၂၀၁၅ခုနှစ်မှ စပြီး ကိုရီးယားနိုင်ငံ ဆန်ဈေးကွက်ဖွင့်မယ်

 
တောင်ကိုရီးယားနိုင်ငံက လာမယ့် နှစ်မှာ ဆန်ဈေးကွက်ဖွင့်တော့မယ်လို့ သိရပါတယ်။ ဆန်ဈေးကွက်ဖြေလျှော့ မှုကို ရွှေ့ ဆိုင်းခြင်း အတွက် အတိုး အလျှော့လုပ်ခဲ့တဲ့ဆန်ပိုမိုတင်သွင်းဖို့က ကုန်ကျစရိတ် ပိုမိုကြီးမားတာဟာ ရှင်း ပါတယ်လို့ စိုက်ပျိုးရေးဝန်ကြီးLee Dong-phil က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့က ပြောကြားတယ်လို့ သိရပါ တယ်။ ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) နဲ့ ၁၉၉၄ သဘောတူညီချက်အရ ၎င်းင်းရဲ့ဆန်ဈေး ကွက်ဖွင့်ဖို့ ကတိပြုထားခဲ့တာဖြစ်ပါ တယ်။

ဒါပေမဲ့ ဆန်ဟာကိုရီးယားနိုင်ငံရဲ့အဓိကစားနပ်ရိက္ခာဖြစ်လို့ ၎င်းရဲ့ဆန် တင်သွင်းမှုခွဲတမ်းကို တဖြည်းဖြည်း တိုး မြှင့်ဖို့ အတုံ့အလှယ်အနေနဲ့ နှစ် ၂၀ကြာ သက်တမ်းနောက်ဆုတ်ဖို့WTO က ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ သက် တမ်းတိုး ကာလဟာ ယခုနှစ်ကုန်မှာ ပြည့်တော့မယ်လို့ သိရပါတယ်။ နိုင်ငံ စုစုပေါင်းဆန်စားသုံးမှုရဲ့ ၁၀ရာခိုင်နှုန်း နီးပါးမြင့်တက်စေတဲ့ ယခုနှစ် ဆန်တန် ချိန် လေးသိန်းကျော်သွင်းကုန်ခွဲတမ်း ဟာ အထူးသဖြင့် နိုင်ငံအတွင်း ဆန် စားသုံးမှု ဆက်လက်ကျဆင်း တာကြောင့် နိုင်ငံရဲ့ ဆန်ဈေးကွက်အပေါ် ကြီးလေး တဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်ခဲ့တယ်လို့ လည်း ဝန်ကြီးက ပြောကြားပါတယ်။ အကယ်လို့သာ အစိုးရကနောက် ထပ် ဆိုင်းငံ့ဖို့ အတွက်WTO ကို တောင်းဆိုခဲ့မယ်ဆိုရင် ဆန်တင်သွင်း ခွဲတမ်းဟာ လာ မယ့်နှစ်မှာ နှစ်ဆထိ ဖြစ်လာဖွယ်ရှိတယ်လို့ဆိုပါတယ်။ အစိုးရက ပြည်ပကဆန်အပေါ် သွင်းကုန်ခွန်အမြင့်နဲ့စည်းကြပ်ခြင်းဖြင့် နိုင်ငံဆန်ဈေးကွက်ကို ကာကွယ် မယ်လို့ ပြော ကြားပေ မယ့် သိသာတဲ့ အရေ အတွက်ကို အထောက်အပံ့မဖြစ်ဘူးလို့ ဆိုပါတယ်။ အချို့သောပညာရှင်တွေ က အကောက် ခွန်နှုန်း ဟာ ၄၀၀ ရာခိုင် နှုန်းဝန်းကျင်ကို ကျဆင်းနိုင်တယ်လို့ မျှော်မှန်းကြပါတယ်။  အဲဒီအခွန်နှုန်း ထားက ကိုရီးယားဆန် ဟာ ဈေးနှုန်း တစ်ဝက် သာကုန်ကျနိုင်တဲ့ ဒါမှမဟုတ် ဒီထက်ဈေးနှုန်းလျော့နိုင်တဲ့ ၎င်းင်းရဲ့ ယှဉ် ပြိုင်ဖက် တရုတ် ဒါမှမဟုတ် အမေရိ ကန်ဆန်တွေကို ဈေးနှုန်းအရ ယှဉ်ပြိုင် နိုင်ဖို့လုံလောက်မယ်လို့လည်း ၎င်းင်းတို့က ဆိုပါတယ်။ အစိုးရက ကြေငြာချက်ထုတ်ပြန်ခဲ့ ပြီးတဲ့နောက်မှာ ကိုရီးယားလယ်သမား များခေါင်းဆောင်တဲ့ ဆန့်ကျင် မှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အစိုးရက ဆန်နဲ့ပတ်သက်တဲ့ နိုင်ငံရဲ့အခွန်နှုန်း ထားကိုသတ်မှတ်ဖို့နဲ့ ယခုနှစ်စက်တင် ဘာလမှာWTO မှ အတည်ပြုချက်ရရှိ ဖို့လည်း စီစဉ်နေတယ်လို့သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းဆန် လုပ်ငန်း အပေါ် ကျေး လ က်ေ ဒသ မိသားစုဝင်ငွေတည် ငြိမ်စေမယ့် အာမခံအစီအစဉ်မှတစ် ဆင့် ထောက်ပံ့မှုတွေပေးဖို့လည်း ချ မှတ်ထားတယ်လို့ သိရပါတယ်။