Main menu

Background

ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အမျိုးသား စံချိန်စံညွှန်းအဖွဲ့များ

Wed, 07/23/2014 - 11:19 -- ydnar

၇.၆ အရောင်းမြင့်တင်ရေး အမျိုးသားစံချိန်စံညွှန်းအဖွဲ့တစ်ခုတွင်၎င်းကိုယ်တိုင်နှင့် သက်ဆိုင်သူများအား ပေးနိုင်သည့်၎င်း၏ထုတ်ကုန်နှင့် ဝန် ဆောင် မှုများကို အရောင်းမြှင့်တင်ရေးပြုလုပ်ရန် တာဝန်တစ်ခု ရှိသကဲ့သို့ စံချိန်စံညွှန်း၏ အကျိုးကျေးဇူး ကို မြှင့် တင်ရေး ပြု န်လည်း တာဝန်လည်း ရှိပါသည်။ ပုံနှိပ်မီဒီယာ သို့မဟုတ် တီဗီမှ ဆက်သွယ်မှုများ စံချိန်စံညွှန်းကိစ္စများကို အများပြည်သူ သတိပြုမှုများ မြှင့်တင်မှုများ၊ မီဒီယာနှင့် ကောင်းမွန်သော

ဆက်ဆံရေးတည်ထောင်မှုများသည် ထုံးစံအားဖြင့် ပြည်သူ့ ဆက်ဆံရေးမဟာဗျူဟာ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ တောင်းဆိုမှုရှိသော နေရာများတွင် စံချိန်စံညွှန်းပြဿနာများ နှင့် နီးစပ်သော စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ဆွေးနွေးပွဲများ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း အစည်းအဝေး များနှင့် ဆက်စပ်သောဆွေးနွေးပွဲများကို ဒေသ ဆိုင်ရာအခြေခံဖြင့်ပင် စီစဉ်နိုင်ပါသည်။ အချို့အမျိုးသားစံချိန်စံညွှန်း အဖွဲ့များသည် စိတ်ပါ ဝင် စားမှုကိုဆွဲဆောင်သည့် အစီအစဉ်တစ်ခုအဖြစ် အဖွဲ့ဝင် ကြေး နှင့် စာရွက်စာတမ်းပုံမှန်မှာယူကြေးစည်းမျဉ်းဖြင့်ပင် လည်ပတ် နေ ကြပါသည်။ ထုံးစံအားဖြင့် အဖွဲ့ဝင် စက်မှု လုပ်ငန်း တစ်ခု မှ နှစ်စဉ်ကြေးထည့်ဝင်ပြီး အမျိုးသားစံချိန်စံညွှန်းအဖွဲ့မှ စံချိန် စံညွှန်းများ သို့မဟုတ်  ၎င်းင်းကပေးနေသည့် အခြား ဝန်ဆောင်မှု များကို အပြန်အလှန်အနေဖြင့် ဈေးလျှော့ပေးကြပါသည်။ ယင်းအစီအစဉ်များသည် နှိုင်းယှဉ်မှုအရ စံချိန်စံညွှန်း ၏ ရောင်းဈေးနှု န်းနည်းသော၊ စက်မှုလုပ်ငန်းများ၏ ဝယ်လိုအား ဖြင့် ရပ်တည်နိုင်သည့် အခြေအနေတစ်ခုပြုလုပ်ရန် လုံ လောက်မှုမရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ယေဘုယျအားဖြင့် အောင်မြင်မှုမရရှိပါ။ မည်သို့ပင် ဆိုစေကာမူ ပါဝင်ကြေး အခြေခံသည့်စံချိန်စံညွှန်းများ တိုးတက်အဆင့်မြှင့်ရေး အစီအစဉ်မှာ စီးပွားရေးအရ အောင်မြင်နိုင်ပြီး စက်မှုလုပ်ငန်းများ အတွက်တန်ဖိုးရှိသော ဝန်ဆောင် မှုများ ပေးနိုင်ပါသည်။ အမျိုးသားစံချိန်စံညွှန်းအဖွဲ့အတွက် ရည်စူးထုတ်လွှင့် ထားသည့် လှုပ်ရှားမှုပုံမှန်ရှိပြီး ပုံမှန်သတင်း အချက် အလက် မြှင့်တင်ေ ပးသည့် ဝက်ဘ်ဆိုက်တစ်ခုသည် အကောင်းဆုံး အရောင်းမြှင့်တင်ရေးကိရိယာတစ်ခုဖြစ်ပြီး အများ ပြည် သူ သဘောထားစုံစမ်းရန်အတွက်စံချိန်စံညွှန်းမူကြမ်းများနှင့် စံချိန် စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အစီအစဉ် (စံချိန်စံညွှန်း များ ရေးဆွဲပြင်ဆင်၊ လက်ခံကျင့်သုံး၊ အသုံးပြုမှုအတွက် ကျင့်စဉ် ကောင်းသတ်မှတ်ချက်)တစ်ခုကို ရိုက်နှိပ်ဖြန့်ချိရန်စသည့် အထွေထွေ ဖွံ့ဖြိုးတိုးတက်မှုများကို အများပြည်သူ သိအောင် တင်ပြနိုင်မည့် အရိုးရှင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါသည်။ ၇.၇     ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ကုန်သွယ်ရေးတွင် နည်းပညာအတားအဆီးဆိုင်ရာ စုံစမ်းရေးဌာန အမျိုးသားစံချိန်စံညွှန်း အချက်အလက်ဌာနတစ်ခု အတွင်းသို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ကုန်သွယ်ရေးတွင် နည်း ပညာအတားအဆီးဆိုင်ရာ စုံစမ်းရေးဌာနတစ်ခုကို ဖြစ်နိုင် သော ပေါင်းစပ်ထည့်သွင်းမှုနှင့် ပတ်သက် သည့် ပြဿနာ များမှာ ယခုစာတမ်း၏နယ်ပယ်ထက် ကျော်လွန်နေပြီး အထူး သင်တန်းနှင့် သတင်းအချက်အလက်များ လိုအပ်ပါသည်။အပိုင်း ၈ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာဆက်ဆံရေး၈.၁  ဖွံ့ဖြိုးတိုးတက်မှုများကို စောင့်ကြည့်စစ်ဆေးမှု လုပ်  နေရန် လိုအပ်ခြင်း အမျိုးသားစံချိန်စံညွှန်းအဖွဲ့တစ်ခုသည် အပြည်ပြည်ဆိုင် ရာ လုပ်ငန်းများတွင် တက်<ကစွာပါဝင်မှု မပါဝင်မှုနှင့် မသက် ဆိုင်ဘဲ နိုင်ငံအတွက် အကျိုးစီးပွားရှိနိုင်သည့် နည်းပညာ စံချိန်စံညွှန်းများ နယ်ပယ်တွင် အပြည်ပြည်ဆိုင်ရာနှင့် ဒေသ ဆိုင်ရာ ၏ ဖွံ့ဖြိုးတိုးတက်မှုများကို စောင့်ကြည့်နိုင်ရန် လိုအပ်ပါ သည်။ ယင်းသို့လိုအပ်ရသည်မှာ နိုင်ငံ၏ ကုန်သွယ်ဖက် များသည် ၎င်းတို့နှင့်သက်ဆိုင်သော နယ်ပယ်များတွင် စံချိန် စံညွှန်းသစ်များ ဖွံ့ဖြိုးတိုးတက်မှုကို လိုက်နာရလိမ့်မည်ဖြစ်ပြီး နည်း ပညာနှ င့် ဈေးကွက်ဖွံ့ဖြိုးမှုနှင့် ခြေလှမ်းမီလိုက်နိုင်ရန် အမျိုးသား သို့မဟုတ် ဒေသဆိုင်ရာစံများကိုအပြည်ပြည်ဆိုင်ရာ စံများကို လက်ခံ ကျင့်သုံးခြင်းဖြင့် (ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့က ပိုမိုလိုလားသောလမ်းကြာင်း) သို့မဟုတ် အခြားနည်းလမ်းဖြင့် တည်ထောင်ရန် လိုအပ်လိမ့်မည်ဖြစ်သောကြောင့် ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ရေးတွင် ဖွံ့ဖြိုး တိုးတက်မှုကို လျစ်လျူရှုခြင်းသည် သက်ဆိုင်ရာ ထုတ်ကုန်၏ အနာဂတ်၌ ဖြစ်နိုင်သည့်ကုန်သွယ်ရေးအပေါ် နိုင်ငံ့အခွင့်အလမ်းနှင့် စပ်လျဉ်း၍ မရေရာဘဲ ကြိုတင်ရမ်းဆဆုံးဖြတ်မှု ဖြစ်ပါသည်။ ယင်းသို့စောင့်ကြည့်နိုင်မှုသည် စံချိန်စံညွှန်း ထုတ်ပေးသော သို့မဟုတ် တက်ကြွစွာရေးဆွဲ၊ ကျင့်သုံးသော နိုင်ငံအပေါ်မူတည်၍ ပုံစံအမျိုးမျိုးဖြင့်ရှိနိုင်သည့် အပြည်ပြည် ဆိုင်ရာနှင့် ဆက်သွယ် ညှိနှိုင်း ရန် လိုအပ်မှုအထိ ပါဝင်ပတ် သက်မှုရှိလာပါသည်။၈.၂     အပြည်ပြည်ဆိုင်ရာ ပါဝင်ဆောင်ရွက်မှုအတွက်လိုအပ်သော အရင်းအမြစ်များ နိုင်ငံတစ်ခုသည် အပြည်ပြည် ဆိုင်ရာ စံချိန်စံညွှန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် တက်<ကစွာပါဝင်ရန် ဆုံးဖြတ်သော အခါ အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းမူကြမ်းများနှင့်မဲပေးရန် မေတ္တာရပ်ခံမှုများလမ်းကြောင်းရရန်၊ အပြည်ပြည်ဆိုင်ရာ စံ ကော်မတီနှ င့် စောင့်ကြည့်ကော်မတီအကြား သဘောထား မှတ်ချက်အပြန်အလှန်ပေးရန်၊ ပြည့်စုံသောမှတ်တမ်းများထိန်း သိမ်းရန်တို့ အတွက်၎င်း၏အမျိုးသားစံချိန်စံညွှန်းအဖွဲ့ အတွက် စောင့်ကြည့် ကော်မတီကို တည်ထောင်ထိန်းသိမ်း ရန် လိုအပ်လိ မ့်မည်ြ ဖစ် ပါသည်။အမျိုးသားစံချိန်စံညွှန်းအဖွဲ့တွင်လိုအပ်သောအရင်းအမြစ်များသည် တစ်ဦးချင်း သုံးစွဲမှုအပေါ်မူတည်၍ အမျိုး မျိုးပြောင်းလဲမှုရှိနိုင်သည် ဖြစ် ရာISO နှင့်IECဆိုင်ရာအလုပ်များကို အချိန်ပြည့် ပေါင်း စပ်ဆောင်ရွက်သည့် အခါ ISO နှင့်IEC ရုံးခန်း များ သီးခြား စီ ဖန်တီးထားသဖြင့် လူအများအပြားကို အလုပ်ခန့်ထား ရ သည်ထက် ပိုနည်းပါသည်။ နိုင်ငံတစ်ခုသည် နည်းပညာ အမြင်အရ တက်<ကစွာ ပါဝင်ဆောင် ရွက်မှုမရှိသော နိုင်ငံဖြစ်လျှင်ပင် (ဥပမာ- ISO တွင် စာပေးစာယူ သို့မဟုတ် စာရွက်စာတမ်းကြေးပေးသည့် အဖွဲ့ဝင်ဖြစ်စေ၊IEC တွင်တွဲဖက်အဖွဲ့ဝင်သို့မဟုတ် အထောက် အကူပြု အဖွဲ့ဝင်ဖြစ်စေ) မိမိဒေသရှိစက်မှုလုပ်ငန်းများကို သတင်းပေးနိုင်ရန်နှင့် အမျိုးသားစံများ တည်ထောင်သည့် လုပ်ငန်းကို သင့်ေ တာ်ေ သာအဆင့်ဖြင့် အထောက်အကူ ပြု နိုင်ရန်၎င်းင်း၏သက်ဆိုင်သူများက စိတ်ပါဝင်စားမှုရှိသည့် နယ် ပယ်တွင် စံမူကြ မ်းများ တဖြည်းဖြည်းတိုးတက်မှုအခြေအနေ မှတ်တမ်းကို သိရှိလာနိုင်ပါသည်။ ISO နှင့်IEC အကြား ဆက်သွယ်မှုပုံစံနှင့် ၎င်းင်းအတွက် လိုအပ်သော အရင်းအမြစ်များသည် တာဝန်ခံ ဆောင်ရွက် သည့် လှုပ်ရှားမှုအဆင့်ပေါ် မူတည်မည်ဖြစ်ပါသည်။ အဖွဲ့ကြီး နှစ်ဖွဲ့လုံးတွင် ယခုအခါ အီလက်ထရောနစ်မဲပေးစနစ် စတင် အသုံးပြုလာမှုကြောင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများတွင် အဆင် သင့်မရှိနိုင်သေးသည့် အိုင်တီအခြေခံအဆောက်အအုံနှင့် ဆက်သွယ်ရေးဆိုင်ရာ အဆင့်အတန်းတစ်ခုရှိရန် လိုအပ်လာ ပါသည်။  အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း အစည်း အဝေးများ (နည်းပညာကော်မတီ၊ ဆပ်ကော်မတီ၊ လုပ်ငန်းအဖွဲ့ စသည့်) သို့ အပြည်ပြည်ဆိုင်ရာ စံချိန် စံညွှန်းစာသားများတွင် လွှမ်းမိုး မှုရစေရန်အတွက်အမျိုးသားကိုယ်စားလှယ်များကို စေလွှတ်ရ သည်မှာ ကုန်ကျစရိတ်များသဖြင့် ရရှိနိုင်သော အရင်းအမြစ် ကို သက်ဆိုင်ရာနိုင်ငံ၏ စီးပွားရေးအတွက် အသက်ရောက် ဆုံးနှင့်အထိရောက်ဆုံးဖြစ်သည့် ဦးတည်သော နယ်ပယ်၌ သာ အသုံးပြုရမည်ဖြစ်ပါသည်။ဘဏ္ဍာရှာဖွေခြင်းနှင့် အတည် ပြုခြင်းလုပ်ငန်းစဉ်သည် နှစ်စဉ်နှစ်ဦးတွင် အရင်းအမြစ်များ အသုံးပြုရမည့် နယ်ပယ်ကို မီးမောင်းထိုးပြရန်လိုအပ်ပါသည်။ နိုင်ငံအများအပြားတွင် ယင်းလှုပ်ရှားမှုများ နည်းလမ်း တကျ ဖြစ် ရန် လုံလောက်သော ဘဏ္ဍာငွေရှာဖွေရာတွင် အစိုးရ၏ အခန်းကဏ္ဍလိုအပ်ပါသည်။၈.၃ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်း သတ်မှတ်ရေး လုပ်ငန်း တွင် ပါဝင်မှုမှ တစ်ဆင့် ဒေသတစ်ခုအတွင်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံ များသည် ဒေသတွင်းတွင်အမျိုးသားရေးအနေအထားတည် ထောင်နိုင်ပြီး အပြည်ပြည်ဆိုင်ရာ အဝန်းအဝိုင်းတွင် ဒေသ ဆိုင်ရာ အနေအထားကို ကာကွယ်နိုင်သည့်အကျိုး ရှိနိုင်ပါ သည်။ ယင်းသို့ပြုလုပ်ရန် ဒေသဆိုင်ရာအဆင့်တွင် စီမံကိန်း ရေးဆွဲခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပူးတွဲ ဆောင်ရွက် ခြင်း လိုအပ်ပါသည်။ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း အစည်းအဝေးများ လက်ခံကျင်းပရေးမှာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအတွက် ကုန်ကျ စရိတ်များေ သာ အခမ်းအနား တစ်ခုဖြစ်ပါသည်။ မည်သို့ပင် ဆိုစေကာမူ ယင်းအစည်းအဝေးများ အိမ်ရှင် အဖြစ်လက်ခံ ခြင်းမှမိမိဒေသရှိ စက်မှုလုပ်ငန်းများအတွက်ရရှိသောအကျိုး ကျေးဇူးမှာမခန့်မှန်းနိုင်အောင်ပင် များပြားပါသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုသည် အဆိုပါ အစည်းအဝေးမျိုးကို အိမ်ရှင် အဖြစ် လက်ခံရန် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ရေးကို စဉ်းစားသည့်အခါ တွင် ဒေသတွင်းရှိ အခြား စံချိန်စံညွှန်းအဖွဲ့များအားဘဏ္ဍာ ငွေအားဖြင့်အကူအညီပေးရန်တိုက်တွန်းခြင်းနှင့် ယင်းအစည်း အဝေးသို့ တက်ရောက် လာကြမည့် အပြည်ပြည်ဆိုင်ရာ ကျွမ်း ကျင်သူများကို မိမိနိုင်ငံအတွင်းရက်ပိုနေခဲ့ပြီး ၎င်းင်းတို့၏ အချိန် များကို မိမိဒေသရှိ စက်မှုလုပ်ငန်းကိုယ်စားလှယ်များအား ဗဟုသုတများ ဖြန့်ဝေပေးရန် မေတ္တာရပ်ခံခြင်းနှင့် အစည်း အဝေးနှင့် အတူတွဲ၍ ဒေသဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲပြု လုပ်နိုင်ရေးအတွက် စည်းရုံးစီစဉ်ခြင်းမှာ အလုပ်ဖြစ်သည့် မဟာဗျူဟာေ ကာင်း တစ်ခုဖြစ်ပါသည်။ယင်းသို့သော သဘာ၀ ရှိသည့် အလုပ်ရုံဆွေးနွေးပွဲများသည် တစ်ခါတစ်ရံ အမြတ် အစွန်းဖြင့်ပင် လည်ပတ်နိုင်ပြီးတစ်ချိန်တည်းတွင် အစည်း အဝေးအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ကုန်ကျစရိတ်ကို သက်သာေ စပြီး ဒေသ တွင်းရှိ စက်မှုလုပ်ငန်းအဖွဲ့ဝင်များကို ကမ္ဘာ့ကျွမ်းကျင်သူများနှင့် ထိတွေ့ဆက်ဆံခွင့် ရစေပါသည်။ ရေးသားထားသော စံချိန် စံညွှန်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံ များသို့ နည်းပညာလွှဲပြောင်းရေးအထောက်အကူပြုနိုင်ရုံ သာ မက စံချိန်စံညွှန်းရေးဆွဲြ ခင်း လုပ်ငန်း စဉ်မှ ခြေကုပ်အားကို ရရှိစေပါသည်။ မိမိဒေသသို့မဟုတ် ဒေသဆိုင်ရာစက်မှုလုပ်ငန်းများနှင့် အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီများ၏ ဒေသ ရုံးခွဲမှ ထောက် ပံ့ ကြေးပေးမှုများသည် ထိရောက်မှုရှိကြောင်း သက်သေပြနိုင် သဖြင့် စီးပွားရေး ကြော်ြ ငာနှင့် အရောင်းမြှင့် တင်မှုများကို သဘာဝကျသော အကန့်အသတ်အတွင်းတွင် ထားပေးနေ ရခြင်း ဖြစ်ပါ သည်။ဆက်လက် ဖော်ပြပါမည်။