Main menu

Background

မြန်မာနိုင်ငံ၏Ease of Doing Business Ranking တိုးတက်လာစေရေးအတွက် ဆွေးနွေးပွဲကျင်းပ

Tue, 07/29/2014 - 07:15 -- ydnar

ပုဂ္ဂလိကကဏ္ဍပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ၊MDRIနှင့် သြစတြေးလျအမျိုးသားတက္ကသိုလ်တို့ပူးပေါင်း၍ မြန် မာနို င်ငံပြောင်းလဲဖွံ့ဖြိုး တိုးတက်ရေး တွင် ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၄ခုနှစ် ဇူလိုင်လ ၂၆ရက်ေ န့တွင်   အင်းယားလိတ်ဟိုတယ်၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ သို့

သမ္မတရုံးဝန် ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုတိုးတက်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် ပုဂ္ဂလိက ကဏ္ဍ ပြောင်းလဲဖွံ့ ဖြိုးတိုးတက်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင် ရာဆပ်ကော်မတီဥက္ကဋ္ဌ အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့ သိန်း၊ နိုင်ငံတော်သမ္မတ၏ အကြံပေး ပုဂ္ဂိုလ် ဒေါက်တာဇော်ဦး၊ သြစတြေးလျ အမျိုးသားတက္ကသိုလ်   Professor Peter Drysdale ဦးဆောင်သည့်ပညာ ရှင်များ၊ ဌာနဆိုင်ရာ အရာရှိ ကီးများ ၊MDRI မှတာဝန်ရှိသူများ၊ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။အလုပ်ရုံဆွေးနွေးပွဲတွင်သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းမှ အဖွင့်အမှာစကား ပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ဖွံဖြိုးတိုးတက်နိုင်မှုအလား အလာများနှင့်ပတ်သက်၍ ခြုံငုံသုံး သပ် ခြင်း၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းများ၊ မူဝါဒများနှင့် အခြေခံလိုအပ်ချက်များ၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖြေ လျော့မှုများနှင့် စီးပွားေ ရးလုပ်ဆောင်ရာတွင် အဆင်ပြေလွယ်ကူ ချောမွေ့စေ ရေးအတွက် အထူးအကြံပြုချက်များ စသည့်အပိုင်း (၄)ပို င်းဖြင့် ေ ဆွးနွေး  ခဲ့ကြ ကြောင်းသိရှိရပါသည်။ အဆိုပါဆွေးနွေးချက်များအပေါ် ပြည်သူများ စီးပွားရေးလုပ်ငန်းများ လုပ် ကိုင်ရာတွင် ပိုမိုအဆ င်ပြေလွယ် ကူစေ ရေးနှင့် မြ န် မာနို င်ငံ၏Ease of Doing Business Ranking တိုးတက် လာစေရေးတို့အတွက်သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဇူလိုင်လ ၂၇ ရက်နေ့တွင်UMFCCIအစည်းအဝေး ခန်းမ၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရှိရ ပါ သည်။