပဏီသည် လည်း "Unicity Global Convention"ကျင်းပရန်အတွက် ထိုင်းနိုင်ငံကို ရွေးချယ်ခဲ့ကြောင်း၊ အဆိုပါ Convention  ကိုအောက်တိုဘာ လတွင် ကျင်းပ မည်ဖြစ်ကြောင်း၊ World Puppet Carnival  မှလည်း "Harmony World Puppet Carnival"  ကို ဘန်ကောက် မြို့ ၌ နိုဝင်ဘာလတွင် ကျင်းပရန် ထပ်မံအတည်ပြုပြီးဖြစ် ကြောင်း၊ ံHarmony World Puppet Carnival ူ  သို့ နိုင်ငံပေါင်း ၇၄ နိုင်ငံ (ဥရောပမှ ၆၆ နိုင်ငံနှင့် အာရှမှ ၆ နိုင်ငံ) မှပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းကဲ့သို့ အပြည်ပြည်ဆိုင်ရာပွဲ များကို ထိုင်းနိုင်ငံ၌ ကျင်းပရန် အတည် ပြုခြင်းသည် ထိုင်းနိုင်ငံ၌ နိုင်ငံရေး အပြောင်း အလဲဖြစ်ပေါ်ပြီးနောက် ထိုင်း နိုင်ငံ၏MICE ကဏ္ဍတွင် ယုံကြည်မှု ပြန်လည်ဖြစ်ပေါ်လာသည့်အရိပ်လက္ခဏာ ဖြစ်ကြောင်းTCEB မှ ပြောကြား ခဲ့ပါသည်။