Main menu

Background

စွန့်စားမှုနဲ့ ပြန်လည်ရရှိခြင်း

Wed, 07/23/2014 - 10:57 -- ydnar

စွန့်စားခန်းများ၊ လှုပ်ရှားတက်ကြွမှုများကို လူတော်တော်များများက ကြိုက်နှစ်သက်ကြပါတယ်။ဟောလိဝုဒ် မှ ရုပ်ရှင်များကို လူ အများစွဲစွဲမက်မက် ကြည့်ရှုကြသည်မှာ စွန့်စားခန်းများနဲ့ အောင်မြင်မှုပါသောအချက်များကြောင့် ဖြစ်မယ်ထင်ပါတယ်။ စွန့်စားမှု များကို ဘာကြောင့်ကြိုက်နှစ်သက်ကြပါသလဲ။ ရင်တုန်စိတ်လှုပ်ရှား ရသဖြင့်လည်း ဖြစ် နိုင် ပါတယ်။ အောင်မြင်မှုများကို စွန့် စားမှုများကြားမှ ရရှိခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခြားသော အချက် များမှာ ပေးဆပ်ရမှုတွင် ဖြစ်တန်စွမ်းနှင့် တွက်လျှင်နည်းပါးသော်လည်းရရှိသော အကျိုးအမြတ် များပြားသောကြောင့် လည်း ဖြစ်နိုင်ပါတယ်။ အောင်မြင်မှု ရရှိတာ နဲ့ တစ်ပြိုင်နက် ငွေကြေး၊ ရာထူး၊ သိက္ခာများ၊ ပိုင်ဆိုင်ခွင့်ရရှိမှု များပြား မြင့်မားခြင်းကြောင့်လည်း ဖြစ်နိုင်ပါ တယ်။ စွန့်စားမှုများကို လူအများကြိုက် နှစ်သက်တာကတော့ သေချာပါတယ်။

နိုင်ငံရေးတွင်လည်း နိုင်ငံအတွက်၊ လွတ်လပ်ရေးအတွက် စွန့်စားကြသူများ အများအပြားရှိပါတယ်။ဥပမာ- ရဲဘော် သုံးကျိပ်ဝင်များ၊ မဟတ္တမဂန္ဒီ၊ ဖိလစ်ပိုင် မှဟိုဆေရီဇော်စတဲ့ပုဂ္ဂိုလ်များ၊ စစ်ပွဲများ မှာလည်း စွန့်လွှတ်စွန့်စား မှုများကြော င့် အောင်ပွဲများရယူနိုင်တာကို မြင်တွေ့ ကြရပါတယ်။ အောင်ဆန်းသူရိယဘွဲ့ရ ဗိုလ်တိုက်ချွန်း၊ ရဲဘော်လှသောင်း တို့ ကဲ့သို့ စစ်ပွဲများတွင်စွန့်လွှတ်စွန့်စားဝံ့ သူများကို  သူရဲကောင်းများအဖြစ် သတ်မှတ်ကြပါတယ်။ မာသာထရီစာ၊ ဟင်နရီဒူးနန့်ဘွဲ့ရ စိုင်းအောင်လှိုင်မြင့် စတဲ့ပုဂ္ဂိုလ်တို့ကဲ့သို့ လူမှုရေးလုပ်ငန်းများ မှာလည်း စွန့်လွှတ်စွန့်စားသူများကို တွေ့နိုင်ပါတယ်။ စီးပွားရေး လုပ်ငန်း များမှာလည်း စွန့်စားသူအများအပြား ရှိကြပါတယ်။လမ်းဟောင်းကို စွန့်လွှတ် ကာစွန့်စားကြသူ စွန့်ဦးတီထွင်လုပ်ငန်း ရှင်(Entrepreneur)ဟု ခေါ်ဆိုသူများ အများအပြား ရှိပါတယ်။ ဥပမာ- မော် တော်ကားကို လိုင်းစနစ်ဖြင့် ထုတ်လုပ် မှုစတင် တဲ့ဟင်နရီဖို့ပေါ်ထွက်ပြီးနောက် ပညာရှင်များ၊ နိုဘယ်ဆုရ သိပ္ပံပညာ ရှင်များ အများအပြားရှိကြပါတယ်။ သို့သော်လည်း စီးပွားရေးလုပ်ငန်း များဟာ အခြားသော လုပ်ငန်းများနှင့် မတူကွဲပြားခြားနားသည်မှာ စွန့်စားမှုကို တတ်နိုင် သမျှ နည်းပါးအောင် ဆောင် ရွက်ရင်း အကျိုးအမြတ်ကို များနိုင်သမျှ များများ ရှာဖွေရမှာ ဖြစ်ပါတယ်။ ဆိုလို တာကသေချာရေ ရာသောလုပ်ငန်းများနဲ့ စီးပွားရှာကြခြင်းမှာ အများစုဖြစ်ပါ =တယ်။ စီးပွားရေးကို လုပ်ရာမှာ ကျွန်တော်တို့ဟာ အမြတ် အစွန်း သေချာမှုကို အဓိကထား လုပ်ဆောင်ကြသူ များသာ များပြားကြပါတယ်။ စီးပွားရေး လုပ်သူအများစုဟာ အမြတ် အစွန်း မသေ ချာသော အလုပ်များကို မစွန့်စား လိုကြပါ။ စီးပွားရေးလုပ်ငန်းဆိုတာနဲ့ ဝင်ငွေနဲ့ထွက်ငွေ၊ အကျိုးအမြတ်တို့ကို မသိလို့မ ရနိုင်ပါ။ နေ့စဉ်ငွေဝင် ငွေထွက် ရှိနေမှသာလုပ်ငန်းဆိုတာလည်ပတ်နေ တာမဟုတ်ပါလား။ ဝင်ငွေက ကုန်ကျ စရိတ်ထက် များနေဖို့ လိုတယ်ဆိုတာကို လူတိုင်းသိကြပါတယ်။ သို့သော်အမြတ် အစွန်းရရှိရေး တစ်ခုတည်းကို အမြဲ ဦး တည်ဆောင် ရွက်နေလို့ မရနိုင်ပါ။ မိမိတို့ရဲ့ ရေရှည်လုပ်ငန်းတည်တံ့ ခိုင် မြဲရေးအတွက် လက်ရှိမှာ ဈေးကွက် ကျယ်ပြန့်ရေး၊ ကြော်ငြာရေး၊ စက်ပစ္စည်း အသစ်အဆန်းများ တိုးချဲ့တပ် ဆင်ရေးစသဖြင့်ဆောင်ရွက်ရသည်မျိုး လည်းရှိပါတယ်။ မည်သို့ပင်ဆိုစေကာမူ စီးပွားရေး လုပ်ငန်းတော်တော်များများဟာ စွန့်စား မှု တစ်ခုလုပ်ဖို့ဆိုရင် တော်တော်စဉ်းစား ကြပါတယ်။ ခြေကုပ်မြဲမြဲရယူထားတဲ့ နေရာကနေလွှတ်ပြီး ရှေ့ကိုရွှေ့ဖို့၊ ဒါမှ မဟုတ်ခုန်ဖို့ ဆိုတာကိုစဉ်းစား တတ်စမြဲ ဖြစ်ပါ တယ်။ စဉ်းစားရင်းနဲ့ ချိန်ဆရင်း နဲ့ပင် တစ်သက်လုံး မပြောင်းလဲဘဲ လုပ် ကိုင်သွားတဲ့ စီးပွားရေးသမားများလည်း အများကြီးေ တွ့ ရပါတယ်။ တီထွင်ဆန်း သစ်ပြီး အဟောင်းကနေ ကောင်းမယ် ထင်တဲ့ အသစ်အဆန်းများ တီထွင် ကာ  ဈေးကွက် ထိုးေ ဖာက်ပြီး မိမိရဲ့လုပ်ငန်း ကို တိုးချဲ့သူများ ယနေ့ခေတ်မှာ အများ အပြား ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။ ကုမ္ပဏီကြီးများအနေနဲ့ မိမိတို့၏အမည်ကိုထိန်းသိမ်းနိုင်ရန် (Inno-vation)ဟူသောအသစ်အဆန်းတီထွင် မှုများဖြင့် ယှဉ်ပြိုင်နေကြတာကို Elect-ronic Company  များတွင် တွေ့နိုင်ပါ တယ်။ ကွန်ပျူတာကုမ္ပဏီများ၊ မိုဘိုင်း ဖုန်းကုမ္ပဏီများတွင် အထင်အ ရှားမြင် နေ ရပါတယ်။ယနေ့ဝယ်ယူပြီးတဲ့ပစ္စည်း ဟာမနက်ဖြန်မှာအဟောင်းဖြစ်သွားပြီ လို့ ပြောယူရအောင်ပင် ဆန်းသစ်မှုများ တီထွင်မှု များကို တွေ့နေရပါတယ်။ သို့ရာတွင် စီးပွားရေးသမားများအတွင်း စွန့်စားခြင်းအစစ်အမှန်မှာ မည်သည့် အရာဖြစ်ပါနည်း၊ သင်မည်သို့ထင်ပါ သလဲ။စီးပွားရေးသမားအတွက် စွန့်စား မှု အစစ်အမှန်မှာ ငွေကြေးရင်းနှီး မြုပ် နှံမှုကသာလျှင် အရေးကြီးဆုံး စွန့်စား မှု ဖြစ်ပါတယ်။ ကျေးလက်ဒေသ အသေးစား ကုန်ထုတ်လုပ်သူများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့တိုင်းဒေသ ကြီး အတွင်း ဖွဲ့စည်းထားသော ဆပ် ကော်မတီမှ တိုင်းဒေသကြီးရှိ လုပ်ငန်း ရှင်ကြီးများအား ဖိတ်ခေါ်ကာ ကျေး လက်ဒေသမှ အသေးစား ကုန်ထုတ် လုပ်ငန်းများအတွက် အဓိက လိုအပ် ချက်ဖြစ်သော အရင်းအနှီးငွေကြေး အတွက် ချေးငှားရေး လုပ်ငန်းများကို ဆွေးနွေးကြရာတွင် စီးပွားရေးလုပ်ငန်း ရှင်ကြီး တစ်ဦးက ပြောဖူးသည်မှာ မည်သည့်လုပ်ငန်းမဆို အရင်း အနှီး က တော့ လိုအပ်နေကြစမြဲ ဖြစ်ပါတယ်။ နည်းသည်များသည်သာ ကွာမယ်ထင် ပါတယ်။ လုပ်ငန်းကြီးသမား များလည်း အမြဲ လိုလို အရင်းအနှီးလိုနေပါတယ်လို့ ပြောဖူးပါတယ်။ မှန်ပါတယ်၊ စီးပွားရေးလုပ်ငန်း တိုင်းမှာ လုပ်ငန်း ရှင်သန်လည်ပတ်ရန် တိုးချဲ့ရန်၊ စက်ပစ္စည်းအသစ်များ တပ် ဆင် ရန်၊ ကြော်ငြာလုပ်ငန်း တိုးချဲ့ရန် စတဲ့အကြောင်းပေါင်းများစွာဖြင့် အရင်း အနှီး လိုအပ်ပါတယ်။ ယင်းအရင်းအနှီး တိုးချဲ့ထည့် သွင်းခြင်းဟာ လုပ်ငန်းရှင် အတွက် စွန့်စားမှုတစ်ခုဖြစ်ပါတယ်။ အရင်းအနှီး  ထည့်သွင်းမှု  များပြား လေလေ စွန့်စားမှုများေ လေ လဟုပင် အချိုးချ၍ ရနိုင်ပါတယ်။ ငွေကြေး အများအပြား အကုန်အကျခံမယ့် လုပ် ငန်းများပြုလုပ်ခြင်းများဟာ စွန့်စားခြင်း များ ပင်ဖြစ်ပါတယ်။ ငွေကြေး၊ အချိန်နှင့် အကျိုးအမြတ်အပေါ်မှာ စွန့််စားခြင်း ဖြစ်ပါတယ်။ ယင်းစွန့်စားမှုဟာ စွန့် စားသင့် သလား၊ဘယ်လိုအချိန် ၊ ဘယ် လို နေရာ ဘာအတွက်စွန့်စားသလဲ ဆိုတဲ့ရွေးချယ်မှု (CHOICE)ကလည်း အလွန် အရေးကြီး ပါတယ်။ ဘာကို ရွေး ချယ်မလဲဆိုတဲ့ဆုံးဖြတ်ရမှုDecision Making) ပြုလုပ်ရခြင်းကလည်း လုပ် ငန်းရှင်အတွက် အရေးကြီး ပါတယ်။ မိမိရဲ့ ကုန်စည်ကို စားသုံးသူအကြိုက် တွေ့မယ်၊ မတွေ့မယ်၊ မိမိကုန်စည် ရောင်းရမယ်၊ မရောင်းရမယ်ဆိုတဲ့  စွန့်စား မှု ကြီးဖြစ်ပါတယ်။ ယင်းစွန့်စားမှု အပြင် မိမိရဲ့ ငွေကြေးအရင်းအနှီး မလုံ လောက်လို့ ချေးငွေနဲ့ လုပ်ငန်း တိုးချဲ့ ခြင်းကို ဆောင်ရွက်မယ်လို့ ကြံစည်ခြင်း၊ ဆောင်ရွက်ခြင်းများဟာ စွန့်စားခြင်း နှစ်ထပ် ကွမ်း ဆောင်ရွက် တယ်လို့ပဲ ခေ ါ်နိုင် မယ် ထင်ပါတယ်။ ချေးငွေနဲ့ လုပ်ငန်းတိုးချဲ့မယ်လို့ စဉ်းစားတာနဲ့တစ်ပြိုင်နက် မိမိဘယ် လောက်ချေးမှာလဲ၊ အတိုးနှုန်း ဘယ် လောက်လဲ၊ ဘယ်ကာလထိချေးမှာလဲ၊ ဘယ်တော့ပြန်ဆပ်မှာလဲ၊ ဘယ်တော့ ပြန်ဆပ်နိုင်ပါ့မလဲ၊ ချေးငွေနဲ့ အကျိုး အမြတ်ယှဉ်ရင် ကာမိပါ့ မလားစတဲ့ အချက်များကို တွက်ချက် ကြည့်ရ တော့မှာ ဖြစ်ပါတယ်။ တစ်ဘက်က လည်း ငွေချေးပြီး မိမိရဲ့ရင်းနှီးမြုပ်နှံမှုမှာ ထည့်သွင်းပြီဆိုတာနဲ့ လုပ်ငန်းပမာဏ ပိုကြီးလာပြီ၊ အလုပ်များ များပြားလာပြီ၊ လုပ်ငန်းလည်ပတ်မှု များလာပြီ၊ တစ် ခြားသော ဆက်စပ်ကုန်ကျစရိတ်များလည်းတက်လာပြီ၊ ကဏ္ဍအသီးသီးမှာ ပိုပြီးလည်ပတ်မှုများလာပြီဖြစ်သကဲ့သို့ မိမိအတွက် ဖိအားများ ရင်ဆိုင်လာရမှာ ဖြစ်ပါတယ်။ယင်းဖိအားများကိုလုပ်ငန်း အတွက် တွန်းအားများအဖြစ် ပြောင်း လဲပစ်ကာ မိမိတို့အ တွက် မော င်းနှ င် အားများအဖြစ် ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းမှ အကျိုးအမြတ်များလည်း ပိုမို ရရှိလာစေနိုင်ပါတယ်။ ဆိုလိုတာက''စွန့်စားမှု များ လေလေ၊ အကျိုးအမြတ် များများ ရနိုင်လေလေ''ဟူသော ယူဆချက်ဖြစ် ပါတယ်။ သို့ဖြစ် လျှင် ငွေချေးငှားကာ လုပ်ငန်းတိုးတက်အောင် ချဲ့ထွင်ခြင်း ဟာ ကောင်းတယ်လို့ အဓိပ္ပါယ်ဆောင် ပါတယ်။မှန်ပါတယ်၊ မိမိ မှာေ ချးငွေ ပြန်ဆပ်နိုင်ရေးဟာ မောင်းနှင်အား တစ်ခု ဖြစ်လာလို့ လည်းကောင်း၊ အရင်းအနှီး များလာလို့လည်းကောင်း၊ ရင်းနှီးြ မု ပ်နှံ မှုအပေါ် ပြန်လည် ရရှိမှု (Return On Investment)ဟာတိုးတက်လာမှာ ဖြစ် ပါတယ်။သို့သော်ချေးငွေများမှာ ကာလ အကန့်အသတ်ပါဝင်တတ်လို့ ယင်း အကန့်အသတ်မှာဝင်အောင် မဖြစ် မနေ ကြိုးစားပါမှ တန်ရုံဖြစ်ပါတယ်။ ကာလတိုလေ အချိန်အတွက်စွန့်စားရမှုများပြားလေဖြစ်လို့ ချေးငွေများသည် ကာလရှည်ချေးငွေများဖြစ်မှသာ လုပ်ငန်းရှင်များ အတွက် ကောင်း ပါ တယ်။ လက် ရှိြ မန်မာနို င်ငံမှာ အသေး စား၊ အလတ်စား လုပ်ငန်းရှင်များ အား ချေးငွေများ ကိုလုံလုံလော က်လောက်ြ ဖစ် တဲ့အထိ ထုတ်ချေးပေးရန် အစိုးရမှ ကြံ ဆောင်နေချိန်မှာကျွန်တော်တို့လုပ်ငန်း ရှင်များအပိုင်း မှ ချေးေ ငွကြောင့် ဖြစ် ပေါ် လာမယ့်စွန့်စားခန်းများကိုကြိုတင် တွက်ချက်စဉ်းစားထားရမှာဖြစ်ပါတယ်။ ယခင်ခေတ်များကကဲ့သို့ အစိုးရ မှ ထုတ်ချေးေ ငွ များ အားလုံး အပေါင် ရရှိရေးကိုသာ မစဉ်းစားဘဲ  လုပ်ငန်း တိုးချဲ့ရေးမှာ အမှန်တကယ် သုံးစွဲနိုင်မှ သာ သတ်မှတ်ကာလ အတိုင်းအတာ အတွင်း ပြန်ဆပ်နိုင်မဲ့အပြင် မိမိတို့လုပ် ငန်းလည်း တိုးတက်လာမှာ ဖြစ်ပါ တယ်။ အထက်ကပြောသကဲ့သို့ စွန့် စားရမှုများလေလေ၊ အကျိုးအမြတ် ရနိုင်ချေ မြင့်လေလေဖြစ်သော်လည်း''ချေးငွေများလေလေ၊ စွန့်စားရမှုများ လေလေ၊ စွန့်စားရမှု များလေလေ၊ ဘေးအန္တရာယ်များလေလေ''ဟူ သော အချက်ကိုလည်း မမေ့မလျော့ ထည့်သွင်းစဉ်းစားရန် လိုပါတယ်။သို့ ဖြစ်သဖြင့် ချေးငွေများနဲ့ ရင်းနှီးမြုပ်နှံ မှုကို တိုးတက်အောင်ဆောင်ရွက်ရာမှာ စွန့်စားတဲ့အခန်း ကဏ္ဍ အား လောင်း ကစား သဖွယ်မစွန့်စားဘဲ သေချာရေရာ သော စွန့်စားမှုမျိုးဖြစ်စေရန်အတွက် နည်းစနစ်ကျကျ စွန့်စားမှုမျိုး ပြုလုပ် မှသာ စွန့်စားမှုများလေလေ၊ အကျိုး အမြတ်များများ ရနိုင်လေလေဟူသော အချက်ကို အကောင် အထည် ဖော်နိုင် မှာဖြစ် ပါတယ်။ သို့ဖြစ်လို့ ကျွန်တော် တို့လုပ်ငန်းရှင်များ အားလုံးဟာ ငွေ ချေးရမယ်၊ ရင်းနှီးမြုပ်နှံမှုတိုးချဲ့ရမယ်၊ ရင်းနှီးမြုပ်နှံမှု တိုးချဲ့ြ ခင်းဖြင့် စွန့်စား ရမယ်၊ ယင်းစွန့်စားမှုကို စနစ်တကျ တွက်ချက်ဆောင်ရွက်ရမယ်၊ ဤသို့ စနစ်တကျ တွက်ချက် စွန့်စားခြင်းြ ဖင့် နောက်ဆုံးမှာ အကျိုးအမြတ် များများ ရရှိ လာအောင် ဆောင်ရွက်နိုင်သော လုပ်ငန်းရှင်ကြီးအဖြစ်ကို ခံယူနိုင် မှာ ဖြစ် ပါတယ်။