Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အရာထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၁၄)သင်တန်းဖွင့်ပွဲကျင်းပ

Tue, 07/29/2014 - 07:35 -- ydnar

 
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ အရာထမ်းများ စွမ်း ဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ် စဉ်(၁/၂၀၁၄) သင်တန်းဖွင့်ပွဲ အခမ်း အနားကိုဇူလိုင်လ၂၁ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စုပေါင်းခန်းမ၌ကျင်းပပြုလုပ်ရာစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်း တက်ရောက် အမှာစကားပြောကြားသည်။

ဒုတိယဝန်ကြီးက အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ပြုပြင် ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave)လုပ် ငန်းစဉ်(၁)ဖြစ်သည့် ပြည်ထောင်စုဝန် ကြီးဌာနအလိုက် အရာထမ်းများ စွမ်း ဆောင်ရည်မြှင့်တင်ရေး သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရန် လမ်းညွှန်ချက် အရ  ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် သမားရိုးကျ ဘာသာရပ် များသင်ကြားပေးမည်မဟုတ်ဘဲ နိုင်ငံ တော်အစိုးရသစ်လက်ထက် ပြုပြင် ပြောင်းလဲဆောင်ရွက်ခဲ့မှုအခြေအနေ များကိုဝန်ထမ်းများအနေဖြင့် တာဝန် သိမှု၊ တာဝန်ယူမှုဖြင့် ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲဆောင်ရွက်နို င်ရန် အတွက် ခေါင်းဆောင် မှုနှင့် စီမံခန့်ခွဲအုပ်ချုပ်မှု ဘာသာရပ်၊ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန်အတွက် အဓိက လိုအ ပ်ေ သာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘာသာရပ်၊ အခြားသက်ဆိုင်ရာဝန်ကြီး ဌာနများမှ ကျွမ်းကျင်ပညာရှင်များဖြင့် အရာထမ်းများ သိသင့်သိထိုက်သည့် ဘာသာရပ်များကို ထည့်သွင်းသင်ကြား ပို့ချသွားရန်အတွက်စီမံထားရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ လည်းအလယ်အလတ် အဆင့်အရာထမ်းများအားဌာနတွင်းသင်တန်းများ တက်ရောက်စေခြင်း၊ ပြည်တွင်းြ ပည် ပ ဆွေးနွေးပွဲ များသို့ တက်ရောက်စေခြင်း၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ဆက်သွယ်၍ ဆွေးနွေး ပွဲများ သင်တန်းများ တက်ရောက် စေ ခဲ့ပါကြောင်း ပြောကြားပါသည်။ အဆိုပါ သင်တန်း၌ အလယ် အလတ်အဆင့်အရာထမ်းသင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၂၆)ဦး တက် ရောက် မည်ဖြစ်ပြီး သင်တန်းကာလာ မှာရက်သတ္တ(၄)ပတ်ကြာမြင့်မည်ဖြစ် ကြောင်းသတင်းရရှိသည်။