စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နွေစပါး ၄၈ ဒသမ ၇၃ ရာခိုင်နှုန်းကျော် ရိတ်သိမ်းပြီး

 
စစ်ကိုင်းတိုင်းဒေသကြီးမှာ နွေစပါး ကို ဧက ၃ ဒသမ ၆၇ သိန်းစိုက်ပျိုးခဲ့ပြီး၊ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်အထိ ဧက ၁ ဒသမ ၇၉ သိန်းရိတ်သိမ်းနိုင် ခဲ့တဲ့ အတွက် ရာခိုင်နှုန်းအားဖြင့် ၄၈ ဒသမ ၇၃ ရာခိုင်နှုန်းကျော်ရိတ်သိမ်းပြီး သွားကြောင်း သိရ ပါတယ်။ နွေစပါးကို မော်လိုက်၊ ခန္တီး၊ တမူး၊ ယင်းမာပင်၊ ကသာ၊ စစ်ကိုင်း၊ မုံရွာ ခရိုင်များမှာ စိုက် ဧက သုည ဒသမ ၆၈ သိန်းစိုက်ပျိုးပြီး ရွှေဘိုခရိုင်မှာ ဧက ၂ ဒသမ ၉၈ သိန်း စိုက်ပျိုးနိုင်ခဲ့ကာယခင်နှစ်ထက်စိုက်ဧက ၂ သိန်းနီးပါး ပိုမိုစိုက် ပျိုးနိုင်ခဲ့ကြောင်း သိရပါတယ်။ ရွှေဘိုခရိုင်မှာ နွေစပါး အဖြစ် V2 474 စိုက်ဧက သုည ဒသမ ၄၆ သိန်း၊ ပုလဲသွယ်စိုက်ဧက သုည ဒသမ ၈၇ သိန်း၊ ရွှေသွယ်ရင်စိုက်ဧက ၂ သိန်းကျော်၊ ဆင်းသွယ်ရင် စပါး စိုက်ဧက သုညဒသမ ၂၅ သိန်းကျော် စိုက်ပျိုး ခဲ့ကြောင်းသိရှိရပါတယ်။

ယခုနှစ် ဒေသတွင်း လုပ်သားရှား ပါးမှုကြောင့် လုပ်သားခအနေနဲ့ နံနက် ၇ နာရီမှ နေ့လည် ၁ နာရီ အထိလုပ်ခ အမျိုးသမီး တစ်ဦး ၂၅၀၀ ကျပ်၊ အမျိုး သားတစ်ဦး ၃၀၀၀ ကျပ်အထိ ဈေးမြင့် တက်ခဲ့ပြီး လုပ်သားများကို ကြိုပို့စနစ်နဲ့ ငှားရမ်းနေရကြောင်း သိရှိရ ပါတယ်။ ဒေသတွင်း လုပ်သားခမြင့်တက်မှု၊ လုပ်သားရှားပါးမှုပြဿနာများကို ဖြေ ရှင်းနိုင်ရန် ဝက်လက်မြို့နယ်မှာ ဧရာ ဝတီတိုင်းမှ ရိတ်သိမ်းချွေလှေ့စက် ၆ လုံးကို မှာယူငှားရမ်းခဲ့ပြီး၊ တစ်ဧကကျပ် ၅၅၀၀၀၀ ကျပ်နဲ့ ရိတ်သိမ်းချွေလှေ့နေ ပြီဖြစ်ကြေင်း သိရှိရပါတယ်။ စပါးဈေး၊ ဆန်ဈေးအနေနဲ့ ၇၄၇ စပါးတစ်တင်း ၄၀၀၀ ကျပ်၊ ၄၂၀၀ ကျပ်၊ ဆန်တစ်အိတ် ၁၅၅၀၀ ကျပ်၊ ၁၆၀၀၀ ကျပ်၊ အသွယ်စ (ရွှေသွယ်ရင်) စပါးတစ်တင်း ၃၈၀၀ ကျပ်၊ ၄၀၀၀ ကျပ်၊ ဆန်တစ်အိတ် ၁၇၅၀၀ ကျပ်၊ ၁၈၀၀၀ ကျပ် ဈေးပေါက်နေပြီး ယခင် နှစ် ကာလတူက ၇၄၇ စပါးတစ်တင်း ၄၈၀၀ ကျပ်၊ ၄၉၀၀ ကျပ်၊ရွှေသွယ်ရင် စပါးတစ်တင်း ၄၇၀၀ ကျပ်၊ ၄၈၀၀ ကျပ် ဈေးရှိခဲ့ကြောင်း သိရှိရပါတယ်။